Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎မြန်မာ့အရေးဆုံးဖြတ်ချက် စစ်ကောင်စီလိုက်နာမှု ရှိ၊ မရှိ လုံခြုံရေးကောင်စီ ဆွေးနွေးမယ်

မြန်မာ့အရေးဆုံးဖြတ်ချက်ကို စစ်ကောင်စီ လိုက်နာအကောင်အထည်ဖော်တာ ရှိ၊ မရှိကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဟာ လာမယ့် မတ်လလလယ်မှာ ပြန်လည်သုံးသပ်ဆွေးနွေးကြဖို့ ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။ လုံခြုံရေးကောင်စီဟာ အာဏာသိမ်း စစ်ကောင်စီ လိုက်နာရမယ့် မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ချမှတ်ခဲ့တာပါ။ အဲဒီနောက်၂ လကျော်အကြာ မတ်လမှာ ဒီဆုံးဖြတ်ချက်တွေကို စစ်ကောင်စီလိုက်နာမှု ရှိ မရှိ မြန်မာနိုင်ငံဆိုင်ရာကုလအထူးကိုယ်စားလှယ် က အစီရင်ခံစာတင်သွင်းမှာဖြစ်ပြီး လုံခြုံရေးကောင်စီက သုံးသပ်မှာဖြစ်ပါတယ်။

ကုလလုံခြုံရေးကောင်စီအစည်းအဝေးကိုတွေ့ရစဉ်
ကုလလုံခြုံရေးကောင်စီအစည်းအဝေးကိုတွေ့ရစဉ်

▪︎စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် မသန်စွမ်းတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦးသေဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အကြမ်းဖက်အစစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မသန်စွမ်းတစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက ဆိပ်ဖြူမြို့နယ် တောင်ရွာမသို့ရောက်ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းရဲ့ ပစ်ခတ်မှုကြောင့် တောင်ရွာနေ မသန်စွမ်းသူ အသက်(၄၀)အရွယ် ဒေါ်ရင်ရင်မှာ ကျည်ထိမှန်၍ သေဆုံးခဲ့တယ်လို့ We Love Seik Phyu Groupက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ ပစ်ခတ်သံများကြောင့် အသက်(၅၀)ခန့်ရှိ အမျိုးသမီးတစ်ဦးလည်း အထိတ်တလန့်ဖြစ်ကာ သေ‌ဆုံးခဲ့ပြီး နွားများလည်း ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ကျေးရွာရှိ ကလေး သုံးဦးကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျားဘေရွာအတွင်းသို့ ကျရောက်ခဲ့သော လက်နက်ကြီးကျည်၊ ဓာတ်ပုံ - We Love Seik Phyu Group
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကျားဘေရွာအတွင်းသို့ ကျရောက်ခဲ့သော လက်နက်ကြီးကျည်၊ ဓာတ်ပုံ – We Love Seik Phyu Group

▪︎KBC ခေါင်းဆောင် ဒေါက်တာခလမ်ဆန်ဆွန်ကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မနဲ့ ထပ်တိုးတရားစွဲ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ဒေါက်တာခလမ်ဆန်ဆွန်ကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မနဲ့ ထပ်တိုးတရားစွဲလိုက်တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီဟာ ဒေါက်တာခလမ်ဆန်ဆွန်ကို ပထမ အမှုနှစ်မှုစွဲထားပြီး လက်ရှိမှာ တစ်မှုထပ်တိုးကာ သုံးမှုဖြစ်လာတာပါ။ ဒေါက်တာခလမ်ဆန်ဆွန်ကို စစ်ကောင်စီက ၂၀၂၂ ဒီဇင်ဘာလဆန်းက မန္တလေးလေဆိပ်မှာ ဖမ်းဆီးခဲ့တာပါ။

KBCခေါင်းဆောင် ဒေါက်တာခလမ်ဆန်ဆွန်ကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မဖြင့် ထပ်တိုးတရားစွဲ
KBCခေါင်းဆောင် ဒေါက်တာခလမ်ဆန်ဆွန်ကို စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မဖြင့် ထပ်တိုးတရားစွဲ

▪︎မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီတပ်သားများကို အသံမိုင်းခွဲ မျှားခေါ်ပြီး အလစ်ဝင်ရောက်တိုက်ခို​က်ရာ နှစ်ဦးသေဆုံးတယ်လို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ ညပိုင်းက မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အသံမိုင်းခွဲကာ မျှားခေါ်ခဲ့ပြီး ထွက်လာတဲ့ စစ်ကောင်စီတပ်သား နှစ်ဦးကို အလစ်ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဦးလုံးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ရင်း – ၃ တပ်ရင်း – ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys )၊ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ (Chindwin Attack Force )၊ Spring Dove အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

