close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

စစ်အုပ်စုအမည်​ပြောင်းတဲ့အ​ပေါ်​တော်လှန်​ရေးအဖွဲ့​တွေဘာ​ပြောသလဲ

အာဏာသိမ်းစစ်အုပ်စုကအမည်​ပြောင်းတာ၊ ​ တော်လှန်​ရေးတပ်ဖွဲ့​တွေထိန်းချုပ်ထားတဲ့ ၆၃ မြို့နယ်ကိုစစ်အုပ်ချုပ်​ရေး​ကြေညာတာ၊တော်လှန်​ရေးတပ်​တွေကို အကြမ်းဖက်​သောင်းကျန်းသူတွေလို့သမုဒ်ပြီးရက် ၉၀ အတွင်းချုပ်ငြိမ်​အောင်လုပ်မယ်​ပြောတာ ၊ရွေး​ကောက်ပွဲလုပ် ထွက်​ပေါက်ရှာဖို့ပြင်ဆင်​နေတာတဲ့ စစ်အုပ်စုကို ​တော်လှန်​ရေးတပ်​တွေ ဘယ်လိုတုံ့ပြန်မလဲ ၊စစ်​အုပ်စုကို အလဲထိုးနိုင်ဖို့ ဘာ​​​ကအ​ရေးကြီဆုံးလဲဆိုတာ​တွေကို ​တော်လှန်​ရေးအဖွဲ့​တွေကို People’s Sprng ကမေးမြန်းခဲ့ပါတယ်။

“အကြမ်းဖက်စစ်ကောင်စီ ရဲ့ ပြည်သူတွေအပေါ်မှာ ခြိမ်းခြောက်မှုမှန်သမျှကို အသေအချာစောင့်ကြည့်နေပါတယ်”

—ဦးခိုင်သုခ (AA-​ပြော​ရေးဆိုခွင့်ရှိသူ)

“ကျွန်တော်တို့ဘက်ကတော်လှန်ရေးကိုရှေ့ဆက်တိုးမယ့် အလုပ်တွေကိုလည်း တစ်ဆင့်ပြီတစ်ဆင့်ဆောင်ရွက်နေတာတွေရှိတယ်”

— ဦး​နေဘုန်းလတ်(NUG ဝန်ကြီးချုပ်ရုံး​ပြောခွင့်ရ)

“စစ်ရေး၊နိုင်ငံရေးကိုဟန်ချက်ညီညီနဲ့ ကိုယ့်အရေးထက် တပြည်လုံးအရေးကိုအလေးထားပြီးတိုက်ပွဲဝင်ရအောင်လို့ပြောချင်တယ်”

— ဆလိုင်းထက်နီ(CNF/CNA ​ပြော​ရေးဆိုခွင့်ရှိသူ)

အာဏာသိမ်းစစ်အုပ်စုကအမည်​ပြောင်းတာ၊ ​ တော်လှန်​ရေးတပ်ဖွဲ့​တွေထိန်းချုပ်ထားတဲ့ ၆၃ မြို့နယ်ကိုစစ်အုပ်ချုပ်​ရေး​ကြေညာတာ၊တော်လှန်​ရေးတပ်​တွေကို အကြမ်းဖက်​သောင်းကျန်းသူတွေလို့သမုဒ်ပြီးရက် ၉၀ အတွင်းချုပ်ငြိမ်​အောင်လုပ်မယ်​ပြောတာ ၊ရွေး​ကောက်ပွဲလုပ် ထွက်​ပေါက်ရှာဖို့ပြင်ဆင်​နေတာတဲ့ စစ်အုပ်စုကို ​တော်လှန်​ရေးတပ်​တွေ ဘယ်လိုတုံ့ပြန်မလဲ ၊စစ်​အုပ်စုကို အလဲထိုးနိုင်ဖို့ ဘာ​​​ကအ​ရေးကြီဆုံးလဲဆိုတာ​တွေကို ​တော်လှန်​ရေးအဖွဲ့​တွေကို People’s Sprng ကမေးမြန်းခဲ့ပါတယ် ။အာရက္ခတပ်​တော်(AA) ၊ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ၊ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မ​တော်(CNF/CNA) တို့က တာဝန်ရှိသူ​တွေရဲ့ ​ဖြေကြားချက်​တွေကို ​ဖော်ပြ​ပေးလိုက်ပါတယ် ။

