close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းချက်အပေါ်မှာ ဝေဝါးမသွားဖို့ နားမယောင်ကြဖို့ ပဲလိုပါတယ်။”

ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF) ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ဆလိုင်းထက်နီကို ဆက်သွယ်ပြီး စစ်အုပ်စုရဲ့ ဖိတ်ခါ်မှုအပေါ် သူ့ရဲ့ သဘောထားအမြင်တွေ၊ SCEF ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးနိုင်ငံရေးဆိုင်ရာတွေ ကိုမေးမြန်းဖော်ပြလိုက်ပါတယ်။

▪︎SCEF အတွင်း​ရေးမှူးအဖွဲ့ဝင် နဲ့ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်သွားမယ်လို့ ဧပြီ ၂၀ ရက်မှာ ပြောခဲ့ပါတယ်။ အဲဒီလိုပြောဆိုချက်နဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သလို မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကော်မတီ(SCEF) ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ဆလိုင်းထက်နီကို ဆက်သွယ်ပြီး စစ်အုပ်စုရဲ့ ဖိတ်ခါ်မှုအပေါ် သူ့ရဲ့ သဘောထားအမြင်တွေ၊ SCEF ရဲ့ ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးနိုင်ငံရေးဆိုင်ရာတွေ ကိုမေးမြန်းဖော်ပြလိုက်ပါတယ်။

ထားမြတ်/People’s Spring

မေး- အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က တိုင်းရင်းသားအဖွဲ့တွေကို ဆွေးနွေးဖို့ ဖိတ်ခေါ်မယ်လို့ ပြောလာတဲ့အပေါ်ဘယ်လိုတုန့်ပြန်လိုပါသလဲ။

Public Service Announcement

Public Service Announcement

ဖြေ- ဒီကိစ္စကတော့ အခုစစ်ကောင်စီကနေအစောကတည်းက သူတို့ရဲ့ လုပ်ငန်းစဉ်ထဲမှာ ထည့်ထားပြီးသား။အားလုံးသိပြီးသားဖြစ်ပါတယ်။တိုင်းရင်း
သားလက်နက်ကိုင်တွေကို နိုင်ငံရေးဆွေးနွေးဖို့ ဖိတ်ခေါ်မယ်ဆိုတာကတော့ သူ့လုပ်ငန်းစဉ်မှာ ပါပြီးသားဖြစ်ပါတယ်။ ဒါကတော့ ကျွန်​တော်အနေနဲ့ အထူးအဆန်းရယ်လို့သိပ်ပြီးတော့ မစဉ်းစားဘူးပေါ့။ ဒါပေမဲ့ ကျွန်​တော်တို့ရဲ့ ရပ်တည်ချက်ကို ဟိုတဖက်ကသိတယ်။ သူတို့ရဲ့ ရပ်တည်ချက်ကို ကျွန်​တော်တို့ကလည်းသိတယ်။ ဆိုတော့ဘာတွေဆွေးနွေးမလဲဆိုတာရှိလာတာပေါ့။ သူပြောတဲ့အထဲမှာ မဖြစ်နိုင်တာတွေ မတောင်းဆိုနဲ့ ဆိုတဲ့ဟာတွေပြန်ပါလာပြန်တယ်။ ဆိုတော့ဒီကိစ္စကအားလုံးသိပြီးသားဖြစ်တဲ့အတွက် သိပ်ပြီးတော့ မှတ်ချက်ပေးစရာလည်းမရှိဘူး။ အစကတည်းက NCA(တနိုင်ငံလုံးအပစ်ရပ်စဲရေးသဘောတူစာ
ချုပ်)ကို သူတို့က ချိုးဖောက်ထားတယ်။ အဲဒီအပေါ်မှာ ကျွန်​တော်တို့က အခုသွားနေတာဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သူကတော့ ပြောတော့ ပြောလာမှာပေါ့။ ဒါပေမဲ့ ကျွန်​တော်တို့အနေနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်လာဖို့ ဆိုတဲ့ဟာ ပြင်ဆင်ထားတာဘာမှမရှိဘူး။ ကျွန်​တော်တို့ရပ်တည်ချက်ကတော့၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ လုပ်ဆောင်မှု မှန်သမျှ NCAက အစ ဒါကတော့ အယုံအကြည်တော့မရှိဘူးပေါ့။ကျွန်​တော်တို့ ဆွေးနွေးရင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး။ နောက်တခုက ဒီ နွေဦးတော်လှန်ရေးအခင်းအကျင်းကြီးက အရင် အာဏာသိမ်းမှု မတိုင်ခင် အခင်းအကျင်းနဲ့ လုံး၀ မတူတော့ဘူး။ တဖွဲ့ချင်းနဲ့ လုပ်တာမျိုးဆိုတာအဓိပ္ပါယ်မရှိတော့ဘူး။ တတိုင်းတပြည်လုံးနဲ့ သက်ဆိုင်တဲ့ဟာအခုကပြည်
တွင်းထဲမှာ ပြည်သူအားလုံးက လက်နက်စွဲကိုင်လာကြတယ်။ ၂၀၂၀ အနိုင်ရ အခု NUG ပဲ ခေါ်ခေါ် CRPH ပဲ ခေါ်ခေါ် ဆိုတော့ အဲဒါတွေလည်း ကျွန်​တော်တို့ထဲ ပြောလို့ရတဲ့ ကိစ္စမဟုတ်တော့ဘူးလို့ မြင်တယ်။