▪︎ရခိုင်ဘက်မှ ရေကြောင်းနဲ့ ချင်းပြည်နယ်သို့ စစ်ကောင်စီတပ် အင်အားပို့နေဟု CNFပြော

ချင်းပြည်နယ် တိုက်ပွဲများမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ်မှတဆင့် ချင်းပြည်နယ်သို့ စစ်အင်အားများ ဖြည့်တင်းနေတယ်လို့ ချင်းမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက ပြောပါတယ်။ ရက္ခိုင့်တပ်တော်(AA) နဲ့ အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ စစ်တွေဘက်မှ ချင်းပြည်နယ် ပလက်ဝသို့ သင်္ဘောအသုံးပြုပြီး အင်အားဖြည့်တင်းနေတယ်လို့ ဆိုပါတယ်။ ချင်းတပ်ဖွဲ့များအနေနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရေးပြင်ဆင်မှုအပေါ် အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်ဆိပ်ကမ်းတွင် မုတ္တမစစ်သင်္ဘောကို တပ်တော်ဝင်အခမ်းအနား ပြုလုပ်ခဲ့စဉ်။ဓာတ်ပုံ - CJ
၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်ဆိပ်ကမ်းတွင် မုတ္တမစစ်သင်္ဘောကို တပ်တော်ဝင်အခမ်းအနား ပြုလုပ်ခဲ့စဉ်။ဓာတ်ပုံ – CJ

▪︎လွိုင်ကော်-ဘောလခဲ လမ်းပိုင်းအကန့်အသတ်မရှိ ပိတ်

စစ်ရေးအရ လွိုင်ကော် – ဆိုလစယ် – ဒေါတမြေး – ဒေါတမကြီး – ဘောလခဲလမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက်အရ မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ရာမှာ အများပြည်သူလုံခြုံရေးအတွက် လွိုင်ကော် – ဘောလခဲ လမ်းပိုင်းကို ပိတ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ လွိုင်ကော် – ဆိုလစယ် – ဒေါတမြေး – ဒေါတမကြီး – ဘောလခဲ လမ်းမကြီးမှာ လုံးဝ ခရီးသွားလာခြင်းမပြုရဘူးလို့ အထူးမှတ်ချက်ပြုထားပါတယ်။ အခုပိတ်ပင်လိုက်တဲ့ လမ်းပိုင်းမှာ ဖေဖော်ဝါရီ ၆ ရက်က ကားမိုင်းထိကာ အရပ်သားလေးဦး နေရာမှာပဲ သေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။

▪︎တပ်မ(၄၄)စစ်မှူထမ်းဟောင်းကို SOFအထူးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း

မွန်ပြည်နယ် ပေါင်မြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ပြည်သူ့စစ်ခေါင်းဆိုသူတစ်ဦးကို ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ SOF အထူးတပ်ဖွဲ့က ပြောပါတယ်။ ပေါင်မြို့နယ် ရင်ငြိမ်းကျေးရွာရှိ မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီ(ခ)ပေါပီဆိုသူကို ဒီနေ့ မနက်ပိုင်းက ရင်ငြိမ်းရွာတောင်ပိုင်း ငွေလျှံလက်ဘက်ရည်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ စစ်ဆင်ရေးလုပ်ဆောင်စဥ် လက်ဘက်ရည်ဆိုင်အတွင်း အခြားပျူစောထီးအဖွဲ့ဝင်များရှိနေခြင်းကြောင့် စစ်ရေးပစ်မှတ် မြင့်ရီ(ခ)ပေါပီထံမှ လက်နက်ရှာဖွေသိမ်းဆည်းနိုင်ခြင်းမရှိခဲ့ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ SOF အထူးတပ်ဖွဲ့က အသိပေးပါတယ်။

ပစ်ခတ်ရှင်းလင်းခံလိုက်ရသော မြင့်ရီ(ခ)ပေါပီသည် စစ်ကောင်စီလက်အောက်တွင် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ပျူစောထီးများအား စစ်သင်တန်းပေးနေသူဖြစ်ပြီး ရင်ငြိမ်းရဲစခန်း၌ ညစဥ်လုံခြုံရေးကင်းစောင့်လေ့ရှိကြောင်း SOF က အသိပေးသည်။
ပစ်ခတ်ရှင်းလင်းခံလိုက်ရသော မြင့်ရီ(ခ)ပေါပီသည် စစ်ကောင်စီလက်အောက်တွင် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ပျူစောထီးများအား စစ်သင်တန်းပေးနေသူဖြစ်ပြီး ရင်ငြိမ်းရဲစခန်း၌ ညစဥ်လုံခြုံရေးကင်းစောင့်လေ့ရှိကြောင်း SOF က အသိပေးသည်။

▪︎မြောင်နယ် မရိုးကုန်းရွာကို မီးရှို့ဖျက်ဆီး​တဲ့စစ်အုပ်စု နှစ်ရက်ဆက်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ မရိုးကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မဟာမိတ်ခြောက်ဖွဲ့တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ခြောက်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တစ်ဖွဲ့က ပြောပါတယ်။ မြောင်မြို့နယ် မရိုးကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့၊ ရဲနဲ့ ပျူစောထီးများပါတဲ့ ပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်မှစတင််ကာ စစ်ကြောင်းထိုးဖျက်ဆီးခဲ့တာပါ။ စစ်အုပ်စုဘက်က အင်အား ၈၃ ဦး ပါဝင်ပြီး နှစ်ရက်ဆက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦး အနည်းဆုံးသေတယ်လို့ မြောင်မြို့နယ်အခြေဆိုက် ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။။

You May Also Like