နေ့သစ်/People’s Spring

● ဦးခိုင်သုခ (AA ​ပြော​ရေးဆိုခွင့်ရှိသူ )

ဝိုင်အဟောင်းကို ဝိုင်ပုလင်းအသစ်မှာပြောင်းထည့်လိုက်ရုံနဲ့ အဲဒီ့ဝိုင်ရဲ့ နဂိုမူလအရသာပြောင်းလဲသွားမှာမဟုတ်ပါဘူး။အခုလည်း အလားတူ မျက်လှည့်ပြတဲ့ သဘောပါပဲ။ စစ်ယူနီဖောင်းတစ်ဝက် အရပ်ဝတ်တစ်ဝက် ဖားတစ်ပိုင်း ငါးတစ်ပိုင်းလဲဝတ်လိုက်ရုံနဲ့ သူတို့အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာ၊ ကောက်ကျစ် အောက်တန်းကျတဲ့ မူဝါဒတွေ ဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး။အရင်ကလည်း စစ်အုပ်ချုပ်ရေး အခုလည်းစစ်အုပ်ချုပ်ရေးပါပဲ။

Public Service Announcement

Public Service Announcement

ကိုယ်မထိန်းချုပ်နိုင်တော့တဲ့ နေရာတွေကို စစ်အုပ်ချုပ်ရေးကြေညာတယ်ဆိုတာကတော့ သူတို့အကြမ်းဖက်စစ်ကောင်စီရဲ့ ဂုဏ်သိက္ခာမဲ့မှုကို ရှင်းလင်းကွက်ကင်းစွာ ဖော်ပြနေတာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ အကြမ်းဖက်စစ်ကောင်စီ ရဲ့ ပြည်သူတွေအပေါ်မှာ ခြိမ်းခြောက်မှုမှန်သမျှကို အသေအချာစောင့်ကြည့်နေပါတယ်။ လိုအပ်ရင် လိုအပ်သလို တုန့်ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

● ဦး​နေဘုန်းလတ် (NUG ဝန်ကြီးချုပ်ရုံး၊ပြော​ရေးဆိုခွင့်ရှိသူ)

