Connect with us
close

Hi, what are you looking for?

LuduNwayOo

ဘာသာပြန် ဆောင်းပါး

“ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ”

စစ်တပ်က ပြိုဆင်းသွားလိမ့်မယ်ဆိုတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ဟောကိန်း ဘယ်လောက် မှန်မလဲ ဆိုတာကို စောင့်ကြည့်ဖို့တော့ အချိန်ယူရဦးမှာပါ။ ဒါပေမဲ့ အခြေအနေ အရပ်ရပ်ကို ဆန်းစစ်ကြည့်ရင် ဒီခန့်မှန်းချက်မျိုးဟာ မရေရာသေးဘူးဆိုတဲ့ အဆင့်ထက် ပိုမတွက်သင့်သေးတာ သေချာပါတယ်။

"ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ"
"ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ"

(ပထမပိုင်း)

■စစ်ရေး သုတေသီတွေကတော့ လက်ရှိ ဖြစ်ပျက်ပြောင်းလဲမှု အခြေအနေတွေကို ကြည့်ရင် စစ်ကောင်စီရဲ့ ကျရှုံးမှုဆီ တိတိကျကျ ဦးတည်နေပြီလို့ အကဲဖြတ်ကြပါတယ်။ ဒါပေမဲ့ သေရေးရှင်ရေးအဆင့် အရေးကြီးတဲ့ မေးခွန်းက အဲဒီ အခြေအနေထိ ရောက်ဖို့အတွက် ဘယ်လောက်ကြာမလဲ၊ ပြီးတော့ ဘာတွေ ရင်းရမလဲ ဆိုတာပါပဲ”

-People’s Spring

Public Service Announcement

Public Service Announcement

နွေရာသီတောင် မကုန်ဆုံးသေးပါဘူး။ မြန်မာနိုင်ငံရဲ့ စစ်ရေးအခြေအနေတွေမှာ အပြောင်းအလဲတွေ အများကြီးကို သိသိသာသာ တွေ့မြင်လာနေရပါတယ်။ ပြီးတော့ လာမယ့် ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေအတွင်း ဘာတွေ ဖြစ်ပျက်လာနိုင်သလဲ ဆိုတဲ့ အခြေခံ သဘောတရားတွေကိုလည်း ခန့်မှန်းလို့ရစ ပြုလာပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေကို ကြည့်မယ်ဆိုရင် စစ်ရေးအခြေအနေတွေအရ မြန်မာနိုင်ငံရဲ့ ကျယ်ပြောလှတဲ့ နယ်စပ်ဧရိယာ အစိတ်အပိုင်း အများအပြားဟာ အင်အားကောင်းတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေလက်ထဲ ဆက်တိုက် ကျရောက်နေခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီလို့ နာမည်တပ်ထားတဲ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီကတော့ အရှုံးတွေထဲမှာ ဆက်တိုက် လဲပြိုနေခဲ့ပါတယ်။

"ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ"
“ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ”

ဒါပေမဲ့ စစ်ပွဲရဲ့ အဆုံးသတ် ရလဒ်မျိုးထိတော့ မရောက်သေးဘဲ လာမယ့် မိုးရာသီအပြီး ပွင့်လင်းရာသီ ပြန်ရောက်လာတဲ့ အချိန်ကျရင် တိုက်ပွဲတွေဟာ လူများစု ဗမာတိုင်းရင်းသားတွေ နေထိုင်ရာ ပြည်မ ဧရိယာတွေမှာ ပိုမို ပြင်းထန်လာနိုင်ပါတယ်။ ပြီးတော့ စစ်ပွဲရဲ့ အသွင်သဏ္ဍန်နဲ့ လားရာတွေကလည်း အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။

