Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ပြည်သူ​တွေကို အာရုံ​ပြောင်းဖို့ကြိုးစား​နေသည့် 7th Sense ၏ ကိုယ်ပွား​ခြေလှမ်းများ

V7 Entertainment ၊ W Entertainment ၊M Entertainment Channel ၊ မီးမီးမွှေးကုမ္ပဏီ ၊SM Winner ၊ဆုံမှတ်၊ Hey Play စသဖြင့် ထုတ်လုပ်ရေးလုပ်ငန်းများစွာကို အမည်ခွဲများစွာဖြင့် ပြန်လည်လှုပ်ရှားလာသည်။ အထူးသဖြင့် အာဏာသိမ်းထားမှု အနည်းငယ်ကြာလာ​သောအခါ လူထုကို အာရုံ​ပြောင်းလှည့်စားရန်ပိုလုပ်လာခြင်းဖြစ်သည်။

(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)

‌ဆဏ်း /People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်၏ သမီးခင်သီရိသက်မွန် ဦးဆောင်သည့် 7th Sense ထုတ်လုပ်ရေးအနေဖြင့်ပြည်သူများ၏ သပိတ်​မှောက်မှုကို ​ရှောင်ရှားနိုင်ရန် ရုပ်ရှင် ထုတ်လုပ်​ရေးအမည်သစ် အနည်းဆုံး ၇ မျိုးဖြင့် ရုပ်ရှင်ထုတ်လုပ်​ရေးများဆက်လက်လုပ်ကိုင်​နေ​ကြောင်း ၎င်းတို့၏လုပ်ငန်းများကို လ​ပေါင်းများစွာ ​ခြေရာခံထား​သောအချက်အလက်များအရသိရသည်။

7th Sense ရုပ်ရှင်ထုတ်လုပ်ရေးသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်ဦးဆောင်၍ စစ်တပ်အပေါင်းအပါများ၊ ခရိုနီများပူး​ပေါင်း တည်​ထောင်ထား​သောရုပ်ရှင် ထုတ်လုပ်ရေးဖြစ်သည်။ စစ်အုပ်စုအာဏာသိမ်းမှု ​ကြောင့် မင်းအောင်လှိုင်နှင့် သားသမီးများ ပိုင်ဆိုင်သော စီးပွါးရေး လုပ်ငန်းများကို အ​မေရီကန် အစိုးရက ၂၀၂၁ မတ်လတွင် ပထမဆုံးအသုတ် အဖြစ်အ​ရေးယူပိတ်ဆို့ဒဏ်ခတ်ခဲ့ရာ 7th Sense ထုတ်လုပ်ရေးလည်းပါဝင်ခဲ့သည်။ ပြည်သူများကလည်း ဝိုင်းဝန်း သပိတ်​မှောက် ခဲ့ကြသည်။ ထို​ကြောင့် 7th Sense ကို အမည်ခွဲများစွာဖြင့်လူထု သပိတ်​မှောက်မှုကို​ရှောင်ရှားရန် ကြိုးပမ်းလာသည်။

(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)
(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)

V7 Entertainment ၊ W Entertainment ၊M Entertainment Channel ၊ မီးမီးမွှေးကုမ္ပဏီ ၊SM Winner ၊ဆုံမှတ်၊ Hey Play စသဖြင့် ထုတ်လုပ်ရေးလုပ်ငန်းများစွာကို အမည်ခွဲများစွာဖြင့် ပြန်လည်လှုပ်ရှားလာသည်။ အထူးသဖြင့် အာဏာသိမ်းထားမှု အနည်းငယ်ကြာလာ​သောအခါ လူထုကို အာရုံ​ပြောင်းလှည့်စားရန်ပိုလုပ်လာခြင်းဖြစ်သည်။