ဒီတစ်ချို့တွေက တရားမဝင်အတုအယောင်ရွေးကောက်ပွဲပေါ့။ အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ဖို့ ပြင်နေတဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို သူတို့ရဲ့ ထွက်ပေါက်လို့ ပြောကြတယ်ပေါ့။ အမှန်တိုင်းပြောရရင်တော့ ဘယ်ကမှထွက်မှာမဟုတ်ပါဘူး။ ထွက်ပေါက်လည်းမဟုတ်ဘူး။ ဘယ်ကမှလည်းထွက်သွားမှာမဟုတ်ဘူး။ အခုတောင်မှ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အရေးကြီးတဲ့ ရာထူးအကြီးဆုံးကြီးတွေကို ယူထားတာပဲလေ။ စစ်ကောင်စီကို စစ်ကော်မတီပြန်ပြောင်းဖွဲ့တယ်။ ပြီးတော့ ဥက္ကဌနေရာသူယူတယ်။ ပြီးတော့ စစ်ဦးစီးချုပ်နေရာလည်းသူပြန်ယူထားတယ်။ ပြီးတဲ့အခါမှာ နိုင်ငံတော်သမ္မတနေရာဆိုတာကိုလည်း သူ့ဟာသူဖန်တီးပြီးယူထားတယ်။ဝန်ကြီးချုပ်ဆိုတဲ့နေရာကို လွှဲပေးလိုက်တယ်လို့ အားလုံးကတော့ မြင်ကြလိမ့်မယ်။ ဒါပေမယ့်လည်း အဲဒီ့ ဝန်ကြီးချုပ် ဘာမှလုပ်ပိုင်ခွင့်မရှိအောင် သမ္မတ ရဲ့လုပ်ပိုင်ခွင့်တွေကို တိုးချဲ့ပြီးတော့ သမ္မတရုံးဝန်ကြီး ဌာနဆိုရင် ၁၊၂၊၃၊၄ ဆိုပြီး လေးခုတောင်ထားထားပြီး ပြည်ထောင်စုဝန်ကြီးလေးဦးခန့်ထားတာတွေ့ရတယ်။ပြီးတော့ စစ်ကော်မရှင်မှာဆိုရင်လည်းပဲ အဲဒီ့ဝန်ကြီးချုပ်ဆိုတဲ့လူကို အဖွဲ့ဝင်နေရာမှာပဲထားထားတယ်။ ပြောရရင် ဘာမှ လက်ရှိအပြောင်းအလဲမှာတောင်မှ စစ်ခေါင်းဆောင်က သူ့ရဲ့ရာထူးတွေကိုစွန့်လွှတ်ထားတာမရှိဘူး။အဲဒီတော့တရားမဝင်ရွေးကောက်ပွဲလုပ်ပြီးရင်ရော သူကသူ့ရာထူးတွေစွန့်လွှတ်မှာလား။ ဒီအတိုင်းထွက်သွားမှာလားဆိုတဲ့ကိစ္စက အဲဒါက မျှော်လင့်တဲ့သူတွေ မျှော်လင့်နေတာ။ ကျွန်တော်တို့ အနေနဲ့ကတော့ ဘာမှဖြစ်လာစရာ အကြောင်းမရှိဘူး။ သူကဘုရင်ရူး ရူးနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မိုလို့ ကြီးမားတဲ့ရာထူးတွေကို တစ်နည်းနည်းနဲ့‌ တော့ဆက်လက်ဆုပ်ကိုင်ထားမယ်လို့ပဲကျွန်တော်တို့ကမြင်ပါတယ်။

ပြောင်းလဲလိုက်တဲ့ အခင်းအကျင်းကို သုံးသပ်မယ်ဆိုရင် ကာလုံကို အင်အားဖြည့်ထားတာတွေ့ရတယ်။ ကာလုံအတွက် ဗဟိုအကြံပေးဆိုပြီးဖွဲ့တယ်။ ကာလုံမှာ ရုံးအဖွဲ့သဘောမျိုး ဖွဲ့လိုက်တာလည်းတွေ့ရတယ်။ပြီးတော့ ဒီနိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဆိုတဲ့ ကိစ္စ မှာလည်း စစ်ကော်မရှင်မှာလည်း လုံခြုံရေးတို့ အေးချမ်းသာယာရေးတို့ ဆိုတဲ့ ခေါင်းစဉ်တွေကို တပ်ထားတာ ကျွန်တော်တို့တွေ့တယ်။ အဲဒီ့အတွက်ကြောင့်မိုလို့ ပြောင်းလဲလိုက်တဲ့ အခင်းအကျင်းမှာက ကာကွယ်ရေးတို့ လုံခြုံရေးတို့ အေးချမ်းသာယာရေးတို့ စကားလုံးတွေကို အသုံးချပြီးတော့ စစ်ရေးအရှိန် မြှင့်တာတွေ ပြည်သူလူထုကိုဦးတည်ပြီးတိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီး တိုက်ခိုက်မှုတွေ နောက်ပြီးတော့ အခြားသော စစ်ရာဇဝတ်မှုတွေ ထပ်တိုးပြီးတော့ ကျူးလွန်လာဖို့ကိုလမ်းခင်းလိုက်တယ်လို့ပဲ ကျွန်တော်တို့ကတော့ သုံးသပ်ပါတယ်။

