Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းဗီဇာလျှောက်ထားသူ ၁၂ ရက်အတွင်း ၇၀၀၀ ကျော်ရှိ

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးဆီက ရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး အခုလို ပြောကြားခဲ့တာပါ။

(ထိုင်းသံရုံး​ရှေ့တွင် ဗီဇာ​လျှောက်ထားရန်တန်းစီ​နေသူများကို ​ဖေ​ဖော်ဝါရီ ဒုတိယပါတ်က​တွေ့ရစဥ်။ဓါတ်ပုံ-People's Spring)
(ထိုင်းသံရုံး​ရှေ့တွင် ဗီဇာ​လျှောက်ထားရန်တန်းစီ​နေသူများကို ​ဖေ​ဖော်ဝါရီ ဒုတိယပါတ်က​တွေ့ရစဥ်။ဓါတ်ပုံ-People's Spring)

စစ်​ကောင်စီ၏ စစ်မှုမထမ်းမ​နေရ ဥပဒေရဲ့ ခြိမ်းခြောက်မှုကို လက်တွေ့ ကြုံနေရတဲ့နောက် ထိုင်းသံရုံးမှာ ၁၂ ရက်အတွင်း ဗီဇာလျှောက်ထားတဲ့ မြန်မာ ၇၀၀၀ ကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးဆီက ရရှိတဲ့ အချက်အလက်တွေကို ကိုးကားပြီး အခုလို ပြောကြားခဲ့တာပါ။

စစ်​ကောင်စီရဲ့ စစ်မှုမထမ်းမ​နေရ ဥပ​ဒေ ကို ​ဖေ​ဖော်ဝါရီ ၁၀ ရက်မှာ ပြဌာန်းတာဖြစ်ပြီး​တော့ ​ဖေ​ဖော်ဝါရီ ၁၁ ရက်က​နေ​ ဖေ​ဖော်ဝါရီ ၂၂ ရက်အတွင်း ၁၂ ရက်တာကာလ(ရုံးပိတ်ရက်များပါထည့်တွက်ထား)မှာ ​လျှောက်ထားသူ ၇၀၀၀ ​ကျော် ရှိတာ​ကြောင့် တစ်ရက်ကို ​လျှောက်ထားသူ ၆၀၀ ခန့်အထိ ရှိခဲ့တာဖြစ်ပါတယ် ။

​​လျှောက်ထားသူတဟုန်ထိုးများလာတာ​ကြောင့် ထိုင်းသံရုံးဟာ မူလက ဗီဇာ လျှောက်ထားမှုကို တနေ့ ၄၀၀ ပဲ အရေအတွက် ကန့်သတ် လက်ခံခဲ့ပေမယ့် အွန်လိုင်း တိုကင်စနစ်ပါ အပါအဝင် နှစ်ဆတိုးပြီး နေ့စဉ် အယောက် ၈၀၀ ထိ ဝန်ဆောင်မှုပေးနေတယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ကန်ချာနာ ပါထရာချုက်ကဆိုပါတယ်။

ဒါပေမဲ့လည်း အွန်လိုင်းကနေ လျှောက်ထားမှုတွေကလည်း မတ်လ ၁ ရက်ထိ တိုကင်နံပါတ် အားလုံး ပြည့်နေပြီ ဖြစ်သလို လာမယ့် ရက်တွေမှာလည်း ဗီဇာ လျှောက်ထားသူဦးရေ ဆက်လက် တိုးပွားလာမယ်လို့ ခန့်မှန်းထားကြောင်း ကန်ချာနာက မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံ နိုင်ငံတွေကြား သဘောတူညီမှုအရ မြန်မာနိုင်ငံသားတွေဟာ ထိုင်းကို ဗီဇာမပါဘဲ ဝင်ရောက်ခွင့် ရှိပေမယ့် ၁၄ ရက်သာ သက်တမ်း ရရှိမယ်လို့ ကန်ချာနာက ဆိုပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်း စစ်တပ်က လူငယ်တွေကို စစ်မှု မထမ်းမနေရအဖြစ် ဆင့်ခေါ်မယ့် ဥပဒေကို အသက်သွင်းလိုက်ခြင်းနဲ့အတူ ထောင်သောင်းချီတဲ့ မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံဆီ ရွှေ့ပြောင်းဖို့ တက်သုတ်ရိုက် ပြင်ဆင်နေကြပါတယ်။

အကျိုးဆက် အနေနဲ့ အခုသီတင်းပတ် အစောပိုင်းတုန်းက မန္တလေးမြို့၊ ပတ်စ်ပို့တ်ရုံးမှာလည်း ပတ်စ်ပို့တ်အတွက် တန်းစီ စောင့်ဆိုင်းနေသူတွေထဲမှာ အမျိုးသမီးနှစ်ဦး လူပိမိလို့ သေဆုံးခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ထိုင်းနိုင်ငံကို တရားဝင် လမ်းကြောင်းက ဝင်ရောက်လာသူတွေကို လက်ခံကြိုဆိုမှာ ဖြစ်ပေမယ့် တရားမဝင် ဝင်ရောက်လာသူတွေကိုတော့ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သတိပေး ပြောကြားထားပါတယ်။

ကိုးကား: Bangkok Post