Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာနဲ့ နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံ ထူထောင်မယ့်ကိစ္စ အမေရိကန် ထောက်ခံတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးပြော

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော

(အ​မေရီကန်နဲ့ထိုင်း နိုင်ငံခြား​ရေးဝန်ကြီး​တွေအဖွဲ့​တွေ့ဆုံ​ဆွေး​နွေး​နေကြစဥ်။ဓါတ်ပုံ-State Department)
(အ​မေရီကန်နဲ့ထိုင်း နိုင်ငံခြား​ရေးဝန်ကြီး​တွေအဖွဲ့​တွေ့ဆုံ​ဆွေး​နွေး​နေကြစဥ်။ဓါတ်ပုံ-State Department)

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော

မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံတစ်ခု ထူထောင်ရေး ထိုင်းအစိုးရရဲ့ အစီအစဉ်ကို အမေရိကန်က အားပေး ထောက်ခံခဲ့ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပန်ပရီ ဘာဟစ်ဒ်ဟာ နူကာရာကို ဝါရှင်တန် မြို့တော်မှာ ဧည့်ခံ တွေ့ဆုံရင်း မြန်မာ့အရေး ထည့်သွင်း ဆွေးနွေးချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်သိုနီ ဘလင်ကန်က ထိုင်းရဲ့ အစီအစဉ်ကို ထောက်ခံကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးနှစ်ဦးဟာ ဖေဖော်ဝါရီ ၁၃ ရက် တွေ့

ဆုံမှုမှာ လုံခြုံရေး၊ စီးပွားရေး ကဏ္ဍတွေအပြင် ထိုင်းရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကြုံနေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ပါ ဆွေးနွေးခဲ့တယ်လို့ ဘန်​ကောက်ပို့စ်သတင်းဌာနက​ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဆွေးနွေးမှုတွေက အများကြီး အောင်မြင်ခဲ့ကြောင်း၊ အမေရိကန်ဟာ အာဆီယံ ဒေသတွင်း အရေးကိစ္စတွေကို အလေးအနက် စိတ်ဝင်စားမှုရှိကြောင်း ပြသခဲ့သလို ဒေသတွင်းမှာ ထိုင်းရဲ့ မဟာဗျူဟာအရ အရေးပါမှုကို အသိအမှတ် ပြုထားကြောင်း ပန်ပရီက ဆိုပါတယ်။

နောက်ပြီး သူဟာ ဘလင်ကန်နဲ့ မြန်မာ့အရေး ဆွေးနွေးခဲ့ပြီး နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံ ထူထောင်သွားမယ့် ထိုင်းရဲ့ စီမံကိန်းတွေကို ဘလင်ကန်က ထောက်ခံခဲ့ကြောင်း ပန်ပရီက ဆိုပါတယ်။ ဒါ့အပြင် မြန်မာ့ အကျပ်

အတည်းကို ထိတွေ့ ဖြေရှင်းနိုင်ဖို့အတွက် ထိုင်းနဲ့ အမေရိကန်ကြား အနာဂတ် ဆွေးနွေးညှိနှိုင်းမှုတွေ ထပ်ပြီး ရှိလာဦးမယ်လို့ ယုံကြည်ကြောင်းလည်း သူက မှတ်ချက် ပေးသွားခဲ့ပါတယ်။

သူက ထိုင်း-မြန်မာ နယ်စပ်မှာ ဆိုက်ဘာလုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ စိုးရိမ်တဲ့ အချက်တွေကိုလည်း ဘလင်ကန်နဲ့ ဆွေးနွေးခဲ့တယ်လို့ ထည့်သွင်း ပြောဆိုသွားပါတယ်။

သူ့ရဲ့ အမေရိကန် ခရီးစဉ်အတွင်း ပန်ပရီဟာ အထက်လွှတ်

တော်အမတ် ခရစ္စဗန်ဟိုလန်နဲ့လည်း တွေ့ဆုံခဲ့ပြီး ထိုင်း-အမေရိကန် ဆက်ဆံရေး၊ မြန်မာနိုင်ငံ ပြဿနာအတွက် ပူး

ပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့သေးကြောင်း သိရပါတယ်။ ဟော်လန်ဟာ အမေရိကန် အထက်လွှတ်

တော်ရဲ့ အရှေ့အာရှ၊ ပစိဖိတ်နဲ့ နိုင်ငံတကာ ဆိုက်ဘာလုံ

ခြုံရေး မူဝါဒ ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။

ထိုင်းက နယ်စပ်မှာ လူသားချင်း စာနာမှု စင်္ကြံတစ်ခု ထူထောင်ရေး အစီအစဉ်အတွက် KNU ကို​ရော ၊နှစ်​ပေါင်းများစွာနယ်စပ်မှာ လူမှုကူညီ​ရေးလုပ်လာတဲ့အဖွဲ့အစည်း​တွေကို​ရော တိုင်ပင်တာမျိုး မရှိဘူးလို့ KNU ​ပြော​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက ​ပြောပါတယ် ။ အဲဒီအစားစစ်​ကောင်စီ

သြဇာခံ ကြက်​ခြေနီအသင်း ပေါင်းလုပ်မယ့်အစီအစဥ်ဟာ လုပ်နည်းလုပ်ဟန်လွဲ​နေတယ်လို့​ပြောပါတယ် ။ဒါအပြင် စစ်​ဘေး​ရှောင်​တွေတိမ်း​ရှောင်​နေတဲ့​နေရာ​တွဟာ KNU ထိန်းချုပ်မှု​အောက်မှာပဲရှိပြီး စစ်တပ်ကမြဝတီမြို့ ၊​ကောကရိတ် မြို့တို့မှာ မြို့​ပေါ်ကွက်ကွက်က​လေးမှာပဲ ရှိ​နေသလို ၊

စစ်တပ်​ကြောင့် ထွက်ရတဲ့ စစ်​ဘေး​ရှောင် ပြည်သူ​တွေ စစ်​ကောင်စီကပဲ ပြန်လည်ကယ်တင်မယ်ဆိုတဲ့ ပုံစံမျိုးပုံ​ဖော်မှာ ကို လက်ခံလို့မရဘူး လို့ ပဒို​စော​တောနီက​ပြောပါတယ် ။ ပြည်သူ​တွေကလည်းလက်ခံမှာ မဟုတ်လို့ လုပ်နည်းလုပ်ဟန်လွဲ​နေတဲ့အ​ပေါ် ပြင်ဆင်ပြီး KNU နဲ့ နယ်စပ်​ဒေသက ကူညီ​နေတဲ့အဖွဲ့​တွေနဲ့ လက်တွဲလုပ်​ဆောင်ဖို့ လိုတယ်လို့ KNU ​ပြော​ရေးဆိုခွင့်ရှိသူက​ပြောထားပါတယ် ။

ကိုးကား-Bangkok Post