တကယ်တမ်းကျတော့တိုင်းပြည်ရဲ့နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးတယ်။နောက်ပြီးတော့ပြည်သူ့ Mandate အရပေါ်ပေါက်လာတဲ့အစိုးရခေါင်းဆောင်တွေကိုလည်းဖမ်းဆီးတယ်။မတရားဖမ်းဆီးအကျဉ်းချထားတယ်။ အဲဒီတော့ နိုင်ငံတော်ပုန်ကန်မှု ပေါ့။ ဒါက နိုင်ငံတော် ပုန်ကန်မှုပါပဲ။ အဲဒီ့နိုင်ငံတော်ပုန်ကုန်မှုကိုကျူးလွန်တဲ့သူကအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်သာလျှင်ဖြစ်တယ်ပေါ့ဗျာ။ ဒီ့နောက်ပိုင်းမှာလည်း တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ စစ်ရာဇဝတ်မှူတွေ မျိုးစုံကျူးလွန်ထားတယ်။ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ လည်းကျူးလွန်ထားတာတွေရှိတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေလည်းပဲလုပ်ကိုင်ဆောင်ရွက်ခဲ့တာတွေရှိတယ်။ နောက်ပြည်သူလူထု ကိုပစ်မှတ်ထားပြီး နည်းလမ်းပေါင်းစုံနဲ့ ဖိစီးနှိပ်စက်တာတွေညှင်းပမ်းနှိပ်စက်တာတွေသတ်ဖြတ်တာတွေ ဒါတွေလည်း တောက်လျှောက်ပြုလုပ်နေတယ်။ အဲဒီတော့ တကယ့်စစ်ရာဇဝတ်ကောင်တွေဟာ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းအပါတွေသာလျှင်ဖြစ်တယ်။ ဒါကိုဖုံးကွယ်ချင်တော့ ကိုယ့်ရဲ့ အပြစ်ကို ဖုံးကွယ်ချင်တဲ့အခါကျတော့ အခြားသူတွေကို လက်ညှိုးထိုးတာပေါ့။ တကယ့်တရားဝင် ရှိနေတဲ့ CRPH ဆိုရင်လည်းပဲ ပြည်သူ့ Mandate အရ ပေါ်ပေါက်လာတာဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်အရ ပြည်သူ့Mandate အရ ပေါ်ပေါက်လာတဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီတွေရှိတယ်။ ပြီးရင် တခြားသော ပြည်သူလူထုရဲ့ ထောက်ခံမှုရရှိထားတဲ့ အစုအဖွဲ့တွေပေါင်းထားတဲ့ NUCC ဆိုတာရှိတယ်။ အဲဒီ့ကနေမှတစ်ဆင့် ပေါ်ပေါက်လာတဲ့ ပြည်သူ့အစိုးရပေါ့၊ အမျိုးသားညီညွှတ်ရေးအစိုးရရှိတယ်။ တကယ့် Mandate ပြည်သူ့ထောက်ခံမှုလည်းရှိတယ်။ပြည်သူလူထုရဲ့ တရားဝင်ပေး ထားတဲ့ Legitimacy ပေါ့နော် ။ တရားဝင်မှုတွေရှိနေတဲ့ အဖွဲ့အစည်း တွေကို အကြမ်းဖက်သောင်းကျန်းသူလို့လက်ညှိုးထိုးပြီးသူတို့ရဲ့အပြစ်‌တွေကို ဖုံးကွယ်တဲ့သဘောပေါ့။ ဒီသ‌ဘောကိုလုပ်နေတာကအင်မတန်မှထင်ရှားတဲ့ အချက်အလက်တွေလို့ပဲ ပြောရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေလို့ပဲပြောမလား ၊ ဒါက ဒီတော်လှန်ရေးကာလမှမဟုတ်ဘူး။ ရှေ့မှာလည်း နှစ်ပေါင်းများစွာဖြစ်ခဲ့တာတွေရှိတယ်။ဒါတွေအားလုံးရဲ့ အရင်းခံက အကြမ်းဖက်စစ်တပ်သာလျှင်ဖြစ်တယ်။ပြည်သူလူထုကိုကာကွယ်ရမယ်ဆိုတဲ့ စစ်တပ်ဆိုတဲ့ Institution ကြီးတစ်ခုကိုသူတို့ရဲ့အာဏာရမ္မက်အတွက် အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်အောင် အသွင်ပြောင်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေစစ်ဗိုလ်ချုပ်တွေပေါ့နော်။သူတို့မှာအများကြီးတာဝန်ရှိပါတယ်။ဒီလိုလူတွေကသာလျှင်အကြမ်းဖက်တွေဖြစ်တယ်။