ပြည်သူများ၏ သပိတ်မှောက်မှုကို ​ရှောင်နိုင်ရန် 7th Sense ထုတ်လုပ်ရေးသည် ယခုနှစ်အတွင်း ရိုက်ကူးထားသည့် ဇာတ်ကားများကို ထုတ်လုပ်ရေးအမည်များပြောင်းလဲ၍ ရုံတင်လာသလို ၊ Entertainment ကုမ္ပဏီများ ၊ အွန်လိုင်း အပ်ပလီကေးရှင်းများပြုလုပ်၍ လူထု၏ခုခံ​တော်လှန်စစ်ပွဲများအ​ပေါ် အာရုံလွှဲရန် ၊​ဖျော်​ဖြေ​ရေးလုပ်၍ ​ငွေရှာနိုင်ရန် လှုပ်ရှားမှုများခပ်စိပ်စိပ်လုပ်လာသည်။

ထုတ်လုပ်ရေးအမည်သစ်များ​ပြောင်း​သော်လည်း 7th Sense ၏ လုပ်ငန်းခွဲမှန်း ထင်ရှားသော သက်သေမှာ 7th Sense နှင့် စာချုပ်ချုပ်ဆိုထားခဲ့သော အနုပညာရှင်များသည် ယခု ထုတ်လုပ်ရေးအသစ်များနှင့် ဆက်လက် လက်တွဲအလုပ်လုပ်နေကြခြင်းပင် ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဥပမာ – နေတိုး၊ မြင့်မြတ်၊ ဝတ်မှုံရွှေရည်၊ ရွှေထူး၊ ဝင်းလွင်ထက်၊ သားညီ၊ ဩရသ၊ အာကာတိုး စသဖြင့်ဖြစ် သည်။ အဆိုပါ သရုပ်ဆောင်များ၊ ဒါရိုက်တာများ သည်အမည်​ပြောင်းထားသာ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သတ်သည့်ပွဲများကို မပျက်မကွက် တက်ရောက်​ပေးရလေ့ရှိသည်ကို ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများမှ တဆင့်တွေ့ ရသည်။

“ဒီကာလမှာ လုပ်နိုင်နေတယ်ဆိုကတည်းက ဘယ်သူဆိုတာမေးစရာတောင်မလိုပါဘူး။ သူတို့ပဲရှိတာ” ဟု ရုပ်ရှင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)
(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)

ထို့အပြင် 7th senth မှ ထုတ်လုပ်ခဲ့သော ရုပ်ရှင်ကားများကို ထုတ်လုပ်ရေးအမည်နှင့် လိုဂိုသာပြောင်း၍ အမည်လွှဲ၍ ပြန်ထုတ်နေခြင်းလည်းရှိသည်။ စက်တင်ဘာ ၂၂ နေ့က ရုံတင်ပြသခဲ့သော “အချိန်လွန်မိုး” ရုပ်ရှင်ဇာတ်ကားသည် ၂၀၁၉ ခုနှစ်တွင် 7th Sense က “ ကျွန်တော့်ရဲ့သူ “ အမည်ဖြင့် ရိုက်ကူးထုတ်လုပ်ခဲ့သော ဇာတ်ကားဖြစ်သည်။ သို့သော် SM Winner Entertainment က ထုတ်လုပ်သည်ဆိုကာ အမည်လွှဲပြောင်း၍ ရုံတင်ခဲ့သည်။SM Winner Entertainment ၏ ဒါရိုက်တာအဖွဲ့ဝင် စာရင်းတွင် ဒေါ်အေးမြတ်မွန်မောင်နှင့် ဒေါ်ခင်သူသူဝင်း တို့ (၂) ဦးပါဝင်သည်။ ဒေါ်ခင်သူသူဝင်းသည် Myanmar Media Seven တွင် လက်ရှိ အလုပ်လုပ်နေသူလည်းဖြစ်သည်။ Myanmar Media Seven သည် 7th Sense ၏ အမှုဆောင် ဒါရိုက်တာများထဲမှ ကိုဝေမင်းမောင် (ခ) ရွှေမန်းနှင့် ကိုနိုင်ဖြိုးကျော်တို့ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်သည်။

