Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အလံဖြူမထောင်၍ ကော့ကရိတ်မြို့အားအလုံးစုံ ပိတ်ဆို့လိုက်ပြီဟု ကျားဖြူစစ်ကြောင်းပြော

တောင်ပိုင်းတိုင်း အမှတ်(၃၁)ဗျူဟာမှူးဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းစစ်ကြောင်းများ ဝန်းရံပိတ်ဆို့ထားသော ကရင်ပြည်နယ် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲမှာ ဧပြီ ၁ရက်က လေးလပြည့်သည့် နေ့ဖြစ်သည်။

(တောင်ပိုင်းတိုင်း အမှတ်(၃၁)ဗျူဟာမှူးအဖွဲ့နှင့်စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(တောင်ပိုင်းတိုင်း အမှတ်(၃၁)ဗျူဟာမှူးအဖွဲ့နှင့်စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - PS)

ဒီးဒီ/People’s Spring

ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ စခန်းကုန်းတစ်ခုအတွင်းကျန်ရှိနေသော စစ်ကောင်စီတပ်အား ထွက်ပေါက်တစ်ခုပေးထားရာမှ အလံဖြူမထောင်၍ ယနေ့ မြို့အားအလုံးစုံပိတ်ဆို့လိုက်ပြီဟု တောင်ပိုင်းတိုင်းစစ်ဒေသ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တောင်ပိုင်းတိုင်း အမှတ်(၃၁)ဗျူဟာမှူးဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းစစ်ကြောင်းများ ဝန်းရံပိတ်ဆို့ထားသော ကရင်ပြည်နယ် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲမှာ ဧပြီ ၁ရက်က လေးလပြည့်သည့် နေ့ဖြစ်သည်။

(တောင်ပိုင်းတိုင်း အမှတ်(၃၁)ဗျူဟာမှူးအဖွဲ့နှင့်စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(တောင်ပိုင်းတိုင်း အမှတ်(၃၁)ဗျူဟာမှူးအဖွဲ့နှင့်စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – PS)

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ရက်က မြို့သိမ်းတိုက်ပွဲအဖြစ် PDF ပူးပေါင်းစစ်ကြောင်းများစတင်ဖော်ဆောင်ခဲ့သော ကော့ကရိတ်မြို့တိုက်ပွဲမှာ မြို့၏ ၇၀ရာခိုင်နှုန်းအထိ PDFများက သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က မြို့လယ်ရှိ အမှတ်(၉၇)ခြေလျင်တပ်ရင်းဌာနချုပ် နေရာ၌သာ စုဝေးနေသည်။

သို့သော် ထွက်ပေါက်တစ်ခုအဖြစ် ဘားအံမြို့သို့သွားနိုင်သည့် လမ်းကြောင်းတစ်ခု ဖွင့်ထားပေးပြီး လေးလအတွင်း အလံဖြူထောင် အညံ့ခံခြင်းမရှိသည့်အတွက် ယနေ့(ဧပြီ ၃ရက်)တွင် အဆိုပါ ထွက်ပေါက်အား ပိတ်ဆို့လိုက်ပြီး တစ်မြို့လုံးပိတ်ဆို့ထားပြီဟု ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

(တောင်ပိုင်းတိုင်း အမှတ်(၃၁)ဗျူဟာမှူးအဖွဲ့နှင့်စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(တောင်ပိုင်းတိုင်း အမှတ်(၃၁)ဗျူဟာမှူးအဖွဲ့နှင့်စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – PS)

” ပြန်ပေးမထွက်တော့ဘူး။ အလံဖြူမထောင်လို့။ ခုချိန် အလံဖြူထောင်လို့ ရသေးတယ်”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ နံနက် ၅နာရီခွဲက ပစ်ခတ်မှုရှိခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ၎င်း ဆက်ပြောသည်။

” မနက်က လက်နက်ကြီးပစ်ပေမယ့် ကိုယ့်ရဲဘော်တွေ ထိခိုက်တာမရှိဘူး။ ညနေက ပစ်ခတ်သေးနယ်။ ခုညပိုင်းမှာ ငြိမ်နေတယ်”ဟု ကော့ကရိတ် ရှေ့တန်းစစ်မျက်နှာပြင်၌ မိုင်းဆရာကြီးဟု ခေါ်ဝေါ်သည့် အသန်း(ခ) သန်းတင်ဌေးက ပြောသည်။

မြို့တွင်း၌ အရပ်သားပြည်သူများ မရှိတော့ပေ။၎င်းတို့မှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ကို တွေ့ရ​၏။နေအိမ်အများစုမှာလည်း မီးလောင်ပျက်စီးထားသည်ကို တွေ့ရသည်။ စစ်ကောင်စီက လေကြောင်း၊ မီးလောင်ဗုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိုကဲ့သို့ ပျက်စီးရသည်ဟု စစ်မြေပြင် ပထမရှေ့တန်းလိုင်းတွင် နေရာယူထားသော PDF ရဲဘော်များက ပြောသည်။

(တောင်ပိုင်းတိုင်း အမှတ်(၃၁)ဗျူဟာမှူးအဖွဲ့နှင့်စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(တောင်ပိုင်းတိုင်း အမှတ်(၃၁)ဗျူဟာမှူးအဖွဲ့နှင့်စစ်ကောင်စီတပ် လေကြောင်း၊လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြုတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – PS)

စစ်ကောင်စီတပ်က ပစ်ကွင်းရှင်းရန်အတွက် မြို့ရှိ နေအိမ်အဆောက်အဦးများအား လေကြောင်း၊လက်နက်ကြီး၊ ဒရုန်း၊မီးလောင်ဗုံးများဖြင့် ပစ်ခတ်ဖျက်ဆီးထားခြင်းဟု ဆိုသည်။

ကော့ကရိတ်မြို့ကို PDFပူးပေါင်း စစ်ကြောင်းများက မြို့၏ ၇၀ရာခိုင်နှုန်းအထိ သိမ်းပိုက်ထိန်းချုပ်ထား၍ စစ်ကောင်စီတပ်က မြို့လယ်ရှိ အမှတ်(၉၇)ခြေလျင်တပ်ရင်း ဌာနချုပ်နေရာ၌သာ စုဝေးနေရသည်။

ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ကျားဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ Special Operation Group – SOG၊SPECIAL OPERATION FORCE – SOF၊နဂါးဖြူ၊ရန်ကုန်(၅၁၀၁)၊Spring Phoenix Force၊ Federal Wings ဒရုန်းတပ်ဖွဲ့အပြင် အခြားဒရုန်းတပ်ဖွဲ့များဖြင့် ပူးပေါင်း ဆင်နွှဲနေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၁ရက်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေးလတာတိုက်ပွဲတိုက်ပွဲအတွင်း သေဆုံးသည့် စစ်ကောင်စီတပ်သား အနည်းဆုံး ၅၀ရှိသည်ဟုလည်း ရဲဘော်များက သုံးသပ်သည်။