Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪️လေကြောင်းကင်းထောက်များအလိုရှိဟု NUG ဖိတ်ခေါ်

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများကို ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မယ့် ပြည်သူများကို အလိုရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ဖိတ်ခေါ်ပါတယ်။ လေကြောင်းကင်းထောက်များအဖြစ် တာဝန်ထမ်းဆောင်နိုင်မယ့် ပြည်သူများကို ဒီနေ့ မနက်ပိုင်းက ထုတ်ပြန်ခဲ့တာပါ။ စစ် ကောင်စီတပ်ရဲ့ လေကြောင်းလှုပ်ရှားမှုများကို အချိန်နဲ့တပြေးညီ သိရှိနိုင်စေဖို့ လေတပ်စခန်းများအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းများကို ပုံမှန်စောင့်ကြည့်သတင်းပေးပို့ခြင်း၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်းပေးပို့ခြင်းများလိုအပ်တယ်လို့ ဖော်ပြပါတယ်။ လေကြောင်းကင်းထောက်အဖြစ် ဆောင်ရွက်လိုတဲ့ တာဝန်သိပြည်သူများအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ telegram https://t.me/MASurveillance24 သို့ ဆက်သွယ် သတင်းပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။။

ကရင်ပြည်နယ်အား စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် တိုက်ခိုက်နေသည်ကို ၂၀၂၂က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
ကရင်ပြည်နယ်အား စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် တိုက်ခိုက်နေသည်ကို ၂၀၂၂က တွေ့ရစဉ်၊ ဓာတ်ပုံ – CJ

▪️နဂါးနီစစ်ကြောင်းတိုက်ပွဲဝင် ရဲဘော်များကို NUG လက်နက်ပေးအပ်

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေရှိ နဂါးနီစစ်ကြောင်း တိုက်ပွဲဝင်ရဲဘော်များကို အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းစစ် ဒေသတပ်မှူးများက လက်နက်တပ်ဆင် ပေးအပ်ပွဲ ပြုလုပ်ခဲ့တယ်လို့ နဂါးနီစစ်ကြောင်းက မနေ့ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။ အဲဒီလက်နက်ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်က ကျင်းပခဲ့ပြီး တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး ရဲဘော်စောရှားနဲ့ တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များက စစ်ဒေသခွဲအမှတ် (၃) အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ နဂါးနီစစ်ကြောင်းသို့ လက်နက်များပေးအပ်ခဲ့တာပါ။ စစ်ဒေသခွဲ အမှတ်(၃)အတွင်း စစ်ဆင်ရေးနဲ့ပတ်သက်လို့ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ရဲဘော်များ သိရှိစေဖို့ ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

▪️မျှော်မှန်းထားတဲဲ့ ပစ်မှတ်များကို ရာနှုန်းပြည့် မတိုက်ခိုင်နိုင်ပေမယ့် စစ်ရေးရည်မှန်းချက်ပြည့်မီခဲ့ဟု NUG ပြော

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ​ဖေ​ဖော်ဝါရီ ၈ နဲ့ ၉ ရက်တွေမှာ စစ်ကိုင်းနဲ့မကွေးတိုင်းတို့ရှိ စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ရာမှာ မျှော်မှန်းထားတဲ့ ပစ်မှတ်များကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်းမရှိပေမယ့် ရာခိုင်နှုန်းထက်ဝက်ကျော်ကာ စစ်ရေးရည်မှန်းချက်ပြည့်မီခဲ့တယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ ၂ ရက်အတွင်း စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ရှိ စစ်ရေးပစ်မှတ် ၃၅ ခု တိုက်ခိုက်ခဲ့မှု အခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရာ ကျန်ရှိတဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှု သတင်းအချက်အလက်များကို ဆက်လက် ထုတ်ပြန်သွားမယ်လို့ ဆိုထားပါတယ်။ အခုလို ‘မဟာဗျုဟာကျ ဟန်ချက်ညီညီ’ တိုက်ခိုက်မှုများကို တစ်နိုင်ငံလုံးအနှံ့ ဖော်ဆောင်သွားမှာဖြစ်ပြီး အခုထက် ပိုမိုအဆင့်မြင့်တဲ့ တိုက်ပွဲပုံစံ ထိုးစစ်သဏ္ဍန် ထိုးစစ်များကို လုပ်ဆောင်သွားယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

▪️ချင်းအမျိုးသားတစ်ရပ်လုံး စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ပူးပေါင်းပါဝင်ကြဖို့ CNF တိုက်တွန်း

ပြည်တွင်း၊ ပြည်ပရှိ ချင်းအမျိုးသားတစ်ရပ်လုံး အနေနဲ့ ချင်းအမျိုးသားတပ်မတော် (CNA)နဲ့အတူ အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ မိမိတက်ကျွမ်းရာ ကဏ္ဍအသီးသီးမှ တတပ်တအား ပူးပေါင်းပါဝင်ကြဖို့ ချင်းအမျိုးသာတပ်ဦး CNFက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျရောက်မယ့် (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်ကို ဒီနေ့ ထုတ်ပြန်ခဲ့ရာ ဖော်ပြတိုက်တွန်းခဲ့တာပါ။ ၂၀၂၁အလွန် အာဏာရှင်ဆန့်ကျင်တွန်းလှန်တဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ပြည်သူ့အခြေပြု ပြည်သူ့တော်လှန်ရေးဖြစ်သည်ဟု CNFက ဆိုပါတယ်။