ဒီလို‌လူတွေကသာလျှင် တိုင်းပြည်ရဲ့ မတည်ငြိမ်မှု မငြိမ်သက်မှု မအေးချမ်းမှုတွေကို ဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်ဗျ။

အမှန်အတိုင်းပြောရရင် သူထုတ်ပြန်ထားတဲ့ ၆၃ မြို့နယ်ဆိုတာ အဲဒီ့ထက်မကပါဘူး။ တကယ့်မြေပြင်မှာ လက်တွေ့မြေပြင်မှာဆိုရင်တော့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့နယ်မြေတွေက ၆၃ မြို့နယ်မကဘူး။ အဲဒါအပြင် မြို့တွေကို မထိန်းချုပ်နိုင်‌ရင်တောင်မှ ရွာတွေကို ထိန်းချုပ်ထားပြီးတော့ စစ်တပ်ဂိတ်တွေ စစ်တပ်ဌာနချုပ်တွေကို ဝိုင်းပတ်ထားတဲ့ မြို့တွေလည်းအများကြီး ရှိနေတယ်။ဒီ့ထက်ပိုတဲ့ စိုးမိုးမှုတွေကို တော်လှန်ရေးအင်အားစုတွေ က စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။အဲဒီတော့ ဒီနေရာတွေကို သူကတော့ သေချာတာတော့ ရက်ပေါင်း (၉၀) စစ်အုပ်ချုပ်ရေးကြေညာပြီးတော့ ဒီနေရာတွေကို ပြန်ပြီးတော့ စစ်ကြောင်းထိုးတာတွေ ရက်ရက်စက်စက်ဖြိုခွင်းတာတွေ နောက် ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်တာတွေလုပ်လာပြီးတော့ နယ်မြေဧရိယာတွေပြန်ရယူဖို့တော့ကြိုးစားမှာဖြစ်ပါတယ်။ဒါကတော့ သူ့ရဲ့ကြိုးစားအားထုတ်မှုပေါ့။ ဒါတွေက အများကြီးတော့ထိရောက်မှုရှိမယ်လို့ မယုံကြည်ဘူး။တော်လှန်ရေးအင်အားစုတွေကလည်း ရပ်နေတာမဟုတ်ဘူး။ကျွန်တော်တို့မှာ ပြင်ဆင်မှုတွေ ဖြည့်ဆည်းမှုတွေ ဒါ‌တွေလည်း ဆောင်ရွက်နေတာရှိသလို ကျွန်တော်တို့ဘက်က တော်လှန်ရေးကို ရှေ့ဆက်တိုးမယ့် အလုပ်တွေကိုလည်း တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်နေတာတွေရှိတယ်ပေါ့။သူဘယ်လောက်ပဲ စစ်အုပ်ချုပ်ရေးပဲ ကြေညာ ကြေညာ ဘယ်လောက်ပဲ ထိုးစစ်တွေဆင်ဆင် သူတို့ရည်မှန်းတဲ့ ဒီနေရာတွေကို ပြန်လည်ပြီး‌တော့ ရယူဖို့ ဆိုတဲ့ကိစ္စကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

တော်လှန်ရေးမှာက ဖက်ဒရယ်ဒီမိုကရေစီ Charter ဆိုပြီးရှိတယ်။ အဲဒီ့အထဲမှာဆိုရင် ကျွန်တော်တို့ Road Map ဆိုပြီး နိုင်ငံရေးလမ်းပြမြေပုံ ဆိုပြီး (၁၂) ချက်လည်းထုတ်ပြန်ထားတာရှိတယ်။

