အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပန်ဆန်းတွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှု ထိခိုက်သေဆုံးသူများ

‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်းမြို့နယ်၊ ယောင်ပန်ကျေးရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့၍ ထိခိုက်သေဆုံးသူများသည်ဟု ဒေသခံများထံက သိရသည်။

‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ထိန်းချုပ်သည့် ပန်ဆန်းမြို့နယ်၊ ယောင်ပန်ကျေးရွာတွင် ယမ်းသိုလှောင်ရုံပေါက်ကွဲခဲ့၍ ထိခိုက်သေဆုံးသူများသည်ဟု ဒေသခံများထံက သိရသည်။

ယမန်နေ့(ဧပြီလ ၇ ရက်) ညနေပိုင်း လေးနာရီအချိန်တွင် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အဆိုပါအဆောက်အအုံနှင့် အနားတွင် နေထိုင်သူ အများအပြား ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။

“ ပေါက်ကွဲမှုဖြစ်တာ ဟုတ်ပါတယ်။ ယမ်းချက်စက်ရုံ ပေါက်ကွဲတာလို့ပဲသိရတာ။ လူတွေ ထိခိုက်တာများတယ်။ ဖြစ်တာက ရွာဘက်ဆိုတော့  တိတိကျကျ ကတော့  မသိရဘူး” ဟု ပန်ဆန်းမြို့တွင်နေထိုင်သူတစ်ဦး ကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု  ဝ တပ်ဖွဲ့နှင့်နီးစပ်သူများထံက သိရသည်။

“ စုံစမ်းမှုတွေ လုပ်နေပါတယ်။ အသေးစိတ်ကို‌တော့ ဗဟိုက သတင်းထုတ်ပြန် ပေးပါလိမ့်မယ်” ဟု ဝ တပ်ဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဒေသခံသတင်းဌာနတစ်ခုဖြစ်သည့် Wa New Land ၏ ပေါက်ကွဲမှုအပြီးအခြေအနေကို ရိုက်ကူးထာသည့် ရုပ်သံအား ထုတ်ပြန်ရာတွင် အဆောက်အအုံတစ်လုံး ပြိုကျနေပြီး မီးခိုးများ ဆက်လက်ထွက်ပေါ်နေသည့်အပြင် UWSA တာဝန်ရှိသူများက ပျက်စီးဆုံးရှုံးမှုများအား စစ်ဆေးနေကြသည်ကို တွေ့ရသည်။

UWSA ဝ တပ်ဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်းမြို့အနီးရှိ သတ္တုတွင်းများတွင် ဒေသအခြေစိုက် လုပ်ငန်းရှင်များအပြင် တရုတ်နိုင်ငံသားများပါ လာရောက်လုပ်ကိုင်လေ့ရှိသည်ဟု ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ဝ တပ်ဖွဲ့  ထိန်းချုပ်သည့် မိုင်းမောမြို့နယ်ရှိ လုပ်ငန်းသုံး ဂတ်စ်အိုးများ သိုလှောင်ထားသည့်  အဆောက်အအုံ ပေါက်ကွဲမှုဖြစ်ခဲ့ရာ  စက်ရုံအလုပ်သမားများ အပါအဝင်  ဒေသခံ  ၁၆ ဦးသေဆုံးခဲ့ပြီး ၄၈ ဦးဒဏ်ရာရခဲ့သည်။

အလားတူ ၂၀၂၂ ခုနှစ် မေလအတွင်း UWSA ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်ရာ၊ ဝိန်းကောင် ခရိုင် မက်မန်းဆိုင် သတ္တုတွင်း၌ ယမ်းသိုလှောင်သည့် အဆောက်အအုံ ပေါက်ကွဲမှုဖြစ်ခဲ့၍ ၁၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button