Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီးမှာ ဈေးဝယ်ထွက်တဲ့ရွာသားကို စစ်အုပ်စုအကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်

သေဆုံးသူဟာ ထွန်စက်မောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။ သူရဲ့ ဖုန်းထဲမှာ မြေဧကစကေးတိုင်းတဲ့ Mapsဆော့လ်ဝဲတွေ့ရတယ်ဆိုကာ စစ်အုပ်စုက ဖမ်းဆီးသွားတာပါ။

People's Spring
People's Spring

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ထဲမှာ ရွာသားတစ်ဦးကို စစ်အုပ်စုကအကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။

မနေ့က မနက်ပိုင်းက နွားထိုးကြီးမြို့ပေါ်ကို ဈေးဝယ်သွားတဲ့ရွာသားတစ်ဦးကို ကန်နီဘုန်းကြီးကျောင်းဝင်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုက အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးခဲ့တာလို့သိရပါတယ်။

ရိုက်နှက်ဖမ်းဆီးခံရသူ ရွာသားဟာ ဖမ်းခံရတဲ့ညနေပိုင်းမှာတင် သေဆုံးသွားတယ်ဆိုတာကို ကြားသိရတယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးထုတ်ပြန်ထားပါတယ်။

သေဆုံးသူဟာ ထွန်စက်မောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။ သူရဲ့ ဖုန်းထဲမှာ မြေဧကစကေးတိုင်းတဲ့ Mapsဆော့လ်ဝဲတွေ့ရတယ်ဆိုကာ စစ်အုပ်စုက ဖမ်းဆီးသွားတာပါ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါတိုက်ခိုက်မှုအား ဗိုလ်တောက်ထွန်း (MBTT) အထူးတပ်ဖွဲ့၊ ဗိုလ်နေတိုးပြောက်ကျားအထူးဖွဲ့(B.N.T)၊ လျှက်တပြက်စွန်ညို၊ ဒီမိုသိန်းငှက်ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

သတင်း

နွားထိုးကြီး PDF အဖွဲ့သ​ည် ဇူလိုင် ၂၉ရက်ကလ​ည်း မြင်းခြံမြို့နယ်၊ စံပြကျေးရွာရှိ အကြမ်းဖက်စစ်တပ်အုပ်စုဝင်တစ်ဦးကို ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ လက်နက်အချို့ပါ သိမ်းဆည်းရမိခဲ့သည်။

သတင်း

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားများအပေါ် သေဒဏ်စီရင်ခြင်းကို ဆန့်ကျင်သည့် ထောင်တွင်းအစာငတ်ခံဆန္ဒပြခြင်းများနှင့်ပတ်သက်၍ NUCC က ထုတ်ပြန်တိုက်တွန်းခဲ့ခြင်းဖြစ် သည်။

သတင်း

ဒေသတွင်းသတင်းရင်းမြစ်အဆိုအရ စစ်ကောင်စီရဲ့ စကစ(၈)လက်အောက်ခံ ခမရ(၄၀၇) တပ်ရင်းနဲ့ BGF-၁၀၁၃ တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့ အကြပ်ကိုင်ခြိမ်းခြောက်နေမြဲရှိတယ်လို့ ကေအဲန်ယူ-မူတြော်သတင်းစဉ်ရဲ့ ဖော်ပြချက်ကနေ သိရပါတယ်။