အဲဒီ့ (၁၂) ချက်ထဲမှာ အခုဆိုရင် နံပါတ် (၈) ဖြစ်တဲ့ Transitional Constitution ပေါ့။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို AFTA ပေါ့။ Article of Federal Transitional Arrangement ဆိုပြီးတော့ ရေးဆွဲနေပြီဖြစ်ပါတယ်။ ဒါကိုလည်း ဒီနှစ်ထဲမှာ ပြီးအောင်ရေးဆွဲ ကြလိမ့်မယ်လို့ ရည်မှန်းထားတယ်။ ဒါကိုပြီးရင်တော့ Road Map နံပါတ် (၉) ဖြစ်တဲ့ Transitional Government တစ်ခုဖွဲ့စည်းနိုင်ဖို့ကို ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့်ဆက်ပြီးသွားရမယ့် အခြေအနေဖြစ်ပါတယ်။ တော်လှန်ရေးဟာ တစ်ယောက် တစ်ပေါက်နဲ့ တစ်မျိုးစီဖြစ်နေတာမဟုတ်ပါဘူး။ကျွန်တော်တို့မှာ မူဝါဒခိုင်ခိုင်မာမာရှိတယ်။ ကျွန်တော်တို့ လမ်းပြမြေပုံခိုင်ခိုင်မာမာရှိတယ်။ကျွန်တော်တို့ တစိုက်မတ်မတ် အဲဒီ့အတိုင်းကိုပဲ ဆက်လက်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်လျက်ရှိတယ်။အဲဒါတွေအပြင် ကျွန်တော်တို့မှာ နိုင်ငံရေးအရ ဦးတည်ချက် (၆) ချက်ဆိုပြီး တော်လှန်ရေးအင်အားစုတွေ ကြားထဲမှာ ထုတ်ပြန်ထားတဲ့ ဒီတော်လှန်ရေးရဲ့ နိုင်ငံရေး ဦးတည်ချက်တွေလည်းရှိပါတယ်။ ဒါတွေကိုလည်းပဲ အခုလက်ရှိ လက်ခံထားသူတွေအပြင်ထပ်မံပြီးတော့ ဒီဦးတည်ချက်တွေအပေါ်မှာ လက်ခံလာအောင် Inclusive Net ပေါ့နော်။ပါဝင်ပတ်သက်မှုတွေပိုများလာအောင် ကျွန်တော်တို့ ဆွေးနွေးတာတွေညှိုနှိုင်းတာတွေတိုင်ပင်တာတွေလည်းပဲ တောက်လျှောက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်ဗျ။

အရေးကြီးဆုံးကတော့ ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေကြားထဲက ညီညွှတ်မှုဖြစ်ပါတယ်။ ဒါအရေးကြီးဆုံးဖြစ်တယ်ဆိုတဲ့ကိစ္စကို အကြမ်းဖက်စစ်အုပ်စုကလည်းကောင်းကောင်းသိပါတယ်။အဲဒါကြောင့်မိုလို့ ဒါကိုပဲ သူတို့ ဖဲ့ထုတ်ဖို့ တစ်ချောင်းချင်းချိုးဖို့ဆိုတာမျိုးကို အမြဲတစေ သူတို့ကြိုးစားနေတာတွေရှိတယ်။ သူတို့သွေးခွဲနေတာတွေရှိပါတယ်။ အခုဆိုရင်လည်း NUG နဲ့ PDF ကိုခွဲတဲ့ အနေနဲ့ PDF တွေကိုလက်နက်ချဖို့ဆိုတာမျိုးတွေ ပြောနေတာတွေရှိတယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဆိုရင်လည်း တစ်ချို့သောနိုင်ငံကြီးတွေရဲ့အကူအညီနဲ့ စကားပြောပြီးဖိအားပေးနေတာတွေရှိတယ်။ဒါဟာ တော်လှန်ရေးရဲ့ ညီညွှတ်ရေး ညီညွှတ်မှုကို ဖြိုခွဲဖို့ကြိုးစားနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ကတော့ကျွန်တော်တို့တော်လှန်ရေအင်အားစုတွေ အချင်းချင်းကြားထဲမှာ ‌ညီညွှတ်မှုတစ်ခုကို အစည်းမပြေသွားအောင် လက်ကိုတင်းတင်းဆုပ်ကိုင်ထားကြဖို့ အရေးကြီးပါတယ်။အကြမ်းဖက်စစ်အုပ်စုကတော့ သူ့ဘာသာသူ သူလုပ်ချင်တဲ့ဟာကို တစိုက်မတ်မတ်နဲ့လုပ်သွားမှာဖြစ်တယ်။ဒါ‌ပေမယ့် အဲဒီ့လုပ်ရပ်တွေဟာ ကျွန်တော်တို့ရဲ့ ညီညွှတ်ရေးကို ထိပါးစေတာမျိုးတွေ အဖြစ်မခံရအောင် ကျွန်တော်တို့ရဲ့ ညီညွှတ်မှုကို ခိုင်ခိုင်မာမာတည်ဆောက်ထားဖို့ကတော့အင်မတန်မှအရေးကြီးမယ်လို့ယူဆပါတယ်။

