အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ခေတ်ပျက်စီးပွားရေးသမားတွေနဲ့ ဆီမှောင်ခိုဈေးကွက်

စက်သုံးဆီပြတ်လပ်မှုဂယက်ကြောင့် ပြည်သူတွေဟာ နေပူကျဲကျဲမှာ နာရီပေါင်း များစွာ တန်းစီနေရရုံတင်မကဘဲ ဆီရှားပါးမှုကြောင့် ထိုးတက်လာတဲ့ ကုန်ဈေးနှုန်းဒဏ်ကိုပါ ခါးစည်းခံနေကြရချိန်မှာ ဆီဆိုင်ပိုင်ရှင်တချို့နဲ့ အခွင့်ထူးခံ လူတန်းစားတစ်ရပ်ကတော့ မှောင်ခို ဈေးကွက်ကို အသုံးချပြီး အဆမတန် ကြွယ်ဝလာနေကြပါတယ်။ 

မန္တလေးမြို့မှာ အဆက်အသွယ်ကောင်းရှိသူတွေဆိုရင် ဆီဆိုင်မှာ ကားနံပါတ်ပေးရုံနဲ့ ထုတ်ယူ နိုင်ပေမယ့် သာမန်ပြည်သူတွေကတော့ တနေကုန် တန်းစီရင်တောင် ဖြည့်မရတာမျိုးအထိ ဒုက္ခရောက်နေကြပါတယ်။ 

ရန်ကုန်မြို့က ဆီဆိုင်တွေမှာလည်း တာလပတ်အုပ်ထားတဲ့ ကားတွေနောက်မှာ ဆီတွေကို ပီပါတွေနဲ့ မှောင်ခိုထုတ်ရောင်းတာတွေ ရှိနေတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ရန်ကုန်မြို့ခံ တစ်ယောက်က ပြောပါတယ်။  

သဇင်လှိုင်/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button