နေပြည်တော်မှာ အခြေစိုက်တဲ့ စစ်ကောင်စီဟာ ချက်ချင်း ပြိုကျသွားမှာ မဟုတ်ပါဘူး။ အဲဒီလို ဖြစ်ဖို့ အလားအလာကလည်း အရမ်းနည်းပါတယ်။ အဲဒီအစား တော်လှန်ရေး အစောပိုင်း နှစ်တွေမှာ နယ်စပ်တွေနဲ့ တိုင်းရင်းသား နယ်မြေတွေကို ဗဟိုပြုခဲ့တဲ့ စစ်ပွဲတွေဟာ ပြည်မဖက်ကို ဗဟိုချက် ပြောင်းလဲ ဦးတည်လာဖို့ အရမ်းဖြစ်နိုင်ခြေ များပါတယ်။ အဲဒီအခါကျရင် လက်ရှိ တွေ့ဖူး မြင်ဖူးခဲ့တာတွေထက် ပိုပြီး ရှုပ်ထွေးတဲ့၊ ထိခိုက်ပျက်စီးမှုတွေ ပိုပြင်းထန်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို မြင်ကြရမှာ ဖြစ်သလို နောက်ဆက်တွဲ လူသားချင်းစာနာမှုရေးရာ အကျပ်အတည်းတွေကိုပါ ကြိုတွေးထားရပါလိမ့်မယ်။

Public Service Announcement

Public Service Announcement

ပိုပြီး ဆိုးရွားတဲ့ ဖြစ်နိုင်ခြေ တစ်ခုကိုပါ ထည့်တွက်မယ်ဆိုရင်တော့ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက အင်ဒိုချိုင်းနား စစ်ပွဲနောက်ပိုင်း အရှေ့တောင်အာရှမှာ မကြုံဖူးတော့တဲ့ ဧရာမ လူသတ်ပွဲကြီးတွေနဲ့ အလုံးအရင်း ရွှေ့ပြောင်းရမှုလို ကိစ္စတွေကိုပါ ကြုံတွေ့လာနိုင်ပါတယ်။

အာဏာသိမ်းစစ်တပ် လက်ရှိ ကြုံနေတဲ့ အရှုံးတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေက နောက်ဆက်တွဲ စစ်ပွဲကို တိုတောင်းသွားစေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုတော့ မြင်ရပါလိမ့်မယ်။ တော်လှန်ရေး အစိုးရလို့ ဆိုနိုင်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)က အာဏာသိမ်း စစ်ကောင်စီကို အားလျော့သွားစေပြီး နောက်ဆုံး ပြိုလဲတဲ့ အဆင့်ထိရောက်သွားစေမယ့် မဟာဗျူဟာ ထိုးစစ်တစ်ခုကိုအကောင်အထည်ဖော်မယ်လို့ ဒီဇင်ဘာလတုန်းက ကြေညာခဲ့ဖူးပါတယ်။

"ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ"
“ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ”

စစ်တပ်က ပြိုဆင်းသွားလိမ့်မယ်ဆိုတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ဟောကိန်း ဘယ်လောက် မှန်မလဲ ဆိုတာကို စောင့်ကြည့်ဖို့တော့ အချိန်ယူရဦးမှာပါ။ ဒါပေမဲ့ အခြေအနေ အရပ်ရပ်ကို ဆန်းစစ်ကြည့်ရင် ဒီခန့်မှန်းချက်မျိုးဟာ မရေရာသေးဘူးဆိုတဲ့ အဆင့်ထက် ပိုမတွက်သင့်သေးတာ သေချာပါတယ်။

နွေရာသီတလျှောက် ကွဲပြားတဲ့ တော်လှန်ရေး အင်အားစု သုံးခုက ဆင်နွှဲခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် မေလနောက်ပိုင်းကျရင် မြန်မာနိုင်ငံရဲ့ စစ်ရေးနဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာ သွင်ပြင်လက္ခဏာတွေမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို မြင်ရတော့မှာ အမှန်ပါ။ နောက်ပြီး အဲဒီလို ပြောင်းလဲသွားတဲ့ အခြေအနေတွေကို အရင်လို ပြန်ဖြစ်အောင်စစ်ကောင်စီက ကာလတိုအတွင်း စွမ်းဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။ ထိန်းချုပ် နယ်မြေတွေ လက်လွှတ်လိုက်ရတဲ့အပြောင်းအလဲဟာ ထာဝရ တည်တံ့သွားတာမျိုးတောင် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ကိုးကန့်၊ ပလောင်နဲ့ ရခိုင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု ၃ ခု ပူးပေါင်းထားတဲ့ ညီနောင် မဟာမိတ် အဖွဲ့ဟာ ‘၁၀၂၇စစ်ဆင်​ရေး’လို့ နာမည်ပေးထားတဲ့ စစ်ဆင်ရေးကြီးကို အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင် ဆင်နွှဲခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း တနံတလျားမှာ စစ်ကောင်စီ လက်ထဲကနေ မြို့တွေ တော်တော်များများကို သိမ်းယူလိုက်နိုင်ခဲ့တယ်။ အဲဒီထဲမှာ တရုတ်နဲ့ နယ်စပ်ကုန်သွယ်မှုမှာ အသက်သွေးကြောလို့ ပြောရမယ့် မြို့တွေပါ ပါဝင်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်​ရေးမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့အပြင် ရက္ခိုင့်တပ်တော် (AA)ဟာ နိုဝင်ဘာ လလယ်ကစလို့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ စစ်ကောင်စီ အကြီးအကျယ် အထိနာစေမယ့် ထိုးစစ် အစီအမံ တစ်ရပ်ကို စတင်ခဲ့ပြန်ပါတယ်။ ဘင်္ဂလား ပင်လယ်အော်နဲ့ ထိစပ်နေရာ ရခိုင်ပြည်နယ်မှာ AAက ဆင်နွှဲနေတဲ့ အဲဒီ ထိုးစစ်ဟာ လက်ရှိ အချိန်ထိ အရှိန်ကောင်းနေသလို စစ်ကောင်စီအပေါ် ဆက်တိုက် အောင်ပွဲဆင်နေပါတယ်။

"ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ"
“ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ”

နောက်ပြီး မတ်လဆန်းမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)ကလည်း မဟာဗျူဟာမြောက် ထိုးစစ်တစ်ခုကို အကောင်အထည် ဖော်ခဲ့ပြန်တယ်။ နှစ်ပတ်အတွင်းမှာတင် KIAဟာ ဌာနချုပ် လိုင်ဇာမြို့ တည်ရှိရာ တဝိုက်က စစ်ကောင်စီ စခန်းတွေကို ချေမှုန်း သိမ်းယူရင်း ဌာနချုပ်အပေါ် ခြိမ်းခြောက် ဖိအားပေးခံနေရတဲ့ အခြေအနေတွေကို လျှော့ချနိုင်ခဲ့တယ်။ တရုတ်နဲ့ နယ်စပ်အပြင် ပြည်နယ်မြို့တော် မြစ်ကြီးနားနဲ့ ဧရာဝတီ မြစ်ကမ်းဘေးက ဆိပ်ကမ်းမြို့ ဗန်းမော်ကို ဆက်သွယ်ထားရာ မဟာဗျူဟာ လမ်းပိုင်းပေါ်က စစ်စခန်းတွေကိုပါ KIAက ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။

အခုအချိန်ထိတော့ စစ်ကောင်စီဟာ စစ်ရေးအရ အရေးနိမ့်ခဲ့ရာ တိုင်းရင်းသား နယ်မြေတွေထဲက အဓိကဗဟိုချက် မြို့ကြီးတွေကို ဆက်လက် ထိန်းချုပ်ထားနိုင်ဆဲပါ။ ဥပမာ ရှမ်းပြည်နယ် မြောက်ပိုင်းက လားရှိုး နဲ့ ရခိုင်ပြည်နယ်ရဲ့ စစ်တွေတို့ကို လက်မလွှတ်ရသေးပါဘူး။ ဘာပဲဖြစ်ဖြစ် တိုင်းရင်းသား တော်လှန်ရေး တပ်တွေရဲ့ ထိုးစစ်တွေဟာလပေါင်းများစွာ ကြိုတင်လေ့ကျင့် ပြင်ဆင်ထားခြင်းရဲ့ အသီးအပွင့်တွေကို လက်တွေ့ ခံစားနေရတာတော့ မြင်သာပါတယ်။ နှစ်ရှည်လများ အသာစီး ယူထားခဲ့တဲ့ စစ်တပ်ရဲ့ လူအင်အား၊ လက်နက်အင်အားနဲ့ စိတ်ဓာတ်ရေးရာ အပိုင်းတွေ အကုန်လုံးကို တိုင်းရင်းသား လက်နက်ကိုင်တွေကမကြုံစဖူး ပယ်ပယ်နယ်နယ် ထိုးနှက်နေတာ ဖြစ်ပါတယ်။

"ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ"
“ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ”