ပြည်သူလူထုနဲ့ပတ်သက်ပြီးတော့ တော်လှန်ရေးစကတည်းက အခုချိန်အထိ ပြည်သူတွေက ကျရာနေရာမှာပေါ့ ၊ ရတဲ့နည်းနဲ့ စစ်အုပ်စုကို ဆန့်ကျင်ကြောင်းကိုနည်းလမ်းပေါင်းစုံနဲ့ ပြခဲ့တာတွေရှိပါတယ်။ အခုလည်း တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မ ဖိအားပေးပြီးလုပ်လာတဲ့အခါမှာလည်း ပြည်သူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒါကိုရှောင်လွှဲနိုင်ဖို့ ကြိုးစားကြမယ်ဆိုတာကျွန်တော်ကတော့အပြည့်အဝယုံကြည်တယ်။အဲဒီတော့ ပြည်သူကဒါကိုလုံးဝလက်မခံဘူး။ စစ်တပ်က အာဏာမတရားလုယူတာကိုလုံးဝလက်မခံဘူး။ နောက်လူထုခေါင်းဆောင်တွေ နောက်ပြီးတော့ တိုင်းပြည်ရဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေကို မတရားဖမ်းဆီးထားပြီး ချုပ်နှောင်ထားပြီးတော့ စစ်တပ်ကလက်နက်အားကိုးပြီး လုပ်ချင်တိုင်းလုပ်တာကို နည်းလမ်းပေါင်းစုံနဲ့ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာပြည်သူကလက်မခံဘူးဆိုတာ အင်မတန်မှရှင်းပါတယ်။ဒီလိုပြည်သူကလက်မခံပါဘူးလို့ နည်းလမ်းပေါင်းစုံနဲ့ ပြနေတာတောင် ဇွတ်အတင်း ဒီတရားမဝင်ရွေးကောက်ပွဲကို လုပ်ဖို့ကြိုးစားတာ ပြည်သူကိုထပ်ပြီး စိန်ခေါ်လိုက်တဲ့ဟာပါပဲ။ ပြည်သူလူထုနဲ့ အကြမ်းဖက်စစ်တပ်ကတော့ ထပ်ပြီး ထိပ်တိုက် တွေ့ရမယ့် အခြေအနေမျိုးဖြစ်နေပါတယ်။ ဒီလိုအခြေအနေမှာတော့ ကျွန်တော်တို့ တော်လှန်ရေး အင်အားစု တွေနဲ့ ပြည်သူတွေနဲ့ စုစုစည်းစည်း ညီညီညွှတ်ညွှတ် ရှိနေပြီးတော့ စစ်တပ်က ဘာလုပ်လုပ် ပေါ့နော် ၊အကြမ်းဖက်စစ်တပ်လုပ်သမျှ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကလုပ်သမျှ အလုပ်တွေအားလုံးဟာ ကျွန်တော်တို့တစ်နိုင်ငံလုံးကို စစ်ကျွန်ဘဝကို ပြန်ပြီးသွပ်သွင်းမယ့် အဆိုးကျော့ သံသရာပေါ့နော်။စစ်တပ်ကလက်နက်အားကိုးပြီး ထင်ရာစိုင်းနေတဲ့ ဘဝဆိုးကြီးထဲကို အ‌ဆိုးကျော့သံသရာပြန်လည်မယ့် ကိစ္စမျိုး‌တွေမဖြစ်အောင် ကျွန်တော်တို့ စုစုစည်းစည်းညီညီညွှတ်ညွှတ်နဲ့တုန့်ပြန်ဆောင်ရွက်ကြဖို့အင်မတန်မှ အရေးကြီးတယ်လို့ပြောချင်ပါတယ်ဗျ။