မေး-စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးတို့ နိုင်ငံရေးဆွေးနွေးဖို့ ဆိုတဲ့ ဖိတ်ခေါ်ချက်ကရော ယုံကြည်စရာရှိပါသလား

ဖြေ-ကျွန်​တော်တို့က ခုနပြောထားသလိုပေါ့မယုံကြည်နိုင်ဘူးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်​တော်တို့လည်း ဆွေးနွေးပြီးသားဖြစ်တယ်။ အခုပြောနေတာတွေက ဟိုးယခင်ကာလတွေတုန်းက ပြောနေတဲ့အတိုင်းပဲ။ မူဟောင်းကြီးကို သယ်လာတာဆိုတော့ ဒုံရင်းဒုံရင်းပဲ ပြန်ဖြစ်မှာပဲ။

မေး-အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်တပ်ယူနီဖောင်းကနေ အရပ်သားအသွင်ပြောင်း၊ သူ့ဘာသာသမ္မတဆိုပြီးခန့်ထားတာဆိုတော့ ဒီလို ပြောဆိုတာတွေဟာ သူ့ရဲ့ တရားဝင်မှု ရယူဖို့ ကြိုးပမ်းတဲ့အနေနဲ့ အခုလို ဖိတ်ခေါ်ဖို့လုပ်လာတယ်လို့ မြင်ပါသလား။

ဖြေ- ဟုတ်ကဲ့ အဲဒါလည်း သူပြောထားပြီးသား ကျွန်​တော်တို့ကို အဖွဲ့အစည်းတခုတည်း ကောင်းစားရေးအတွက် ဆိုတဲ့ စကားလုံးပါလာတယ်။
ကျွန်​တော်တို့က ပြန်ပြောရင်တော့ သူလည်းပဲ မြန်မာ့နိုင်ငံရေးမှာ စစ်တပ် ရေရှည်ရပ်တည်ရေးနဲ့ တရားဝင်ဖြစ်ဖို့ ဆိုတဲ့ဟာ သူလည်း တွန်းနေတာပဲလေ။ အဲဒါပဲ ဒါကတော့ ရှင်းပြီးသား။ အာဏာသိမ်းပြီးကတည်းကိုက ရွေးကောက်ပွဲ လုပ်တာကအစ ဒါကတော့ အတုအယောင်ပါပဲ။ ပြည်သူလူထု ဆန္ဒ လုံး၀မပါဘူးလို့ ကျွန်​တော်တို့ပြောနေတဲ့ ကိစ္စ
ဖြစ်တာပေါ့နော်။

