အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဗိုလ်နဂါး ဘက်ပြောင်းမှုနောက်ဆက်တွဲ ပုလဲနယ် စစ်ရေးအန္တရာယ်

“စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်ရေးလှုပ်ရှားခဲ့တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ခေါင်းဆောင် ဗိုလ်နဂါးဆိုသူဟာ စစ်တပ်နဲ့ပူးပေါင်းသွားတာကြောင့် အဲ့ဒီဒေသ နယ်မြေလုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာပါတယ်။ 

နိုင်လင်း(ခ) ဗိုလ်နဂါးဟာ ဒေသတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တည်နေရာအပါအဝင် လှုပ်ရှားမှုအားလုံးကို အတွင်းကျကျသိရှိသူဖြစ်တာကြောင့် လုံခြုံရေး အထူးသတိထားပြီး နေရတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ 

ပုလဲမြို့နယ်က ဗိုလ်နဂါးရဲ့ စခန်းတွေကို ဖေဖော်ဝါရီလ ၁၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ PDF တပ်ရင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး နောက်တစ်ရက်အကြာမှာ ဗိုလ်နဂါးက စစ်တပ်ဆီမှာ လက်နက်ချပြီး ဘက်ပြောင်းသွားတာပါ။ 

ဗိုလ်နဂါးဟာ မိသားစုဝင်တွေနဲ့အတူ လက်နက်ချပူးပေါင်းလာတဲ့အကြောင်း စစ်တပ်ကလည်း ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။ 

ဗိုလ်နဂါးနဲ့ တပ်ဖွဲ့ဝင်တချို့ဟာ လူသတ်မှု၊ မုဒိမ်းမှုအပါအဝင် တိုင်တန်းချက် ၇ခုကြောင့် ဖမ်းဆီးအရေးယူဖို့ စီးနင်းခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထဲရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button