မြန်မာနိုင်ငံက စစ်ပွဲတွေရဲ့ ထိခိုက်သေကြေမှု ကိန်းဂဏန်းတွေဟာ ပညာရှင်တွေ ကွင်းဆင်းစစ်ဆေးထားတာမျိုးထက် ခန့်မှန်းချက်တွေကိုသာ အခြေတည်ထားရပါတယ်။ ဒါပေမဲ့လည်း ကျိုးကြောင်းဆက်စပ် ခိုင်လုံပြီး ယုံကြည်ရလောက်တဲ့ အထောက်အထားတွေအရ စစ်တပ်ဟာ အောက်တိုဘာလ နှောင်းပိုင်းကစလို့ စစ်တပ်ဟာ အသေအပျောက်နဲ့ ဖမ်းဆီးခံရမှု အင်အား ၈၀၀၀ ကနေ ၁၀၀၀၀ ကြားလောက်ထိ များပြားခဲ့ဖွယ် ရှိပါတယ်။

အဲဒီ ခန့်မှန်းချက်တွေဟာ ရှမ်းပြည်နယ်ထဲက သိန္နီ နဲ့ ရခိုင်ပြည်နယ်ထဲက ကျောက်တော်မြို့တွေမှာ စစ်တပ်ရဲ့ အဓိက စစ်ဌာနချုပ်နှစ်ခု၊ တပ်မ ၃၀ ကျော်၊ မင်းပြားမြို့နယ်မှာရှိတဲ့ စစ်သင်တန်းကျောင်း၊ ရာနဲ့ချီ များပြားတဲ့ အသေးစား စစ်စခန်းတွေ၊ နယ်ခြားစောင့် စခန်းတွေ သိမ်းပိုက်ခံရမှုတွေကို ခြုံငုံ ကောက်ချက်ချပြီး တွက်ချက်ကြည့်ထားတာ ဖြစ်ပါတယ်။

အဲဒီစာရင်းထဲမှာ ဇန်နဝါရီလတုန်းက လောက်ကိုင်မှာရှိတဲ့ ကိုးကန့် ဒေသဆိုင်ရာ ကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ)ကို တော်လှန်ရေး အင်အားစုတွေက သိမ်းယူခဲ့ပြီးတဲ့နောက် လက်နက်ချခဲ့တဲ့ စစ်ကောင်စီအင်အား ၄၀၀၀ ကျော်ကို ထည့်သွင်း တွက်ချက်မထားပါဘူး။ လာမယ့် သီတင်းပတ်တွေအတွင်း စစ်တွေနဲ့ ဘူးသီးတောင် မြို့နယ်တွေထဲက စစ်တပ်ရဲ့ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနတွေလည်း ဆက်တိုက် ကျဆုံးမယ့် အလားအလာ ရှိနေပြီး တစ်နည်းအားဖြင့် စစ်တပ်ရဲ့ ပြုန်းတီးအင်အားဟာ မြင့်သထက် မြင့်လာဦးမယ့် အဓိပ္ပါယ်ပါပဲ။

အဲဒီလို စစ်အင်အား ပြုန်းတီးမှုတွေကပဲ စစ်အာဏာရှင် လက်အောက်ခံ တပ်ရင်း၊ တပ်မတွေထဲမှာ ယုံကြည်မှု ပျက်ပြားပြီး ထိတ်လန့် တုန်လှုပ်မှုတွေ ဖြစ်လာစေတယ်ဆိုတာ အလွယ်တကူ ခန့်မှန်းလို့ ရပါတယ်။ ဒါကြောင့်ပဲ ဖေဖော်ဝါရီ လဆန်းမှာ စစ်တပ်ဟာ ပြည်သူ့ စစ်မှုထမ်း ဥပဒေကို အသည်းအသန် ပြဋ္ဌာန်းလိုက်ပြီ ဧပြီလကစလို့ စစ်မှုမထမ်းမနေရ စနစ်နဲ့ လူငယ်တွေကို တပ်ထဲ အတင်းဆွဲသွင်းမယ့် ကိစ္စကို စတင်မယ်လို့ ကြေညာခဲ့ရတယ်ဆိုတာ သေချာသလောက်ပါပဲ။

"ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ"
“ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ”

