Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေကူနယ်တွင် KIAနှင့် PDF ပူးပေါင်းတိုက်ခိုက်၍ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သေဆုံးထိခိုက် သူများ

ရွှေကူမြို့နယ် ကျောက်တလုံးရွာမှ ယနေ့နံနက် ၄နာရီခွဲ၌ ရွောအထက်ဘက်သို့ စစ်ကြောင်းထိုး ထွက်လာစဉ် KIA တပ်ရင်း(၅) တပ်ရင်းမှ ဗိုလ်နေရောင် အဖွဲ့ က ကြိုတင် စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

မြို့လှ PDF ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - မြို့လှ PDF
မြို့လှ PDF ရဲဘော်များအား တွေ့ရစဉ်၊ဓာတ်ပုံ - မြို့လှ PDF

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင် ကချင်လွတ်လပ် ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် သေဆုံးထိခိုက်များပြားခဲ့ကြောင်း မြို့လှ PDFက သတင်းထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၁၀ရက်) နံနက်က စစ်ကော်စီ၏ ခမရ(၄၁၅) နှင့် ခလရ(၁၀) တပ်တို့မှ အင်အား ၇၅ဦး ခန့်သည် ဧရာဝတီမြစ်ကမ်းဘေးရွာများနှင့်အနီးတစ်ဝိုက် မြစ်ကြောင်းလုံခြုံရေးယူရန် နယ်မြေရှင်းလင်း ထိုးစစ်ဆင်လှုပ်ရှားလာစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ရွှေကူမြို့နယ် ကျောက်တလုံးရွာမှ ယနေ့နံနက် ၄နာရီခွဲ၌ ရွောအထက်ဘက်သို့ စစ်ကြောင်းထိုး ထွက်လာစဉ် KIA တပ်ရင်း(၅) တပ်ရင်းမှ ဗိုလ်နေရောင် အဖွဲ့ က ကြိုတင် စောင့်ဆိုင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီဘက် မှ ၆ ဦး ထက်မနည်း သေဆုံးပြီး ၁၀ဦးထက်မနည်း ဒါဏ်ရာ၊ ပြင်းထန် ရရှိခဲ့ကြောင်း ၊ စစ်ကောင်စီတပ်သည် ဒေသခံရွာသားများကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း မြို့လှ PDFက ထုတ်ပြန်သည်။

ကျန်နေသည့် စစ်ကောင်စီတပ်သားများက တိုက်ပွဲ၌ ကျဆုံးခဲ့သည့် စစ်ကောင်စီ အရာရှိ ၃ဦးအား မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်က ယနေ့(ဩဂုတ် ၁၀ရက်)တွင် လက်နက်ကြီးဖြင့် ပစ်ခတ်၍ နေအိမ်တစ်လုံးထိမှန်ကာ အမျိုးသမီးတစ်ဦးအသက်ဆုံးရှုံးခဲ့ရသည့်အပေါ် ဝမ်းနည်းကြောင်းလည်း ဟားခါး CDFက ဖော်ပြသည်။

သတင်း

ဇူလိုင်နောက်ဆုံးပတ်ကစ၍ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ဘက်သို့အင်အားအလုံးအရင်းဖြင့်စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသည်။

သတင်း

ယနေ့နေ့လယ်ပိုင်းက သာကေတ (၁၀)တောင်ရပ်ကွက်၊ (၁၀၈)တောင်ဘုရားအနီး ဆုထူးပန်ကျောင်းရှေ့တွင် ပစ် ခတ်မှုရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြော သည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းပစ်ရာ ဒေသတွင်းရှိ ပြည်သူ ၃ဦး ထိမှန်ခဲ့ပြီး ၁ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားသည်။