အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အာဆီယံက ဖယ်ကြဉ်ထားသည့် စစ်ခေါင်းဆောင် မဲခေါင်ဒေသ ခေါင်းဆောင်များနှင့် တွေ့ဆုံ

ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က စီရင်ချက်ချပြီး ရက်ပိုင်းအကြာတွင် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ဒေသတွင်း ထိပ်သီးအစည်းအဝေး တက်ခွင့်ရခြင်းလည်း ဖြစ်သည်။

အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့်မရသည့် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည့် ဒေသတွင်း ထိပ်သီး အစည်းအဝေးနှစ်ခုကို တက်ရောက်၍ မဲခေါင်ဒေသနိုင်ငံများမှ အစိုးရအကြီးအကဲများနှင့် ယနေ့ တွေ့ဆုံသည်။

ရိုဟင်ဂျာများကို လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကစီရင်ချက်ချပြီး ရက်ပိုင်းအကြာတွင် စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် ဒေသတွင်း ထိပ်သီးအစည်းအဝေး တက်ခွင့်ရခြင်းလည်း ဖြစ်သည်။

နိုဝင်ဘာလ ၂၈ ရက်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည့် ၁၁ ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးတွင် စစ်ခေါင်းဆောင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ထိုနေ့တွင်ပင် ကျင်းပမည့် ၁၂ ကြိမ်မြောက် ကမ္ဘောဒီးယား- လာအို- မြန်မာ- ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု(CLMV) ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မည်ဟု နေပြည်တော်က နိုဝင်ဘာလ ၂၅ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါအစည်းအဝေးများသို့ အာဆီယံအတွင်းရေးမှူးချုပ် Kao Kim Hourn၊ ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet လာအိုဝန်ကြီးချုပ် Saleumxay Kommasit၊ ဗီယက်နမ်ဝန်ကြီးချုပ် Le Minh Hung တို့ တက်ရောက်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ကန့်သတ်ခံထားရသည့် စစ်ခေါင်းဆောင်အတွက် ယခုအစည်းအဝေးများသည် သမ္မတရာထူး ရယူခဲ့ပြီးနောက် ပထမဆုံးတက်ရောက်မည့် အစည်းအဝေးများလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် ချမှတ်ထားသည့် ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရာတွင် မတိုးတက်သဖြင့် စစ်ခေါင်းဆောင်ကို အာဆီယံက ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ကန့်သတ်ထားသည်။

သို့သော် ယခုကျင်းပမည့် မဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးများမှာ အာဆီယံ ထိပ်သီးအစည်းအဝေးနှင့်သီးခြားဖြစ်သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မည့် အစည်းအဝေးဖြစ်သည်။

အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများ

မဲခေါင်ဒေသနိုင်ငံများ ရင်ဆိုင်နေရသည့် ရာသီဥတုပြောင်းလဲမှု၊ ရေအရင်းအမြစ် လုံခြုံရေးနှင့် ဆိုက်ဘာရာဇဝတ်မှုများ အပါအဝင် နယ်စပ်ဖြတ်ကျော် စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းရန် ယခုအစည်းအဝေးများ၌ ဆွေးနွေးမည်ဟု ဗီယက်နမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ငုယင်မင်းဟန်က နိုဝင်ဘာလ ၂၆ ရက်တွင်ပြောသည်။

ခေါင်းဆောင်များသည် ဒေသတွင်း စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံ အဆောက်အဦနှင့် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ ချိတ်ဆက်မှုများ အားကောင်းလာစေရန် ဦးစားပေးဆွေးနွေးမည်ဖြစ်ပြီးသဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနှင့် မဲခေါင်မြစ်၏ ရေအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ စီမံခန့်ခွဲအသုံးချနိုင်ရန်တို့ကိုလည်း ဆွေးနွေးမည်ဟု ဗီယက်နမ်အစိုးရပိုင် သတင်းဌာန VNA က ဖော်ပြသည်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်များနှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ပိုမိုလွယ်စေရန်လည်း ဆွေးနွေးမည်ဟု VNA ကဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသတွင်း နယ်စပ်ဖြတ်ကျော် မြစ်ချောင်းများတွင် အဆိပ်သင့်ညစ်ညမ်းမှုများ ဖြစ်နေသည်ကို ACMECS ထိပ်သီးအစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ် အနုတင်က ထည့်သွင်းဆွေးနွေးမည်ဖြစ်ပြီး ဒေသတွင်း ပူးပေါင်းဖြေရှင်းရေး တိုက်တွန်းမည်ဟု ထိုင်းအစိုးရကနိုဝင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်သည်။

