Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကပ်ရောဂါ မူလအစကို ရှာဖွေမှုတွေ လုံးဝ လက်လျှော့မှာ မဟုတ်ဘူးလို့ WHOပြော

သတင်းတစ်ခုက WHOဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအစကို စုံစမ်းဖော်ထုတ်မယ့် အားထုတ်မှုတွေကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြလာတဲ့နောက် ဖေဖော်ဝါရီ ၁၅ ရက်မှာ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂီဘရီယီးဆက်စ်က အခုလို တုံ့ပြန်ခဲ့တာပါ။

ကိုဗစ်ရောဂါရဲ့ မူလအစကို ဖော်ထုတ်နိုင်ဖို့ မဆုတ်မနစ် ဆက်ကြိုးစားသွားမယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

သတင်းတစ်ခုက WHOဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအစကို စုံစမ်းဖော်ထုတ်မယ့် အားထုတ်မှုတွေကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြလာတဲ့နောက် ဖေဖော်ဝါရီ ၁၅ ရက်မှာ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂီဘရီယီးဆက်စ်က အခုလို တုံ့ပြန်ခဲ့တာပါ။

Sars-Cov-2 ကူးစက်မှုတွေကို ၂၀၁၉ နှောင်းပိုင်းတုန်းက တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့မှာ စတင် ထောက်လှမ်း တွေ့ရှိလာတဲ့နောက် ကိုဗစ်ဟာ ကမ္ဘာ့ကပ်ရောဂါကြီး အဆင့်ထိ ဆင့်ကဲ ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် ကမ္ဘာတလွှားမှာ လူပေါင်း ၇ သန်းနီးပါးလောက်ထိ အသက်ဆုံးရှုံးခဲ့ရပါတယ်။

Sars-Cov-2 ဗိုင်းရပ်စ်က ဘယ်လိုဘယ်ပုံ အစပြုခဲ့ပြီး လူသားတွေဆီ ကူးစက်တဲ့ အဆင့်ထိ မျိုးဗီဇ ဆင့်ကဲ ပြောင်းလဲမှုတွေ ဘယ်လို ဖြစ်ခဲ့သလဲ ဆိုတာကို ဖော်ထုတ်ဖို့ဟာ အနာဂတ်မှာ အလားတူ ကပ်ရောဂါတွေ ဖြစ်ပွားမှုကနေ တားဆီးဖို့အတွက် အရမ်းအရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါတယ်။

ဒါပေမဲ့ WHOဟာ တရုတ် အစိုးရရဲ့ တောင်းဆိုမှုကို လိုက်လျောပြီး ကိုဗစ်ရဲ့ မူလအစကို စုံစမ်းမှုတွေ ရပ်နားလိုက်ပြီလို့ Nature ဝက်ဘ်ဆိုက်ရဲ့ ဆောင်းပါးတစ်ခုမှာ စွပ်စွဲ ဖော်ပြခဲ့ပါတယ်။

ဒေါက်တာ ဂီဘရီယီးဆက်စ်ကတော့ အဲဒီစွပ်စွဲမှုကို ငြင်းပယ်ပြီး တိကျတဲ့ အဖြေတစ်ခုကို မရမချင်း အဲဒီစုံစမ်းမှုတွေကို အားထည့် ဆောင်ရွက်နေရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ကပ်ရောဂါကြီး တစ်ခုရဲ့ မူလအစကို သိရှိဖို့က သေရေးရှင်ရေးအဆင့် အရမ်းအရေးကြီးပါတယ်လို့လည်း သူက ဆိုတယ်။

နောက်ပြီး သူဟာ မကြာသေးခင်က တရုတ်ရဲ့ ကျန်းမာရေးဌာန ထိပ်တန်း အရာရှိတွေဆီ အကြောင်းကြားစာ ပေးပို့ခဲ့ပြီး WHOရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဖို့ တိုက်တွန်းခဲ့ကြောင်း ဒေါက်တာ ဂီဘရီယီးဆက်စ်က အတည်ပြုခဲ့ပါတယ်။ အဲဒီအတွက် တရုတ်ဖက်က ပွင့်လင်းမြင်သာမှုအပြည့်နဲ့ အချက်အလက်တွေ မျှဝေဖို့ လိုတာကိုလည်း သူက ထောက်ပြထားခဲ့ကြောင်း သိရပါတယ်။

