Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်၍ အမျိုးသမီးနှစ်ဦးသေဆုံး၊ နေအိမ်များပျက်စီး

ယမန်နေ့ မွန်းလွဲပိုင်းက ရေဦးမြို့ပေါ်မှထွက်လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သေးသည်။

လက်နက်ကြီးကျ၍ လူထိခိုက်သေဆုံးခဲ့သော ဇီးကန်ရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-ရေဦးပကဖ
လက်နက်ကြီးကျ၍ လူထိခိုက်သေဆုံးခဲ့သော ဇီးကန်ရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-ရေဦးပကဖ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပြီး တိရိစ္ဆာန်နှင့် လူနေအိမ်များပါ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၈ ရက်) ညပိုင်းက စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရေဦးမြို့နယ်၊ မုံတိုင်ပင်အုပ်စု၊ ဇီးကန်ရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် နွားခြောက်ကောင်သေဆုံးပြီး လူနေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပကဖ(ရေဦး)က သတင်းထုတ်ပြန်သည်။

“ရေဦး၊ ကြာပန်းညိုရွာဘက်ကနေ လက်နက်ကြီးနဲ့ ထုတာလို့ကြားတယ်။ ရွာအပြင်ဘက်မှာလည်း လက်နက်ကြီးတစ်လုံး ထပ်ကျပြီး ပေါက်ကွဲခဲ့တယ်လို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရေဦး (ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ယမန်နေ့ မွန်းလွဲပိုင်းက ရေဦးမြို့ပေါ်မှထွက်လာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သေးသည်။

You May Also Like

မေးမြန်းခန်း

စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်​တွေသေဆုံးမှုရှိခဲ့ပြီး လက်နက်မျိုးစုံ ၄၀ ကျော်ကို ချင်းပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။

သတင်း

ရဲစခန်းအတွင်းမှ ပြန်လည်ပစ်ခတ်မှုများရှိပြီး (၄၀) မမ လေးလုံး၊ (၆၀) မမ နှစ်လုံး၊(၈ဝ) မမ နှစ် လုံး စခန်းအတွင်းသို့ ပစ်ထည့်တိုက်ခိုက်ခဲ့ကြောင်း MNRFအဖွဲ့က ပြောသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ စစ်ရေးပစ်မှတ်နှစ်ခုအား ပစ်ခတ်တိုက်ခိုက်မှုများတွက် စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်သော်လည်း အတည်ပြုစုံစမ်းဆဲဖြစ်ကြောင်း Eagle Force က အသိပေးထားသည်။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၈ရက်)က ရေဦးမြို့မှထွက်လာသော အင်အား ၉၀ကျော်ပါ စစ်ကောင်တပ်စစ်ကြောင်းကို ကံသစ်ကျေးရွာနှင့် ခင်ဦးမြို့ကြားတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း RTGF ပြန်ကြားရေးတာဝန်ခံက ပြောသည်။