(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)
(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)

အလားတူ ပြီးခဲ့ သည့် ဇူလိုင်လ ၁၄ရက်နေ့က ရုံတင် ပြသခဲ့သော “စတုထ္ထမြောက်သွေးကြောမျှင်” ဇာတ်ကားမှာလည်း 7th Sense က ရိုက်ကူးခဲ့ပြီးမှ “ဆုံမှတ်” ဟု ထုတ်လုပ်ရေးအမည်​ပြောင်း၍ ရုံတင် ဖြန့်ချီခဲ့သည်။

အခြားရုပ်ရှင်ဇာတ်ကား များကိုလည်း အမည်​ပြောင်း၍ ပုသဖြန့်ချီ နိုင်ကြောင်း အနုပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)
(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)

▪︎ရုပ်ရှင်သာမက ​ဖျော်​ဖြေ​ရေး အက်ပလီ​ကေးရှင်းများလည်းထုတ်လုပ်

7th Sense ကုမ္ပဏီအောက်ရှိ V7 အင်တာတိန်းမန့်သည် ယခုနှစ်အတွင်း၌ အနုပညာရှင်များ၏ တေးသီချင်း ဗီဒီယိုများကို တင်ပေးလာသည်ကိုတွေ့ရသည်။ ထို့အပြင် ၎င်းတို့၏ ကိုယ်ပိုင်အနုပညာ သတင်းများတင်ဆက်ပေးနေသည့် Myanmar Cele 7 ပေ့ခ်ျသည်လည်း အနုပညာလှုပ်ရှားမှုသတင်းများကို ပြန်လည်ဖော်ပြပေးနေသည်။

အမည်ခွဲလုပ်ငန်းတစ်ခုဖြစ်​သော Hey Play ကုမ္ပဏီသည် 7th Sense ကုမ္ပဏီကို ဦးဆောင်ခဲ့သည့် ဝေမင်းမောင် (ခ) ရွှေမန်းက ပိုင်ဆိုင်ကြောင်း ရုပ်ရှင်အသိုင်းအဝိုင်းမှ အတည်ပြုပေးထားသည်။

(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)
(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)

ဝေမင်းမောင်သည် 7th Sense ကုမ္ပဏီဒါရိုက် တာ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ‌ခင်သီရိသက်မွန်၊ စံကိုကိုတင့်ဆန်း ၊ နိုင်ဖြိုးကျော်တို့နှင့်အတူ ယင်းကုမ္ပဏီတည်ထောင်သူတစ်ဦးဖြစ်သည်။ 7th Sense ၏ လုပ်ငန်းများကို လူလုံးပြ၍ လုပ်ဆောင်ပေးသကဲ့သို့ Hey Play ကိုလည်း လူလုံးထွက်ပြ လုပ်ပေးနေခြင်းဖြစ်နိုင်ကြောင်း ထုတ်လုပ်သူတစ်ဦးက​ပြောသည်။

Hey Play အပ်ပလီကေးရှင်းသည် ရုပ်သံလိုင်းများဖြင့် စာချုပ်ချုပ်ဆို၍ ဇာတ်ကားများပြသရန်စီစဉ်နေပြီး ​အောက်တိုဘာလတွင် Channel 7 နှင့် သဘောတူစာချုပ်ချူပ်ဆိုခဲ့သည်။

▪︎အခြား​ဖျော်​ဖြေ​ရေးလုပ်ငန်းများ

အဆိုပါ ထုတ်လုပ်ရေးများအပြင် ရန်ကုန်ဘူတာကြီး အနီး၌ ဖွင့်ထားသည့် THOR ( The Heart of Rangoon) Bar သည်လည်း စစ်တပ်အသိုင်းအဝိုင်း နှင့်ပတ်သက်သူများကပိုင်ဆိုင်သည့် ဆိုင်ဖြစ်ကြောင်းစုံစမ်းသိရသည်။

