အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အမေရိကန်စစ်ဘက်အရာရှိတွေ ထရမ့်အမိန့်ကို ဖီဆန်မလား၊ စစ်ရာဇဝတ်မှု ကျူးလွန်ရာမှာ ပါဝင်မလား

အီရန်နိုင်ငံက အရပ်ဘက် အခြေခံအဆောက်အအုံတွေကို အလုံးအရင်းနဲ့ ဗုံးကြဲမယ်ဆိုတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုအပေါ်  အမေရိကန် စစ်ဘက်အရာရှိတွေ  အကျပ်တွေ့နေရပါတယ်။

အထက်က အမိန့်ကို မဖီဆန်ရင်လည်း   စစ်ရာဇဝတ်မှု ကျူးလွန်ရာမှာ ပါဝင်ရမလို ဖြစ်နေရတယ်လို့ The Guardian သတင်းမှာ ဖော်ပြထားပါတယ်။

အီရန်ပြည်သူ ၉၃ သန်းရဲ့ အသက်သွေးကြောဖြစ်တဲ့ အခြေခံအဆောက်အအုံတွေကို ဒီလိုတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာ ရောက်တယ်ဆိုတာ ဥပဒေပညာရှင်တွေက ပြတ်ပြတ်သားသား ပြောနေပါတယ်။

အမေရိကန် စစ်ဘက်ဆိုင်ရာ ဥပဒေအရာရှိဟောင်း နှစ်ဦးဖြစ်တဲ့ မာဂရက် ဒိုနိုဗန်   နဲ့ ရေချယ် ဗန်လန်ဒင်ဟမ်တို့ကလည်း “ထရမ့်သာ သူပြောသလို   တကယ်လက်တွေ့လုပ်လိုက်မယ်ဆိုရင် ဒါဟာ အကြီးလေးဆုံး စစ်ရာဇဝတ်မှု ကျူးလွန်မှုဖြစ်တာကြောင့်   သမ္မတရဲ့ စကားတွေဟာ စစ်မှုထမ်းတွေကို တကယ့်ကို ခက်ခဲတဲ့ အခြေအနေထဲ တွန်းပို့လိုက်တာပါပဲ” လို့ ဧပြီ ၆ ရက်က Just Security ဝက်ဘ်ဆိုက်မှာ ရေးသားခဲ့ပါတယ်။  

သမ္မတထရမ့်ရဲ့ စကားတွေဟာ စစ်သားတွေကို ဆယ်စုနှစ်ပေါင်းများစွာ သင်ကြားပေးခဲ့တဲ့ ဥပဒေသင်တန်းတွေနဲ့ ဆန့်ကျင်နေသလို၊  သူတို့ကိုလည်း ပြန်လမ်းမရှိတဲ့ လမ်းမှားပေါ် ရောက်သွားအောင် တွန်းပို့နေသလို ဖြစ်နေတယ်လို့  စစ်ဆင်ရေးတွေမှာ ဥပဒေပိုင်းဆိုင်ရာ အကြံပေးခဲ့ဖူးတဲ့ စစ်ဘက်ဆိုင်ရာရှေ့နေဟောင်း တွေဖြစ်တဲ့ သူတို့နှစ်ဦးက ပြောထားတဲ့အကြောင်း The Guardian သတင်းဌာနက ဖော်ပြထားပါတယ်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button