Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် မြို့ပြင်ထွက် စစ်ဆင်ရေးလုပ်ဆောင်ရန် ဟားခါး CDF စိန်ခေါ်

စစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၁၀ရက်)တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်တစ်လုံးထိမှန်ကာ အမျိုးသမီးတစ်ဦးအသက်ဆုံးရှုံးခဲ့ရသည့်အပေါ် ဝမ်းနည်းကြောင်းလည်း ဟားခါး CDFက ဖော်ပြသည်။

ဟားခါး CDF မှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - ဟားခါး CDF
ဟားခါး CDF မှ ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - ဟားခါး CDF

▪️စစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီ လက်ပါးစေများကို အရေးယူမည်ဖြစ် ကြောင်း သတိပေး

ဟားခါးမြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) အနေဖြင့် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ပြင်းထန်သော စစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် သတ္တိရှိပါက ပြည်သူနှင့် ပြည်သူ့စည်းစိမ်ကို တိုက်ရိုက်ထိခိုက်မှု မရှိသော မြို့ပြင်သို့ ထွက်လာပြီး စစ်ဆင်ရေးလုပ်ဆောင်ပါရန် စိန်ခေါ်ကြောင်း ဟားခါး CDFက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများ သုံးပြီး ဒေသခံ ပြည်သူများ၏ နေအိမ်များသို့ ရမ်းသန်းပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရခြင်းအပေါ် ဟားခါး CDFက သဘောထား ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း စိန်ခေါ်လိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၁၀ရက်)တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်တစ်လုံးထိမှန်ကာ အမျိုးသမီးတစ်ဦးအသက်ဆုံးရှုံးခဲ့ရသည့်အပေါ် ဝမ်းနည်းကြောင်းလည်း ဟားခါး CDFက ဖော်ပြသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း အာဏာရူးမင်းအောင်လှိုင် အကြမ်းဖက်အဖွဲ့၏ လက်ချက်ဖြင့် ပြည်သူ ခြောက်ဦး သေဆုံးခဲ့ရပြီး ပြည်သူနေအိမ် ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ နိုင်ငံတကာ စစ်ဥပဒေ ရာဇဝတ်ကျူးလွန်သော အကြမ်းဖက်စစ်တပ်ကို အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး ပြည်သူများဆုံးရှုံးခဲ့ရသော နစ်နာမှုနှင့် လုပ်ရပ်အပေါ် တာဝန်ယူဖြေရှင်းရလိမ့်မည်ဖြစ်ကြောင်း ဟားခါး CDFက ထုတ်ပြန်သည်။

အကြမ်းဖက် ဖက်ဆစ်စစ်တပ်အပါအဝင် ၎င်းတို့ကို ကြိုးကိုင်ကြောထောက်လုပ်နေသည့် ရာထူးခံလူပုဂ္ဂိုလ်များ၊ Non-CDMနှင့် ဒလန်များကို စစ်ဘက်ဆိုင်ရာစည်းမျဉ်း ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း လည်း ဟားခါး CDFက သတိပေးထုတ်ပြန်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ဗန်းမော်မြို့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်၏ စုပေါင်းရုံး၊ မီးသတ်နှင့်ရဲစခန်းတို့၌ ပေါက်ကွဲမှုများဖြစ်ပြီနောက် စစ်ကောင်စီက မြို့အဝင်၊ အထွက်ကို စစ်ဆေးရေးတင်းကြပ်ထားသည်။

သတင်း

ဇူလိုင်နောက်ဆုံးပတ်ကစ၍ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ဘက်သို့အင်အားအလုံးအရင်းဖြင့်စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသည်။

သတင်း

ယနေ့နေ့လယ်ပိုင်းက သာကေတ (၁၀)တောင်ရပ်ကွက်၊ (၁၀၈)တောင်ဘုရားအနီး ဆုထူးပန်ကျောင်းရှေ့တွင် ပစ် ခတ်မှုရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြော သည်။

သတင်း

မူးကမ်းကြီးရွာသည် အိမ်ခြေလေးထောင်ခန့်နှင့် ဘုန်းကြီးကျောင်း ၁၅ ကျောင်းရှိသော ရွာကြီးဖြစ်သည်။ ယနေ့နံနက်အခြေအနေအရ ရွာတွင် အိမ်ခြေဆယ်ဂဏန်းခန့်သာ အ​ကောင်းအတိုင်းကျန်ရှိတော့သည်ဟု ဒေသခံများကပြောသည်။