နောက်ပြီး စစ်မြေပြင် သုံးခုမှာ အချီကြီးတွေ ဆက်တိုက် ရှုံးနိမ့်နေခြင်းနဲ့အတူ စစ်တပ်ရဲ့ စစ်လက်နက် ပစ္စည်း၊ ခဲယမ်းမီးကျောက်တွေနဲ့ အသုံးအဆောင်တွေ လက်လွှတ်နေရတာကလည်း အရမ်းသိသာ ထင်ရှားလာပါတယ်။ အပေါ့စား စစ်လက်နက်တွေ၊ လက်နက်ငယ်တွေသာ မကဘဲ ၁၂၂ မမ နဲ့ ၁၅၅ မမ ဟောင်ဝစ်ဇာအမြောက်တွေ၊ အရေအတွက် ၅၀ ထက်မနည်းလောက်တဲ့ သံချပ်ကာ စစ်ယန္တရားတွေကို စစ်တပ်က လက်လွှတ်ခဲ့ရပြီး ဖြစ်ပါတယ်။ ဒီအခြေအနေတွေဟာ ညီနောင်မဟာမိတ် သုံးဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ဘယ်တုန်းကမှ မကြုံခဲ့ဖူးသေးတဲ့ အောင်မြင်မှုတွေ ဆိုရင်လည်း မမှားပါဘူး။

စစ်မြေပြင်မှာ လူအင်အားနဲ့ လက်နက်အင်အား ပြုန်းတီးမှုတွေ အရမ်းများနေတဲ့အပြင် စစ်တပ်ဟာ အာဏာကို ချုပ်ကိုင်ထားပြီး အစိုးရအဖြစ် ရပ်တည်ချင်တဲ့ ရည်မှန်းချက်မှာလည်း နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ မွဲပြာကျပြီး အခြေမလှ ဖြစ်နေပြန်တယ်။ နိုင်ငံရဲ့ အရှေ့၊ အနောက်၊ မြောက်နဲ့ အရှေ့တောင်ဖက် ဧရိယာတွေကို မျှော်ကြည့်လိုက်တိုင်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ အရမ်း စိတ်အား ထက်သန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက အခြေစိုက်ထားတယ်။ အလယ်ပိုင်းက ပြည်မ ဧရိယာတွေမှာ ဆိုရင်လည်း စစ်တပ်ကို တူးတူးခါးခါး မုန်းတီးတဲ့ လူထုရဲ့ ဖီဆန် ဆန့်ကျင်မှုတွေကို ဦးကျိုးသွားအောင် ဘယ်လိုမှ ဖိနှိပ်လို့ မရနိုင်ပြန်ဘူး။

"ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ"
“ပြည်မဒေသတွေဆီဦးတည်လာနေတဲ့တိုက်ပွဲ​တွေ”

စစ်ရေး သုတေသီတွေကတော့ လက်ရှိ ဖြစ်ပျက်ပြောင်းလဲမှု အခြေအနေတွေကို ကြည့်ရင် စစ်ကောင်စီရဲ့ ကျရှုံးမှုဆီ တိတိကျကျ ဦးတည်နေပြီလို့ အကဲဖြတ်ကြပါတယ်။ ဒါပေမဲ့ သေရေးရှင်ရေးအဆင့် အရေးကြီးတဲ့ မေးခွန်းက အဲဒီ အခြေအနေထိ ရောက်ဖို့အတွက် ဘယ်လောက်ကြာမလဲ၊ ပြီးတော့ ဘာတွေ ရင်းရမလဲ ဆိုတာပါပဲ။

ဆက်လက်​ဖော်ပြပါမယ်။

(Asian Times မှာ မြန်မာနိုင်ငံက စစ်​ရေးကိုအမြဲ​စောင့်ကြည့် ​ရေးသား​နေတဲ့ ANTHONY DAVIS ရဲ့”Myanmar’s widening war headed for junta’s heartland” ဆောင်းပါးကို ဆီ​လျော်​အောင်ဘာသာပြန်ဆို​ဖော်ပြထားတာဖြစ်ပါတယ် ။ ​​ဆောင်းပါးပါ အာ​ဘော်မှာ စာ​ရေးသူရဲ့အာ​​ဘော်သာဖြစ်ပါတယ်)

(အရပ်မျက်နှာ အစုံမှ စစ်​ကောင်စီကိုအထိနာ​အောင်ထိုးစစ်ဆင်ခဲ့ ၊ထိုးစစ်ဆင်​နေဆဲဖြစ်​သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ညီ​နောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်​သော MNDAA ၊ TNLA ၊ AA တို့ နှင့် KIA ၊ KNU ၊ ကရင်နီတပ်​ပေါင်းစုများ။ဓါတ်ပုံ- The Kokang ၊ AA ၊ KNU ၊ KNDF ၊ TNLA ၊ CJ)