မေး-တဖက်မှာ SCEF(ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေးဦးဆောင်ကောင်စီ) စုဖွဲ့မှု ရှိတယ် ဒီလို စစ်တပ်ဘက်ကလည်းဖိတ်ခေါ်ဖို့ရှိတယ်။SCEFမှာလည်း မူဝါဒ သဘောထားတွေရှိတယ်။ဒီအပေါ် ဘာပြောလိုပါသလဲ။ ဆက်သွားမယ့်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး။

ဖြေ- အဲဒါကြောင့် ခုနက ပြောတာ တစုတဖွဲ့တည်း နဲ့ဖိတ်ခေါ်တာတော့ဒီနွေဦးတော်လှန်ရေးဖြစ်တည်လာတဲ့ နိုင်ငံရေးအခင်းအကျင်းကအရင်လိုမဟုတ်တော့ဘူး။ကျွန်​တော်တို့မှာလည်းနောက်ဆုံး SCEF စသဖြင့်ရှိလာတယ်။ ကျွန်​တော်တို့မှာ နိုင်ငံရေးရပ်တည်ချက်တွေအခိုင်အမာချထားတယ်။ ဒါက အဖွဲ့အစည်းတခုတည်းနဲ့ ဘယ်အဖွဲ့အစည်းပဲဖြစ်
ဖြစ် CNF အနေနဲ့ပဲ ဖြစ်ဖြစ် အခြား မဟာမိတ် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့သော်လည်း
ကောင်းတဖွဲ့ချင်းအဲဒီလိုပြောလို့ ရတာမျိုးမဟုတ်တော့ဘူးလို့ ကျနော်အဲဒီလိုပဲ ပြန်ပြောချင်တယ်။

မေး-SCEF စုဖွဲ့မှုက ရှေ့ဆက်ပြီးလုပ်မယ့် စစ်ရေးနိုင်ငံရေးတွေနဲ့ ပတ်သက်ပြီး လူထုတွေကို ဘာ​ပြောလိုပါသလဲ။

ဖြေ-ကျွန်​တော်တို့ကဒီ ၅နှစ်တာတော်လှန်ရေး အဲဒီထဲက အတွေ့အကြုံကို ယူပြီးမှ ပိုပြီးတော့ ကျစ်လစ်ခိုင်မာတဲ့ အားကောင်းတဲ့ လက်တွေ့ မြေပြင်မှာ အလုပ်လုပ်နိုင်ဖို့ဆိုပြီး SCEF ဖွဲ့စည်းထားတာ။ အဲဒီလုပ်ငန်းစဉ်လည်းသွားနေတာဖြစ်တော့ SCEFကတော့ လက်တွေ့မြေပြင်မှာစစ်ရေးအရ၊နိုင်ငံရေးအရ အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်။ အဲဒါကြောင့် ဒီရပ်တည်ချက်အတိုင်း ဆက်လက်ပြီးတော့ သွားမှာ ဖြစ်တယ်။

မေး-မင်းအောင်လှိုင် နဲ့ စစ်အုပ်စုကျူးလွန်ထားတဲ့စစ်ရာဇဝတ်မှု​တွေ​ကြောင့် ဆွေးနွေးဖက်အဖြစ် သတ်မှတ်သင့်ပါသလား။

ဖြေ-အဲဒီမှာလည်း ကျွန်​တော်တို့ ရပ်တည်ချက်မှာ ပဋိပက္ခကာလအတွင်း မတရားမှုကိစ္စတွေ ကျွန်​တော်တို့မှာပြဌာန်းထားတာရှိပါတယ်။အဲဒီအတိုင်းပဲ ကျွန်​တော်တို့က သွားမှာ ဆိုတော့ အခုက မင်းအောင်လှိုင် အနေနဲ့ အစိုးရ ဖွဲ့တာကျွန်​တော်နော်တို့က အသိအမှတ်မပြုနိုင်ဘူး။အသိအမှတ်မပြုနိုင်ဘူးဆိုကတည်းကိုကကျွန်​​တော်တို့အနေနဲ့သူတို့ ကမ်းလှမ်းပြီး ဆွေးနွေးတာတွေက တကယ့် ထိရောက်တဲ့ အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးမှု ဖြစ်မလာနိုင်ဘူးလို့ ကျွန်​​တော်တို့ကထင်တာပေါ့။

