Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တွင် မြေနီကုန်းတံတားဖြတ်သန်းခွင့်ပိတ်ထား၍ ယာဉ်ကြောပိတ်ဆို့မှုဆိုးရွားစွာဖြစ်နေ

မြေနီကုန်းတံတားပေါ်မှ ဖြတ်သန်းမည့်ယာဉ်များအနေဖြင့် တံတားအောက်လမ်းမှသာ သွားခွင့်ပေးထားသောကြောင့် ယာဉ်ကြောပိတ်ဆိုးမှုဆိုးရွားနေခြင်းဖြစ်သည်။

ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ပြင်ဆင်မှုများပြုလုပ်နေစဉ်၊ ဓာတ်ပုံ - PS
ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ပြင်ဆင်မှုများပြုလုပ်နေစဉ်၊ ဓာတ်ပုံ - PS

ရန်ကုန်မြို့တွင် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် အကြမ်းဖက်စစ်ကောင်စီက မြေနီကုန်းတံတား ဖြတ်သန်းခွင့်ပိတ်ထား၍ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးဝါးဝါးဖြစ်နေသည်။

မြေနီကုန်းတံတားပေါ်မှ ဖြတ်သန်းမည့်ယာဉ်များအနေဖြင့် တံတားအောက်လမ်းမှသာ သွားခွင့်ပေးထားသောကြောင့် ယာဉ်ကြောပိတ်ဆိုးမှုဆိုးရွားနေခြင်းဖြစ်သည်။

“တံတားထိပ်မှာ တုံးတွေချထားပြီး အောက်ကပဲသွားဖို့ ဘဲဥ နှစ်ကောင် ပြောနေတာ”ဟု ယင်းနေရာသို့ ဖြတ်လာသည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ နေရာတွင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် လှည်းတန်း ဘက်တွင်လည်း ယာဉ်ကြော ပိတ်ဆို့နေပြီး ရွှေဂုံတိုင်ဘက်တွင်လည်း ရွှေဂုံတိုင်လမ်းဆုံအထိ ယာဉ်ကြောပိတ်ဆို့နေသည်။

“လှည်းတန်းနဲ့ မြေနီကုန်းကိုတစ်နာရီလောက်စီးလိုက်ရတယ်”ဟု YBS စီနင်းသူတစ်ဦးက ပြောသည်။

မြေနီကုန်းတံတား‌ပေါ်သို့ ယာဉ်ဖြတ်သန်းခွင့်မပေးသည့် အကြောင်းကို လူထုနွေဦး အနေဖြင့် သီးခြားအတည်မပြုနိုင်သော်လည်း ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည့် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်ထောင်စုနေ့ အခမ်းအနားပြင်ဆင်မှုကြောင့်ဖြစ်နိုင်ကြောင်း ပြည်သူတစ်ဦးက မှတ်ချက်‌ပြုသည်။

You May Also Like

သတင်း

စစ်အုပ်စုဟာ ဒီနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လူ ၃၀၀ ခန့်နဲ့ စစ်တပ်ထောက်ခံပွဲလုပ်ဖို့ရှိပြီး မြို့လယ်ခေါင်အနီးပတ်ဝန်းကျင် မှာ ချီတက်ကြဖို့လည်းရှိနေပါတယ်။

သတင်း

စမ်းချောင်းမြို့နယ် မြေနီကုန်းအနီး စစ်ကောင်စီဝင်များ အစစ်အဆေးကြမ်းနေကြောင်းသိရသဖြင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် အဝေးဆုံးမှ ရှောင်ရှားသွားလာကြရန်လည်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက လူမှုကွန်ရက်မှတဆင့် အသိပေးဖော်ပြခဲ့သည်။

သတင်း

YUA အနေဖြင့် မြေပြင်၌ အမှန်တကယ်လုပ်ဆောင်ခြင်းမရှိသည့် စစ်ဆင်ရေးများကို အကြောင်းပြ ၍ အလှူခံသည့် အဖွဲ့များကို ဖော်ထုတ်သွားမည်ဟု ပြောကြားထားသည်။

သတင်း

အခင်းဖြစ်သည့်နေရာသည့် စစ်ကောင်စီဝင်များလာရောက်စစ်ဆေးခဲ့ပြီး ကျန်ခဲ့သည့် သေနတ်ကိုလည်း သိမ်းသွားကြောင်း အထက်ပါမန်နေဂျာကပြောသည်။