အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဦးခင်ရီ ဘယ်လိုလူစားမျိုးလဲ

အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲအပြီးမှာ ဒုသမ္မတ ဒါမှမဟုတ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာဖို့ ရေပန်းစားနေသူ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီဟာ ငွေကျပ်ဘီလျံနဲ့ချီတဲ့ ပါတီပိုင်ငွေကြေးတွေကို မိသားစုပိုင်စီးပွားရေးလုပ်ငန်းထဲ စီးဆင်းစေခဲ့တယ်လို့ Myanmar Now က စုံစမ်းသိရှိရပါတယ်။

စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီရဲ့ အမြင့်ဆုံးရာထူးကို ရရှိထားသူ လက်ရှိ အသက် ၇၃နှစ်အရွယ် ဗိုလ်မှူးချုပ်ဟောင်း ဦးခင်ရီဟာ ပါတီရုံးပြုပြင်၊ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် သားဖြစ်သူပိုင်ဆိုင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီကို လုပ်ပိုင်ခွင့် ချပေးခဲ့တာပါ။ 

ဒီကနေ့ကျင်းပတဲ့ စစ်တပ်ရဲ့ လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သွားတဲ့ ဦးခင်ရီအကြောင်း ၂၀၂၅ နှစ်ကုန်ပိုင်းက ဖော်ပြခဲ့တဲ့ Myanmar Now ရဲ့ ရုပ်သံဆောင်းပါးကို ပြန််လည်ဖော်ပြလိုက်ပါတယ်။ 

စထွန်းအောင်/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button