မေး-စစ်အုပ်စုရဲ့ ဖိတ်ခေါ်ချက်တွေလက်မခံဘူးဆိုတဲ့ သဘောထားမျိုးလား

ဖြေ-ဟုတ်ကဲ့ ဟုတ်ကဲ့။ အခုအနေအထားကတော့ အစက ပြောထားသလိုပဲ NCAကို သူ(စစ်အုပ်စု)က စပြီးတော့ချိုးဖောက်တယ်။ နိုင်ငံရေးဆွေးနွေးပွဲလည်း လုပ်ခဲ့ဖူးတယ်။ သူတို့ပဲ လုပ်ခဲ့တာဖြစ်တယ်။ အခုလည်း အဲဒီပုံစံအတိုင်းပဲသူက ပုံတူကူးပြီးတော့ ပြန်လာတယ်ဆိုတော့ ဒီကိစ္စကတော့ လုပ်ရင်လည်း အချိန်ကုန်လူပမ်းရုံပဲ ဖြစ်မှာပဲလို့ မြင်တယ်။

မေး- NUG ယာယီသမ္မတ ရဲ့ မိန့်ခွန်းမှာ ပါတာရှိတယ်။ အဓိကတော့ စစ်တပ်ထဲမှာ ရှိတဲ့ ကျန်နေသေးတဲ့စစ်သား စစ်ဗိုလ်တွေအနေနဲ့ အခုလို အကြမ်းဖက်စစ်တပ် အမည်ခံနေရတဲ့ အနေအထားကနေ ရုန်းထွက်ဖို့ တိုက်တွန်းထားတာပေါ့။ ဆရာတို့အနေနဲ့ရော ဒီအပေါ် ဘာပြောလိုလဲ။ ဆိုလိုချင်တာက စစ်ခေါင်းဆောင်တွေ ကျူးလွန်ထားတာတွေ ပြန်အဖက်ဆယ်နိုင်ဖို့ ဆိုရင် တပ်မှူးတပ်ဗိုလ်တွေကို ဘာပြောလိုပါသလဲ။

ဖြေ-ကျွန်​​တော်တို့မှာအရှိတရား၊အဖြစ်တရား အမှန်တရား အဓိကကတော့ ပြည်သူပေါ့ ပြည်သူရဲ့ သဘောထား ကို လုံး၀အလေးထားဖို့ လိုပါတယ်။ ဒီနေ့ဒီအချိန်မှာ စကမ တပ်မှူးစစ်ဗိုလ်တွေကအစ သူတို့လည်းပညာတက်တွေပဲ။ကျွန်​တော်တို့နိုင်ငံ ဘယ်လိုဖြစ်သွားသလဲဘယ်သူ့ကြောင့်ဖြစ်သွားသလဲကွက်ကွက်ကွင်းကွင်းနားလည်ဖို့လိုပါတယ်။ ကျွန်​တော်တို့ကတော့ ရပ်တည်ချက်က ရှိပြီးသားဖြစ်တယ်။သမိုင်းနဲ့ ချီပြီး လုပ်လာခဲ့တာဖြစ်တယ်။ အဲဒါတွေကို မြင်တက်ပြီးတော့ခုဏ ယာယီသမ္မတကြီး ပြောသလိုပဲ ကျွန်​တော်ထပ်လောင်းပြီးတော့ ပြန်ပြောချင်တယ်။

မေး-SCEF စုဖွဲ့မှုမှာ စစ်ရေးအရ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ဖို့ဆိုတာလည်းပါတာပေါ့။ လက်ရှိမှာရော အဲဒီလို ချိတ်ဆက်ဆောင်ရွက်နေတဲ့ အနေအထားတွေ ဘယ်လိုရှိပါသလဲ။ အရင်ထက် တိုးမြှင့်သွားဖို့ အနေအထားရှိပါသလား။