▪️ကနီမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ကနီမြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ခဲယမ်းများနဲ့အတူ တပ်ကိုစွန့်ခွာပြီးထွက်ပြေးစဉ် စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာ တစ်ဦးသေဆုံးပြီး တစ်ဦးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ ညပိုင်းက ကနီမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့မှ နှစ်ဦး လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးစဉ် လိုက်လံပစ်ခတ်ခံရတာလို့ သိရပါတယ်။ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားမှာ မုံရွာမြို့ခံတစ်ဦးဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးရဲ့ သတင်းကို မကြားရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ စစ်သားနှင့်ပျူများ၏ ပျူစခန်းကိုPDFများတိုက်ခိုက်ပြီးသိမ်းဆည်းရရိ​သော​သေနတ် ၂ လက်နှင့်ကျည်များ ။ ဓါတ်ပုံ-​CJ
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ စိန်နားရွာရှိ စစ်သားနှင့်ပျူများ၏ ပျူစခန်းကိုPDFများတိုက်ခိုက်ပြီးသိမ်းဆည်းရရိ​သော​သေနတ် ၂ လက်နှင့်ကျည်များ ။ ဓါတ်ပုံ-​CJ

▪️သရက်မြို့ ကပစ (၁၂)ကို ရှော့တိုက်ဒုံးနဲ့ ထပ်မံတိုက်ခိုက်

စစ်ကောင်စီတပ်ရဲ့ သရက်မြို့အခြေစိုက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ ကပစ(၁၂) ကို ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Force က ပြောပါတယ်။ မနေ့ညက ကပစ (၁၂)တပ်ဝင်းအတွင်းသို့ (၉၀) မမ ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်ခဲ့ရာ တပ်ဝန်းအတွင်းရှိ လူပျိုဆောင်နဲ့ အရာရှိရိပ်သာကြားမှာ ကျရောက်ပေါက်ကွဲသွားတာလို့ ဆိုပါတယ်။ အထိ အခိုက်စာရင်းကို ဆက်လက်စုံစမ်းအတည်ပြုနေဆဲလို့ PDF တပ်ရင်း (၄)Eagle Force မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကပစ (၁၂)ကို ဒုတိယအကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်က တိုက်ခိုက်ခဲ့ပါသေးတယ်။

▪️မြန်မာအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၅၀ အမေရိကန်ထပ်မံထောက်ပံ့

မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ ဒေါ်လာသန်း ၅၀ အသစ်ထပ်မံထောက်ပံ့ကြောင်း အမေရိကန်က မနေ့က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ တိုးမြင့်လာတဲ့ နေရပ်စွန့်ခွာရမှုများ၊ လက်နက်ကိုင်ပဋိပက္ခများနဲ့ စားနပ်ရိက္ခာပိုမိုရှားပါးလာမှုများက ရှိရင်းစွဲလိုအပ်ချက်များနဲ့ပေါင်းစပ်နေတဲ့ ဒေသများအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ လူသားချင်းဆိုင်ရာအကူအညီအဖြစ် အရေးပေါ်စားနပ်ရိက္ခာနဲ့ အာဟာရအထောက်အပံ့များအတွက် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID)မှတဆင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို အသစ်ထပ်မံထောက်ပံ့သွားမယ်လို့ ထုတ်ပြန်ပါတယ်။

(လူသားချင်းစာနာမှုဆိုင်ရာအကူအညီအဖြစ် ကုလက လုပ်ငန်းများဆောင်ရွက်နေသည်ကို ၂၀၂၂ ဩဂုတ်အတွင်းက တွေ့ရစဉ်၊ ဓာတ်ပုံ - Ocha Myanmar)
(လူသားချင်းစာနာမှုဆိုင်ရာအကူအညီအဖြစ် ကုလက လုပ်ငန်းများဆောင်ရွက်နေသည်ကို ၂၀၂၂ ဩဂုတ်အတွင်းက တွေ့ရစဉ်၊ ဓာတ်ပုံ – Ocha Myanmar)

▪️တစ်ပတ်အတွင်း ခင်ဦးနယ် ကျေးရွာခြောက်ရွာမှ နေအိမ် ၅၀၀ ကျော် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာ ခြောက်ရွာရှိ နေအိမ် ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး အိုးမဲ့အိမ်မဲ့ပြည်သူ တစ်သောင်းခွဲကျော်ရှိလာတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၈ ရက်က ရေဦးမြို့မှတဆင့် ဝင်ရောက်လာပြီးနောက် တစ်ပတ်အတွင်းကျေးရွာ ၁၀ ရွာထက် မနည်းစစ်ကြောင်းထိုးခဲ့ပါတယ်။ အဲဒီနောက် သနပ်စိန်၊ စောကြီး၊ ကွမ်းတိုင်း၊ မင်းကံကြီး၊ လက်ပံလှ၊ လောင်းရှည် ကျေးရွာ ခြောက်ရွာမှ အိမ်ခြေ ၅၀၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့တာပါလို့ သိရပါတယ်။

You May Also Like