အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ကရင်နီ စစ်ရှောင်အမျိုးသမီးတွေရဲ့ မမြင်ရတဲ့ လုံခြုံရေးအန္တရာယ်

လက်နက်ကိုင်ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့ ကရင်နီ(ကယား)ပြည်နယ်က စစ်ရှောင်အမျိုးသမီးတွေအတွက် လုံခြုံရေးဆိုတာ တိုက်ပွဲအန္တရာယ်ကိုသာ ရှောင်ရတာ မဟုတ်တော့ပါဘူး။

ရေသွားခပ်တဲ့လမ်း၊ ထင်းသွားရှာတဲ့တော၊ ညအိပ်တဲ့ ယာယီတဲအိမ်အထိ နေ့စဉ်ဘဝရဲ့ နေရာတိုင်းမှာ မမြင်ရတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကရင်နီ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ယာယီစစ်ရှောင်စခန်းအများစုမှာ ခြံစည်းရိုး၊ မီးအလင်းရောင်၊ သီးသန့်ရေချိုးခန်းနဲ့ အိမ်သာလို အခြေခံလုံခြုံရေး အဆောက်အအုံတွေ မပြည့်စုံသေးပါဘူး။

ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ရဲ့ စာရင်းအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ခြောက်လအတွင်း ကျားမအခြေပြုအကြမ်းဖက်မှု အမှု ၃၆ မှုကို ဝန်ဆောင်မှုပေးခဲ့ပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ အမှု ၄၀၀ ကျော်ကို ကူညီခဲ့ပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အမျိုးသမီးအရေး လှုပ်ရှားသူတွေကတော့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ရှိနေသရွေ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးအတွက် အကာအကွယ်ပေးရေး၊ တရားမျှတမှုရရှိရေးနဲ့ လုံခြုံတဲ့ ခိုလှုံရာတွေ ပိုမိုတိုးချဲ့ပေးဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

ရိုက်ကူး၊ တင်ဆက် – မြတ်မိုးသူ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles