အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“လူဦးရေ နှစ်သန်းကျော်ဟာ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေမှာရှိပါတယ်”

“ဒေါက်တာရဲ” လို့ လူသိများပြီး တော်လှန်ရေးအင်အားစုတွေ ချစ်ခင်လေးစားကြတဲ့ ဒေါက်တာရဲထွန်းဇော်ကို ၂၀၂၅နှစ်ကုန်ပိုင်းက မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရရဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တာပါ။ 

လူဦးရေ ၄သန်းကျော်ရှိတဲ့ မကွေးတိုင်းရဲ့ ၆၀ရာခိုင်နှုန်းဟာ တော်လှန်ရေးအင်အားစုတွေရဲ့ စိုမိုးထိန်းချုပ်နယ်မြေထဲမှာ ရှိနေတာကြောင့် အနည်းဆုံး လူ ၂သန်းကျော်ဟာ မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ ဒေါက်တာရဲထွန်းဇော်က ပြောပါတယ်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက်ဒရယ်ယူနစ်တွေ ပေါ်ပေါက်လာတာဟာ တော်လှန်ရေးကာလအတွင်း အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး၊ တော်လှန်ရေးအောင်မြင်အောင် ဆက်ပြီး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ 

စစ်အာဏာသိမ်းစကတည်းက လက်နက်ကိုင်တော်လှန်ဖို့ ရွေးချယ်ခဲ့တဲ့ ဆရာဝန် ဒေါက်တာရဲထွန်းဇော်ရဲ့ မကွေးမြို့က နေအိမ်နဲ့ ဆေးခန်းကို စစ်တပ်က အစောဆုံး ပိတ်ပစ်ခဲ့ပါတယ်။ 

မကွေးဖက်ဒရယ်ယူနစ်ရဲ့ အခင်းအကျင်း၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအကြောင်း ဒေါက်တာရဲထွန်းဇော် ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေးမြန်း -စောရယ် ၊ တည်းဖြတ် -ကိုလှိုင်း

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button