Hi, what are you looking for?
ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF) ရဲ့အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ဆလိုင်းထက်နီကို ဆက်သွယ်ပြီး စစ်အုပ်စုရဲ့ ဖိတ်ခါ်မှုအပေါ် သူ့ရဲ့ သဘောထားအမြင်တွေ၊ SCEF ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးနိုင်ငံရေးဆိုင်ရာတွေ ကိုမေးမြန်းဖော်ပြလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်က သင်္ကြန်ပွဲတော်ကို စစ်တပ်ထိန်းချုပ်ဒေသတွေမှာ စည်ကားအောင်လုပ်ခိုင်ပြီး တော်လှန်ရေးအားကောင်းတဲ့ဒေသတွေကိုတော့ ဗုံးဆက်တိုက်ကြဲခဲ့တာကြောင့် အရပ်သားပြည်သူသေဆုံးထိခိုက်မှုတွေများပြားခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) ဖာပွန်ခရိုင် တခုတည်းမှာပဲ စစ်တပ်က သင်္ကြန်ကာလအတွင်းနေ့စဥ် ဗုံးကြဲခဲ့ပါတယ်။
စစ်တပ်စိတ်တိုင်းကျစီစဥ်ခဲ့တဲ့ ရွေးကောက်ပွဲကနေ တက်လာတဲ့ စစ်တပ်လွှတ်တော်က ဒီနေ့မှာ အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက်လိုက်တယ်လို့ကြေညာပါတယ်။ ရွေးကောက်ခံအရပ်သားအစိုးရကို မဲခိုးတယ်လို့ လိမ်လည်စွပ်စွဲပြီး အာဏာသိမ်းတာဟာ မင်းအောင်လှိုင် သမ္မတလုပ်ချင်လို့ဆိုတဲ့အဖြစ်မှန်ဟာ အာဏာသိမ်းပြီး ငါးနှစ်ကျော်အကြာ ၂၀၂၆ ဧပြီ ၃ ရက်မှာထင်ရှားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ် ဖလမ်းမြို့ အပါအဝင်ချင်းမြောက်ပိုင်းပြန်ထိန်းချုပ်နိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်လျက်ရှိရာ ဖလမ်းအခြေစိုက် ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲ ငါးလနီးပါးကြာမြင့်လာပြီဖြစ်ပါတယ်။
လတ်တလော စစ်ရေး အခြေအနေတွေနဲ့ ဖေဖော်ဝါရီ ၅ရက်မှာ ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်ဘာသာနဲ့ မိန့်ခွန်းပြောကြားခဲ့တဲ့အထဲ ထူးခြားတဲ့ အကြောင်းအရာတွေကို KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။
မအေးမြင့်အောင်အောင်– ဒီတော်လှန်ရေး ၅ နှစ်တာကာလအတွင်းမှာ ကျနော်တို့ တော်လှန်ရေးစတုန်းက မျှော်လင့်ထားတဲ့၊ မျှော်မှန်းထားတဲ့၊ မျှော်ရည်ထားတဲ့ Goal တွေ ရှိတယ်ပေါ့ဗျာ။ တော်လှန်ရေးကို ဒီလောက်ကြာမယ်လို့လည်း ကျနော်တို့က မထင်ထားဘူးပေါ့။ မှန်ပါတယ်၊ တော်လှန်ရေးဆိုတာ ၁ နှစ် ၂ နှစ်နဲ့ ပြီးတဲ့အရာတော့ မဟုတ်မှန်းလည်း...
မောင်ဆောင်းခ – အထူးသဖြင့်တော့ ကျနော်တို့က လက်နက်ကိုင်တော်လှန်ရေးကို အစောပိုင်းကတည်းက ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက် အဲဒီအပိုင်းကို နည်းနည်းပိုပြီးတော့ ပြောချင်ပါတယ်။ စစ်အနိုင်တိုက်ရေးစဉ်းစားကြပေမယ့်လည်း စစ်တပ်တွေဖြစ်အောင် အစောတလျှင် မတည်ဆောက်နိုင်ခဲ့တာကတော့ အားနည်းချက်လို့ ကျနော်တို့မြင်ပါတယ်။