အဆိုပါဆိုင်ဖွင့်ပွဲကို Iron Cross အဖွဲ့ အဖွဲ့ဝင်များကိုယ်တိုင်တတ်ရောက်ခဲ့ပြီး၊ နာမည်ကြီးအဆို​တော်များ ၊​တေး​ရေးဆရာများတက်​ရောက်ဖွင့်လှစ်​ပေးခဲ့သည်။ နာမည်ကြီးအဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်များ အမြဲရှိနေသည့်ဆိုင်ဖြစ်သည်။ညစဉ်မပျက် ပျော်ပွဲရွှင်ပွဲများ ကျင်းပလျက်ရှိပြီး လုံခြုံရေးများ အစောင့်များပင်လျှင် စစ်ကောင်စီတပ်သား ဝတ်စုံများဖြင့် ပေါ်ပေါ်ထင်ထင်​စောင့်ကြပ်နေသည်ကို​တွေ့ရ​ကြောင်း မြို့ခံအချို့က​ပြောသည်။

▪︎စစ်အုပ်စု၏ ရည်ရွယ်ချက်

စစ်အုပ်စု၏ အပေါင်းအပါများ၏ ရည်ရွယ်ချက်မှာ အကျိုးအမြတ်အတွက် မဟုတ်။ ထုတ်လုပ်ရေးများသည် လက်ရှိကာလအတွင်း အမြတ်အစွန်းများစွာ မရရှိနေပါ။ ၎င်းတို့ထုတ်ဝေနေသော ရုပ်သံSeries များသည်လည်း ​ဖေစ်ဘွခ်နှင့် လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်ကို မူပိုင်ခွင့် (Copyright )အရ လိုက်လံတားဆီးခြင်းမျိုးမရှိသည်ကို မြင်တွေ့ရသည်။ စစ်အုပ်စု အာဏာသိမ်းမှု​​နောက်ဆက်တွဲ နိုင်ငံ​ဒေသအများစုတွင် ခုခံ​တော်လှန်​နေကြခြင်း ၊ စစ်​ကောင်စီတပ်များက ပြည်သူများကို ​နေစဥ် ဖမ်းဆီးသတ်ဖြတ် ၊အကြမ်းဖက်​နေမှုများကို လူထုအာရုံမ​ရောက်​စေရန် ၊​တော်လှန်​ရေးတွင် အာရုံမကြ​စေရန် အတွက် အာရုံ​ပြောင်းရန်၊ ​တော်လှန်​ရေးသတင်းများကိုဖုံးဖိနိုင်ရန်နှင့် ​ဖျော်​ဖြေ​ရေးတွင်ပြည်သူများစီး​မျှော၍ ပုံမှန်အ​ခြေအ​နေထင်လာရန် Normalize လုပ်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် စစ်ခေါင်းဆောင်နှင့် အ​ပေါင်းအပါများက ငွေကို တပုံတပင် ထုတ်သုံးနေခြင်းဖြစ်သည်။

“အ​ဖေ (မင်း​အောင်လှိုင်)က တစ်နိုင်ငံလုံးကိုဖျက်ဆီးတယ် ။သမီး(ခင်သီရိသက်မွန်) အ​ဖေလုပ်ထားတာ​တွေအားလုံးကို လိုက်ဖုံးပြီး ပြည်သူ​တွေ စစ်ကျွန်ဘဝမှာ​ပျော်​အောင် ၊ကျွန်သက်ရှည်​အောင် ကြိုးစား​နေတာပါပဲ”ဟု 7th Sense ၏ လုပ်ငန်းများကို ကာလရှည်​စောင့်ကြည့်ခဲ့​သော မန္တ​လေးမြို့မှ အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦးက​ပြောသည်။