close
Connect with us

Hi, what are you looking for?

သတင်း

ပြည်သူတွေကို ထင်သလိုဖမ်းဆီးချုပ်နှောင်မယ့် နိုင်လွတ်လုံဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း

အကြောင်းပြချက်မရှိဘဲ ပြည်သူလူထုကို ဖမ်းဆီးပြီး အချိန်ကန့်သတ်ချက်မရှိ ချုပ်နှောင်ဖို့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ) စစ်ကောင်စီက ဩဂုတ် ၁ ရက်စွဲနဲ့ ထပ်မံ ပြဋ္ဌာန်းလိုက်ပါတယ်။

ရန်ကုန်မြို့တနေရာမှာ လူငယ်တွေကို ဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

သြဂုတ်-၂ ၊ ၂၀၂၅။ရဲခေါင်/People’s Spring

အကြောင်းပြချက်မရှိဘဲ ပြည်သူလူထုကို ဖမ်းဆီးပြီး အချိန်ကန့်သတ်ချက်မရှိ ချုပ်နှောင်ဖို့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံ) စစ်ကောင်စီက ဩဂုတ် ၁ ရက်စွဲနဲ့ ထပ်မံ ပြဋ္ဌာန်းလိုက်ပါတယ်။

သြဂုတ် ၁ ရက်က ထွက်ရှိလာတဲ့ စစ်ကောင်စီအမိန့်စာအရ နိုင်လွတ်လုံဥပဒေပြဌာန်းချက်ပါ ပုဒ်မ ၅၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈တို့ကို ရပ်ဆိုင်းထားပြီး လိုသလိုဖမ်းဆီးချုပ်နှောင်ဖို့ ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။

“အိမ်တွေကို ဝရမ်းမပါဘဲ ထင်သလိုဝင်ရောက်စီးနင်းဝင်ရှာမယ်။ လိုအပ်ရင် ၂၄ နာရီထက် ပိုချုပ်ထားမယ်။ ဖုန်းတွေကို ကြားဖြတ်နားထောင်မယ်။ ဂုဏ်သိက္ခာကျဆင်းအောင်လည်းလုပ်မယ်။ ပစ္စည်းတွေလဲ ထင်သလို သိမ်းဆည်းမယ်။ ဥပဒေအရဆိုပြီး ထင်ရာစိုင်းတော့မယ့်သဘောပဲ”လို့ စစ်ကောင်စီရဲ့ နိုင်လွတ်လုံဥပဒေအပေါ် ပြည်သူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရပ်ဆိုင်းလိုက်တဲ့ ပုဒ်မ ၅မှာ တစ်စုံတစ်ယောက်ရဲ့ နေအိမ်၊ပရဝဏ်ထဲကို သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ အာဏာပိုင်သက်သေတွေနဲ့ ရှာဖွေရမယ်လို့ ဆိုထားပါတယ်။

တရားရုံးရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ ၂၄နာရီထက်ကျော်လွန်ပြီး ချုပ်နှောင်ခွင့် မရှိဘူးဆိုတဲ့ ပုဒ်မ ၇ပါ ပြဌာန်းချက်ကိုလည်း စစ်ကောင်စီက ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ပုဒ်မ ၈အရ တည်ဆဲဥပဒေ ခွင့်ပြုမိန့်၊ ခွင့်ပြုချက်နဲ့ ဝရမ်းမပါဘဲ ဖမ်းဆီးတာတွေ မလုပ်ဖို့နဲ့ နောက် ယောင်ခံတာ၊ထောက်လှမ်းတာနဲ့ စုံစမ်းတာတွေ အပါအဝင် ဆက်သွယ်ရေးပစ္စည်းသုံးပြီး ကြားဖြတ်နားထောင်တာ၊ပြည်သူပိုင်ပစ္စည်းတွေကို မတရားသိမ်းယူတာပျက်စီးစေတာနဲ့ ဖျက်ဆီးတာတွေ မလုပ်ဖို့ မူလဥပဒေမှာ ဖော်ပြထားပါတယ်။

ဒီချုပ်အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေးကိုကာကွယ်ရေးဥပဒေကို ပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

“ဒီရက်ပိုင်း စစ်ကောင်စီရဲ့ ပြဌာန်းတာ၊ပြင်ဆင်တာ တွေလုပ်ခဲ့တဲ့ ဥပဒေတိုင်းက သူတို့လုပ်မယ့်ရွေး ကောက်ပွဲ အောင် မြင်စွာကျင်းပဖို့ ပြီးမြောက်ဖို့အတွက် ဖြစ်တယ်”လို့ တရားလွှတ်တော် ရှေ့နေ့တစ်ဦးက မှတ်ချက်ပေးပါတယ်။

ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားသူတွေနဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ ဖောက်ဖျက်သူမှန်သမျှကို ထောင်ဒဏ်တစ်သက်နဲ့ သေဒဏ်တွေပေးမယ့် ဥပဒေတွေကို စစ်ကောင်စီက ဇူလိုင် ၂၈ နဲ့ ၂၉ ရက်မှာ ပြဌာန်းထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အာဏာသိမ်းစစ်အုပ်စုကအမည်​ပြောင်းတာ၊ ​ တော်လှန်​ရေးတပ်ဖွဲ့​တွေထိန်းချုပ်ထားတဲ့ ၆၃ မြို့နယ်ကိုစစ်အုပ်ချုပ်​ရေး​ကြေညာတာ၊တော်လှန်​ရေးတပ်​တွေကို အကြမ်းဖက်​သောင်းကျန်းသူတွေလို့သမုဒ်ပြီးရက် ၉၀ အတွင်းချုပ်ငြိမ်​အောင်လုပ်မယ်​ပြောတာ ၊ရွေး​ကောက်ပွဲလုပ် ထွက်​ပေါက်ရှာဖို့ပြင်ဆင်​နေတာတဲ့ စစ်အုပ်စုကို ​တော်လှန်​ရေးတပ်​တွေ ဘယ်လိုတုံ့ပြန်မလဲ ၊စစ်​အုပ်စုကို အလဲထိုးနိုင်ဖို့ ဘာ​​​ကအ​ရေးကြီဆုံးလဲဆိုတာ​တွေကို ​တော်လှန်​ရေးအဖွဲ့​တွေကို People's Sprng ကမေးမြန်းခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၎င်းတို့ ထိန်းချုပ်နိုင်ခြင်းမရှိသည့် မြို့ရွာများကို စစ်အုပ်ချုပ်ရေး ကြေညာမှုသည် ၎င်းတို့၏ ဂုဏ်သိက္ခာမဲ့မှုကိုရှင်းလင်းစွာ ဖော်ပြခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် (AA) ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပြီး စစ်ကောင်စီ၏ ခြိမ်းခြောက်မှုများကို စောင့်ကြည့်နေဟု အသိပေးသည်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့ကိုစစ်တပ်ကဒီမနက် လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့တာ​ကြောင့်က​လေးငယ်​အချို့ အပါအဝင် ​သေဆုံးသူ ၁၃ဦးထိရှိလာပြီလို့ ​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

ပြည်သူ ၇ ဦး​သေဆုံးတယ်လို့​ဒေသခံအချို့​ပြော

Facebook