Sars-Cov-2ရဲ့ မူလအစ ဗိုင်းရပ်စ်မျိုးစိတ်ကို လင်းနို့တွေက သယ်ဆောင်လာပြီး အဲဒီကမှတဆင့် ကြားခံ တိရစ္ဆာန် တချို့မှာ ဗီဇဆင့်ကဲ ပြောင်းလဲပြီး လူတွေဆီ ကူးစက်လာတယ်လို့ ပညာရှင်တွေက ယေဘုယျ ယူဆထားပါတယ်။ နောက်ထပ် အငြင်းအခုံ ဖြစ်နေတဲ့ သီအိုရီ တစ်ခုကတော့ ဝူဟန်မှာရှိတဲ့ ဓာတ်ခွဲခန်း တစ်ခုကနေ စမ်းသပ်အဆင့် ဗိုင်းရပ်စ်တစ်ခု မတော်တဆ ပျံ့နှံ့လာတယ် ဆိုတာပါ။

Nature ဝက်ဘ်ဆိုက်ကတော့ WHOဟာ ဗိုင်းရပ်စ်ရဲ့ မူလရင်းမြစ်ကို အရှိန်မြှင့် ရှာဖွေရမယ့် ဒုတိယအဆင့် လုပ်ငန်းစဉ်တွေကို တိုးတိုးတိတ်တိတ် လျှော့ချနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ WHOရဲ့ ကိုဗစ် တိုက်ဖျက်ရေး လုပ်ငန်းစဉ် ဦးဆောင်နေသူ ဒေါက်တာ မာရီယာ ဗန်ခါကော့ဗ်ကတော့ ဗိုင်းရပ်စ်ရဲ့ မူလအစကို ရှာဖွေရာမှာ ပထမအဆင့်တွေ၊ ဒုတိယအဆင့်တွေ ခွဲခြားထားတာ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အနှံ့မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲတွေကတော့ ဗိုင်းရပ်စ်ရဲ့ မူလ ဇစ်မြစ်ကို ရှာဖွေတဲ့ လုပ်ငန်းတွေမှာ နှောင့်နှေး ကြန့်ကြာမှုတွေ ကြုံတွေ့စေတယ်လို့ သူက ဝန်ခံသွားပါတယ်။

You May Also Like

နိုင်ငံတကာ

လောလောဆယ်မှာ ကိုဗစ်ရောဂါရဲ့ သဘောသဘာဝဟာ စပ်ကူးမတ်ကူး ကာလမျိုးကို ဖြတ်သန်း ဝင်ရောက်နေဆဲဖြစ်ပြီး အလေးထား စောင့်ကြည့်မှုတွေ ဆက်လက် လိုအပ်နေတယ်လို့ ကော်မတီက မှတ်ချက် ပေးခဲ့ပါတယ်။

ဗီဒီယို

WHOက ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်သလို အလားတူ အခြေအနေတွေ ပေါ်ပေါက်မလာအောင် နိုင်ငံ အသီးသီးရဲ့ အစိုးရတွေက နိုးနိုးကြားကြား ပြင်ဆင်ထားဖို့လည်း ဆော်ဩခဲ့ပါတယ်။

နိုင်ငံတကာ

အီသီယိုးပီးယား အစိုးရက ဒေါက်တာ ဂျီဘရီယီးဆက်စ်ဟာ တီဂရေး သူပုန်တွေအတွက် နိုင်ငံရေး၊ သံတမန်ရေးအရ ကူညီ ရပ်တည်ပေးနေကြောင်း စွပ်စွဲထားပေမယ့် သူကိုယ်တိုင်ကတော့ ငြင်းဆန်ထားပါတယ်။

နိုင်ငံတကာ

အဲဒီရောဂါဟာ ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကနေတဆင့် ထပ်ဆင့် ကူးစက်နိုင်ပြီး လိင်တူဆက်ဆံတဲ့ အမျိုးသားတွေမှာ အဖြစ်အများဆုံးလို့လည်း WHOရဲ့ ကြေညာချက်တွေမှာ ဖော်ပြထားပါတယ်။