Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်မြို့နယ်တွင် ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးထက်မနည်း သေဆုံး၊ ၅ဦး အရှင်ဖမ်းမိ

ယမန်နေ့ (ဖေဖော်ဝါရီ၁၃ ရက်) နံနက် ၇ နာရီခွဲခန့်က မြိုင်​မြို့နယ်၊ သရက်ကန်ပျုစောထီးကျေးရွာ၏တောင်ဘက် မီတာ ၁၀၀ခန့်သို့ ကင်းပတ်ထွက်လာသော အင်အား ၁၅ ဦးခန့်ပါ ပျုစောထီးများအား မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(အရှင်ဖမ်းဆီးရမိသော ပျူ၅ဦးအား တွေ့ရစဥ်။ဓာတ်ပုံ - Earthquake PDF)
(အရှင်ဖမ်းဆီးရမိသော ပျူ၅ဦးအား တွေ့ရစဥ်။ဓာတ်ပုံ - Earthquake PDF)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာမှ ကင်းပတ်လာသော ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး နှစ်ဦးထက်မနည်း သေဆုံးကာ လက်မြှောက်အညံ့ခံခဲ့သည့် ပျူ ၅ဦးအား ဖမ်းဆီးခဲ့ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ၁၃ ရက်) နံနက် ၇ နာရီခွဲခန့်က မြိုင်​မြို့နယ်၊ သရက်ကန်ပျုစောထီးကျေးရွာ၏တောင်ဘက် မီတာ ၁၀၀ခန့်သို့ ကင်းပတ်ထွက်လာသော အင်အား ၁၅ ဦးခန့်ပါ ပျုစောထီးများအား မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပျူစောထီး နှစ်ဦး နေရာတွင်ပွဲချင်းပြီး သေဆုံးပြီး ၅ဦးအရှင်ဖမ်းမိခဲ့ကြောင်း Earthquake People’s Defence Force အဖွဲ့၏ တာဝန်ခံ ကိုအရှည်ကြီးက ပြောကြားသည်။

“ရွာအစပ်မှာပဲပစ်တာ။ သူတို့ကအရင်ဆုံး လက်နက်မဲ့ ၇ယောက်ကို အရင်လွှတ်တယ်။ နောက်ထပ်မီတာ ၅၀ အကွာလောက်မှာ လက်နက်ပါတဲ့ ၈ ယောက်က လိုက်တယ်။ လက်နက်မဲ့နဲ့လမ်းရှင်းခိုင်းတာ အဲအချိန်မှာ ပစ်လိုက်တာ။ နှစ်ယောက်ကိုအသေပစ်လိုက်တယ်။ ကျန်တဲ့ ၅ ယောက်က လက်မြှောက်ပြီး အညံ့ခံတဲ့အတွက် ဖမ်းထားတယ်။ ပစ်ခတ်တဲ့အချိန် လက်နက်ပါတဲ့ ၈ယောက်က ပစ်ခတ်ပြီး ရွာထဲပြန်ဝင်ပြေးတယ်။”ဟု Earthquake People’s Defence Force အဖွဲ့၏တာဝန်ခံ ကိုအရှည်ကြီးက ပြောသည်။

“ပျူကိုမှ လက်နက်ပေးမထားသေးတာ။ ခေါင်းဆောင်အချိန်းအပြောင်းလုပ်ပုံရတယ်။ ပေးပြီးသား​တွေကိုလည်း ပြန်သိမ်းထားပုံရတယ်။”ဟု မြိုင်(ပကဖ)အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် နံနက် ၁၀ နာရီခွဲခန့်တွင် ပျူစောထီးအလောင်း နှစ်လောင်းအား လာကောက်သည့် ပျူများအား ကင်းပုန်းဝပ်စောင့်၍ ထပ်မံတိုက်ခိုက်ရာ ၅ဦး ထပ်မံသေဆုံးပြီး ထိခိုက်သူအများအပြားရှိကြောင်း၊ ဘန်ကာနှင့်နီးကပ်နေ၍ လက်နက်ကောက်ယူနိုင်ခြင်းမရှိကြောင်း စစ်ဆင်ရေးတွင်ပါဝင်ခဲ့သည့် ရဲဘော်များက ​ပြောသည်။

ထို့အပြင် ပြည်သူ့ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရန်မရှိဘဲ သရက်ကန်ပျူစောထီးကျေးရွာမှလည်း ပြန်လည်ပစ်ခတ်ခဲ့၍ ပြည်သူ့ရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေးကို Badassess Burma Force၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း (၂)၊ Pakokku People’s Defence Force ၊ Young Force UG ၊ မြိုင်ပကဖ တပ်ရင်း(၁) ခွဲ(၄)စကြာ်တပ်ဖွဲ့နှင့် Earthquake People’s Defence Forceတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သရက်ကန်ပျူစောထီးကျေးရွာသည် ပျူစောထီးအားကောင်းရာ ရွာတစ်ရွာဖြစ်ပြီး အင်အား ၉၀ခန့်ရှိကြောင်း၊ စစ်ကောင်စီတပ်ကလည်း တပ်စွဲထား၍ နှစ်ဖွဲ့ပေါင်း အင်အား ၁၀၀ခန့်ရှိကြောင်း ဒေသခံများထံမှ သိရသည်။