ဖြေ-အခုထိ ငါးနှစ်တာ အတွေ့အကြုံအရ ဖြစ်တည်လာတဲ့ SCEF ဟာအဲဒီထဲမှာ စစ်ရေးရော နိုင်ငံရေးရော တွန်းနေတဲ့ဟာဖြစ်တယ်။ အဲဒါတွေက အခု ရက်ပေါင်း ၆၀အတွင်းလုပ်မှာဖြစ်တယ်။ အဲဒီလုပ်ငန်းစဉ်ကဆုတ်ယုတ်မသွားဘူး ရှေ့ဆက်
ပြီးတော့ သွားနေပါတယ်လို့ ပြောချင်ပါတယ်။

မေး-SCEF ပိုအားကောင်းဖို့ နောက်ထပ်ပါသင့်တဲ့အဖွဲ့တွေပါဖို့ဆိုတဲ့ဆောင်ရွက်မှုကရောတိုးတက်မှု အလားအလာတွေ့ရပါသလား။

ဖြေ-ကျွန်​တော်တို့က SCEF ဖြစ်လာဖို့ အဆင့်(၁)နဲ့ အဆင့်(၂) ခွဲထားပါတယ်။အဆင့်(၁)က လက်ရှိ ရှိနေတဲ့ အစုအဖွဲကတွေနဲ့ စတင်ပြီးလုပ်တယ်။ အဲဒါက ကျွန်​တော်တို့ လုပ်ပြီးသွားပြီ။ ဒုတိယ အဆင့်မှာက ခုနက ပြောသလို အားလုံးပါဝင်နိုင်ရေး ဘုံနိုင်ငံရေးရည်မှန်းချက် တူညီတဲ့ အဖွဲ့အစည်းအားလုံး ပါဝင်နိုင်ရေးကိုတော့ ချိတ်ဆက်ဆောင်ရွက်မှု လုပ်နေပါတယ်။ SCEF မဖွဲ့စည်းခင်ကတည်းကိုက အဖွဲ့အစည်းအချို့တွေနဲ့လည်း ချိတ်ဆက်ပြီးတော့ ဆွေးနွေးမှုတွေ ကျွန်​တော်တို့လုပ်ပါတယ်။ ဒီအတိုင်းပဲ ကျွန်​တော်တို့ သွားမှာ ဖြစ်ပါတယ်။
မကြာခင်မှာလည်း တခြားအစုအဖွဲ့တွေလည်း ပါလာလိမ့်မယ်လို့ ပြောချင်ပါတယ်။

မေး-နွေဦးတော်လှန်ရေးဟာ ၅နှစ်ကျော်လာပြီ။ တိုင်းရင်းသားတွေ တော်လှန်နေတာကတော့ နှစ်ပေါင်းများစွာ ကတည်းကပေါ့ အခက်အခဲတွေရှိခဲ့တယ် ဒီလိုအခက်အခဲတွေ ကျော်လွှားဖို့း ပန်းတိုင်ကိုရောက်အောင်သွားနိုင်ဖို့ လူထုတွေကို ဘာတိုက်တွန်းလိုပါသလဲ။

ဖြေ-တပြည်လုံးအတိုင်းအတာနဲ့ တော်လှန်ရေးဖြစ်လာတာက ဒီနွေဦးတော်လှန်ရေးမှာပါ။ ၅နှစ်ပဲ ရှိသေးတယ်ဆိုတော့ ကျွန်​တော်တို့တွေဆိုရင် နှစ်ပေါင်း ၃၀၊ ၄၀၊ ၅၀၊ ၆၀ အထိ ရှိနေပြီ။ ခံနိုင်ရည်က ရှိပြီးသား။ ရှိပြီးသားဆိုတဲ့နေရာမှာ ပြည်သူ့အားကြောင့် ကျွတ်​တော်တို့ဒီလိုလုပ်နိုင်ခဲ့တာ။ ပြည်သူလည်း ခံနိုင်ရည်ရှိပြီးသား။အဲဒါကြောင့် အခု မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းချက်အပေါ်မှာ ဝေဝါးမသွားဖို့ နားမယောင်ကြဖို့ ပဲလိုပါတယ်။ ဆက်ပြီးတော့ ပြည်သူ့အားနဲ့ ကျွန်​တော်လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်ရောက်ရှိဖို့ ရှေ့ဆက်ပြီးတော့
ကျွန်​တော်တို့အတူတူ တိုက်ပွဲဝင်ရအောင်လို့ပဲ ပြည်သူကိုမေတ္တာရပ်ခံချင်တယ်။