စစ်ခေါင်းဆောင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ၁၁ ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးတွင် ယခင်ပူးပေါင်းဆောင်ရွက်မှုများ၏ တိုးတက်မှုအခြေအနေကို ပြန်လည်သုံးသပ်ခြင်း၊ အနာဂတ် ပူးပေါင်းဆောင်ရွက်ရေး ဦးတည်ချက်များ ဆွေးနွေးခြင်းနှင့် လာမည့်ကာလအတွက် ACMECS မဟာစီမံကိန်းအသစ်ရေးဆွဲခြင်းတို့ကို အဓိကထားမည်ဟုလည်း ဗီယက်နမ်အစိုးရ သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။

မဲခေါင်ဒေသ ထိပ်သီးအစည်းအဝေးနှစ်ခုတွင် ရလဒ်စာတမ်း ငါးခု အတည်ပြုချမှတ်ရန်ရှိပြီး စစ်ခေါင်းဆောင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် အစည်းအဝေးတွင် နေပြည်တော် ကြေညာစာတမ်းနှင့်ACMECS ဦးစားပေးစီမံကိန်းများကို ပြန်လည်သုံးသပ်မည့် အထူးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်များကို အတည်ပြုမည်ဟု စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နေပြည်တော် ကြေညာစာတမ်းမူကြမ်းကို ထိုင်းအစိုးရအဖွဲ့က နိုဝင်ဘာလ ၂၄ ရက်တွင် အတည်ပြုထားသည်။ အဆိုပါ ကြေညာစာတမ်းတွင် ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ပညာရေး၊ စွမ်းအင်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အချက်များလည်း ပါဝင်သည်။

ဗီယက်နမ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် CLMV ထိပ်သီးအစည်းအဝေးတွင်မူ ပူးတွဲကြေညာချက်၊ ယဉ်ကျေးမှုအမွေအနှစ် ခရီးသွားလာရေး အစီအစဉ်နှင့် ခေတ်မီကုန်းတွင်းဆိပ်ကမ်း စင်္ကြံဖော်ဆောင်မည့်အစီအစဉ်တို့ကို အတည်ပြုရန်ရှိသည်။

စစ်ခေါင်းဆောင် နိုင်ငံတကာ အစည်းအဝေးတက်ခွင့်ကို တုံ့ပြန်မှုများ

စစ်ခေါင်းဆောင်ကို နိုင်ငံတကာစင်မြင့်တွင် လက်မခံရန် ကမ္ဘာ့နိုင်ငံများမှ အစိုးရများကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ICJ စီရင်ချက် ထွက်ပေါ်ခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်တွင် တိုက်တွန်းထားသည်။

ရိုဟင်ဂျာများကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် နိုင်ငံတကာဥပဒေအရ အခြားရာဇဝတ်မှုများ ကျူးလွန်ခဲ့သည့် စစ်ဆင်ရေးကို ကြီးကြပ်ကွပ်ကဲခဲ့သူ စစ်ခေါင်းဆောင်သည် ၎င်းကြိုးကိုင်စီမံထားသော ရွေးကောက်ပွဲများမှ တဆင့်  သမ္မတဖြစ်လာကြောင်း Amnesty International အဖွဲ့၏အတွင်းရေးမှူးချုပ် အက်ဂနက်စ် ကာလာမာ့ဒ် (Agnès Callamard) က ပြောသည်။

“မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတားအဆီးမရှိ ဆက်ဖြစ်နေချိန်မှာ နိုင်ငံတကာ အစိုးရတွေအနေနဲ့ သူ့ကို နိုင်ငံတကာစင်မြင့်မှာ လက်ခံကြိုဆိုဖို့ မသင့်ပါဘူး” ဟု အက်ဂနက်စ်ကာလာမာ့ဒ် က ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အလားတူ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) ကလည်း စစ်ခေါင်းဆောင် အပါအဝင် မြန်မာစစ်အုပ်စုကို အာဆီယံ၏ နိုင်ငံရေးဆွေးနွေးပွဲများတွင် လက်မခံရန် နိုဝင်ဘာလ ၁၃ ရက်တွင်ထုတ်ပြန်ထားသည်။

စစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေး စားပွဲဝိုင်းမှ ဖယ်ထားနိုင်ခဲ့သော်လည်း တိကျသည့် စံသတ်မှတ်ချက်များ၊ အချိန်ကန့်သတ်ချက်များနှင့် တာဝန်ခံမှုတို့မရှိဘဲ ပြန်လည်ဝင်ရောက်နိုင်မည့် လမ်းကြောင်းကိုအာဆီယံက ဖွင့်ပေးထားသည်ဟုလည်း APHR က နိုဝင်ဘာလ ၁၈ ရက်တွင် ဝေဖန်ထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles