အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

TNLA နဲ့ MNDAA တိုက်ပွဲ နောက်ဆုံးအခြေအနေ

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ထဲက တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA )နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်( MNDAA) တို့ အချင်းချင်းဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပွဲဟာ ဆက်လက် ပြင်းထန်နေပါတယ်။ 

တိုက်ပွဲဖြစ်ပြီး ၃ရက်မြောက် ဒီကနေ့ မတ်လ ၁၆ရက် မနက်ပိုင်းကစပြီး နမ့်ခမ်းအထက်က TNLA တပ်စခန်းတွေကို MNDAA ဘက်က က ဒရုန်းနဲဲ့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

မူဆယ်မြို့ (၁၀၅) မိုင်၊ ကွတ်ခိုင် ဗျူဟာကုန်း၊ နမ့်ဖတ်ကာ၊ မုံစီး စတဲ့ နေရာ ၅ ခုထက်မနည်းက TNLA ရဲ့ တပ်စခန်းတွေကို မတ်လ ၁၄ ရက်၊ မနက် ၉ နာရီ ၄၅ မိနစ် မှာ MNDAA ဘက်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ပြောဆိုထားပါတယ်။ 

ဒရုန်းကို အားပြုတိုက်ခိုက်နေတဲ့ MNDAA တပ်ဖွဲ့ရဲ့ ထိုးစစ်ကြောင့် TNLA ဘက်က ထိခိုက် သေဆုံးမှုတွေရှိနေပြီး ဖမ်းဆီးခံထားရတဲ့ တပ်ဖွဲ့ဝင်တွေလည်း အများအပြား ရှိနေပါတယ်။ 

နှစ်ပေါင်းများစွာ လက်တွဲခဲ့ကြတဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် အချင်းချင်း မပြေလည်မှုတွေကို လက်နက်နဲ့ အင်အားသုံးဖြေရှင်းတာတွေက တော်လှန်ရေးပန်းတိုင်ကို ထိခိုက်စေတယ်လို့ TNLA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဆိုပါတယ်။

လက်ရှိ တိုက်ပွဲအခြေအနေတွေ အပါအဝင် တိုက်ပွဲအရှိန် လျှော့ချနိုင်ဖို့ ကိုင်တွယ်ဖြေရှင်းနေပုံနဲ့ ပတ်သက်ပြီး မတ်လ ၁၅ရက်နေ့ ညပိုင်းက လွေးယေဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေးမြန်း – ကိုလှိုင်း/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button