မေး-လူထုတွေကိုသတ်ဖြတ်နေတဲ့ဒီစစ်အုပ်စုကို ပံ့ပိုးမှုတွေ အသိအမှတ်ပြုမှုတွေလုပ်နေတဲ့ တရုတ်အပါအဝင် နိုင်ငံအချို့ကို ဘာသတင်းစကားပါးလိုပါသလဲ။

ဖြေ-အခုစစ်အုပ်စုကို ပံ့ပိုးနေတဲ့နိုင်ငံအဖွဲ့အစည်းတွေရှိပါတယ်။သူ့တို့မှာလည်းပြည်သူရှိတယ်။ကျွန်​တော်တို့မှာလည်းပြည်သူရှိတယ်။အားလုံးကလူသားချင်းပါပဲ။ဆိုတော့လုပ်တဲ့နေရာဘယ်သူတရားသလဲ မတရားသလဲဆိုတဲ့ဟာချင့်တွက်ဖို့ လိုပါလိမ့်မယ်။သူ့ရဲ့နိုင်ငံအကျိုးစီးပွားထက် လူသားရဲ့အကျိုးစီးပွားကို ငဲ့ကွက်ဖို့အခုမင်းအောင်
လှိုင်ကိုပံ့ပိုးတဲ့နိုင်ငံတွေကိုပြောချင်ပါတယ်။

မေး-အခြားဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။

ဖြေ- ခုနကပြောသလိုပေါ့ပြည်သူတွေကိုအထူးမှာချင်ပါတယ်။ မင်းအောင်လှိုင်ရဲ့ လုပ်ရပ်တွေကို နားမယောင်ကြဖို့တွေဝေမနေကြဖို့ပေါ့။ကျွန်​တော်တို့မြန်မာနိုင်ငံဟာဆင်းရဲနိုင်ငံဖြစ်တယ် အကြမ်းခံပြီးသားဖြစ်တယ်။ကျွန်​တော်တို့ရဲ့ ဒီနေ့ ဒီအချိန်မှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ခိုင်မာဖို့အနာဂတ်ကျနော်တို့ရဲ့ သားသမီးတွေမြေးတွေရေရှည်အကျိုးကို မျှော်
ကိုးပြီးတော့မှ အခုနွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပိုပြီးတော့တတပ်တအားပါဝင်ပေးကြဖို့ပဲ ထပ်လောင်းပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။ ။

​​ဖြေကြား​ပေးတာကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကောင်စီရဲ့စစ်သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကိုကြိုဆိုထောက်ခံကြောင်းနဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲက သမ္မတအတုဆိုတာကို လက်မခံကြောင်းကန့်ကွက်ဆန္ဒပြပွဲကို ဒီကနေ့ (ဧပြီ ၁၉)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ အဓိက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ စုပေါင်းပြီး ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF ဖွဲ့စည်းမှုကို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးမှာ အသိပေးပြောကြားပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေးကို ဧပြီ ၁၀ရက် ညနေပိုင်းမှာ ကျင်းပခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေအတွက်သဘောတူညီမှုတွေချမှတ်နိုင်ခဲ့​ကြောင်း ကောင်စီဝင် အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်ပါတယ်။

သတင်း

■နွေဦးတော်လှန်ရေးရဲ့ကြီးမားတဲ့အပြောင်းအလဲ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း​ဖော်ပြ ဧပြီ−၅၊ ၂၀၂၆။ ထားမြတ်/People’s Spring ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) ဖွဲ့စည်းနိုင်မှုအပေါ် ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုမျှော်လင့်ကြောင်း CDM ကျန်းမာရေးကွန်ရက်က ဒီက​နေ့မှာထုတ်ပြန်ကြေညာပါတယ်။ အခုလို NUG၊ CRPHနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များပါဝင်တဲ့ ကောင်စီတစ်ခုအနေဖြင့်ဖွဲ့စည်းဖြစ်မြောက် ပေါ်ပေါက်လာခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ ကြီးမားသောအပြောင်းအလဲ...