ဆလိုင်းထက်နီ (CNF ​ပြော​ရေးဆိုခွင့်ရှိသူ)

အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲ အားဖြင့်သူ့ရဲ့နိုင်ငံရေး ထွက်ပေါက် တဖြစ်လဲ နိုင်ငံရေးမှာ စစ်တပ် ထာဝစဉ်ရပ်တည်ရေးအတွက် သူ့ရဲ့ လုပ်ငန်းစဉ်တွေထဲက နောက်ဆုံးသောကြိုးပမ်းလုပ်ဆောင်မှုပါ။

စကစ ကလိုရင်တမျိုး၊ မလိုရင်တမျိုး ကျနော်တို့ကိုနာမည်အမျိုးမျိုးတပ်ခေါ်နေတာကို ၎င်းရဲ့ ဂုဏ်သိက္ခာမဲမှုကို ဖော်ပြနေတာ၊ ပြည်သူနဲ့ အတူ ပြည်သူဖက်ကရပ်တည်နေတဲ့ ကျနော်တို့ တော်လှန်ရေးတပ်တွေဘယ်တော့မှသောင်းကျန်းသူ မဟုတ်ဘူးဆိုတာပဲ။

တိုတိုပြောရင် ကျနော်တို့ စိုးမိုရထားတဲ့ နယ်မြေကို ထိုးစစ်ပြန်ဖော်ဆောင်မယ်ပေါ့။လေကြောင်းတော့ပြောလို့မရဘူး၊ကုန်းကြောင်းတော့ စကစဖက်က ဆုံးရှုံးမှု တော်တော်ကြီးသွားမယ်။

စကစရဲ့ ရှေ့လုပ်ငန်းစဉ်တွေထဲကနောက်ဆုံးသောအစီအစဉ်(​ရွေး​ကောက်ပွဲ) ဆိုတော့ သူ့ဖက်က မရမကလုပ်လာမှာပါ။ကျနော်တို့ဖက်ကလည်း သူ့ရဲ့ နောက်ဆုံး အစီအစဉ်ကို နောက်တခါ ဖြစ်မလာအောင် တုံ့ပြန်သွားဖို့ပါပဲ၊။

၄ နှစ်တာအတွေ့အကြုံကိုသင်ခန်းစာယူပြီးစစ်ရေး နိုင်ငံရေးကို ဟန်ချက်ညီညီနဲ့ ကိုယ့်အရေးထက် တပြည်လုံးအရေးကိုအလေးထားပြီးတိုက်ပွဲဝင်ရအောင်လို့ ပြောချင်တယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့တနင်္သာရီတိုင်းမှာသပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၂)မှာ စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

အကြောင်းပြချက်မရှိဘဲ ပြည်သူလူထုကို ဖမ်းဆီးပြီး အချိန်ကန့်သတ်ချက်မရှိ ချုပ်နှောင်ဖို့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ) စစ်ကောင်စီက ဩဂုတ် ၁ ရက်စွဲနဲ့ ထပ်မံ ပြဋ္ဌာန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိသည့် မြို့ရွာများကို စစ်အုပ်ချုပ်ရေး ကြေညာမှုသည် ၎င်းတို့၏ ဂုဏ်သိက္ခာမဲ့မှုကိုရှင်းလင်းစွာ ဖော်ပြခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် (AA) ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပြီး စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများကို စောင့်ကြည့်နေဟု အသိပေးသည်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ချောင်းဦးကြား မိုင်းရှင်းထွက်လာတဲ့ စစ်အုပ်စု မိုင်းထိပြီး ထိခိုက်မှုတွေရှိကြောင်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

Facebook