Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်တွင်ကျားဖြန့်လုပ်ငန်းအဓိကတရားခံ ၁၁ ဦးနှင့် စစ်ကောင်စီတပ်ရင်းမှူးကို တရုတ်ရဲဖမ်းဆီး

မူဆယ်မြို့ဆင်ဖြူအိမ်ရာ နှင့် စွမ်စော်ရပ်ကွက်မှကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို မတ်လ ၂၇ ရက် ညတွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

(မူဆယ်မြို့တွင် ကျားဖြန့်လုပ်ငန်းများတွင်လုပ်ကိုင်​နေသူများကို ဖမ်းဆီးပြီး​​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(မူဆယ်မြို့တွင် ကျားဖြန့်လုပ်ငန်းများတွင်လုပ်ကိုင်​နေသူများကို ဖမ်းဆီးပြီး​​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

▪︎ကျားဖြန့်​ခေါင်း​​ဆောင်များကိုဖမ်းဆီးပြီး မူဆယ်ရှိကျားဖြန့်လုပ်ငန်းများကို တရုတ်က စစ်​ကောင်စီကိုစီးနင်း​စေပြီးတရုတ်နိုင်ငံသားများလွှဲ​ပြောင်း​ပေးခိုင်းထား

▪︎တရုတ်က စစ်​ကောင်စီ တပ်ရင်းမှူးကို မူ ပြန်လွှတ်​ပေး

ယောနသံ/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှ ကျားဖြန့် (အွန်လိုင်းလောင်းကစား)အဓိကဦး​ဆောင်လုပ်ကိုင်သူ ၁၁ ဦးနှင့် စစ်ကောင်စီတပ်ရင်းမှူးတစ်ဦးကို တရုတ်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံဘက်ခြမ်းတွင် ဖမ်းဆီးပြီးနောက် မူဆယ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ကြောင်း​ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

ကျားဖြန့်အွန်လိုင်းလောင်းကစားလုပ်ငန်းရှင် ၁၁ ဦးနှင့် မူဆယ် ခလရ(၁၂၉)တပ်ရင်းမှူး ဗိုလ်မှူးရွှေမောင်ကို မတ်လ ၂၆ရက်တွင် ရွှေလီမြို့၌ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် မူဆယ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများကို စီးနင်းခြင်းဟု မြို့ခံများကပြောသည်။

“တရုတ်ဘက်မှာ အကောင်ကြီးတွေ ဖမ်းခံထိပြီးမှ ဒီက ကျားဖြန့်ရုံတွေကို ဝင်ဖမ်းတာ။ ဖမ်းထားတာ အများကြီးပဲ။ တရုတဖက်က ဖမ်းခိုင်းတာ။ ဖမ်းထားသူတွေကို ဒီနေ့ လွဲပေးဖို့စောင့်နေတယ်” ဟု ဒေသခံသတင်းမြစ်တစ်ဦးကပြောသည်။

(မူဆယ်မြို့တွင် ကျားဖြန့်လုပ်ငန်းများတွင်လုပ်ကိုင်​နေသူများကို ဖမ်းဆီးပြီး​​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(မူဆယ်မြို့တွင် ကျားဖြန့်လုပ်ငန်းများတွင်လုပ်ကိုင်​နေသူများကို ဖမ်းဆီးပြီး​​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

တရုတ်ရဲကဖမ်းဆီးထားသူများအနက် အမှတ် ၁၂၉ ​ခြေလျင်တပ်ရင်း (ခလရ-၁၂၉)တပ်ရင်းမှူး ဗိုလ်မှူးရွှေမောင်ကို မတ်လ ၂၆ရက်တွင် ပြန်လွတ်ပေးခဲ့ပြီး ကျန် ၁၁ဦးကို ဖမ်းဆီးထားဆဲဖြစ်ကြောင်းသိရှိရသည်။ ထို့နောက် မူဆယ်ရှိ ကျားဖြန့်လုပ်ငန်းတည်နေရာများကို တရုတ်ရဲတပ်ဖွဲ့က စစ်ကောင်စီထံပေးပို့လိုက်ပြီး ဖမ်းဆီးခိုင်းခြင်းဖြစ်ကြောင်းမူဆယ်လဝကနှင့်နီးစပ်သူတစ်ဦးကပြောသည်။

မူဆယ်မြို့ဆင်ဖြူအိမ်ရာ နှင့် စွမ်စော်ရပ်ကွက်မှကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကို မတ်လ ၂၇ ရက် ညတွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဖမ်းထားတာ ၂၀၀ နီးပါးရှိမယ်ထင်တယ်။ တရုတ်နိုင်ငံသားတွေလည်းတွေ့တယ်။ တရုတ်က သူ့နိုင်ငံသားတွေကို ပြန်လွှဲပြောင်းလက်ခံဖို့လုပ်နေတယ်” ဟု မူဆယ်လဝကနှင့်နီးစပ်သူကပြောသည်။

မူဆယ်မြို့ရှိ ကျားဖြန့်ငွေလိမ်လုပ်ငန်းများသည် စစ်ကောင်စီ၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ဆက်စပ်နေပြီး လုပ်ငန်းအများစုသည် ပြည်သူ့စစ်ထိန်းချုပ်နယ်မြေများ၌ရှိနေသည်ဟု ဒေသခံများကပြောသည်။

တရုတ်နိုင်ငံသားများကိုအထိနာစေသည့်ရှမ်းပြည်နယ်ရှိ ကျားဖြန့်လုပ်ငန်းများကို ဖယ်ရှားရှင်းလင်းမည်ဟု တရုတ်အစိုးရကထုတ်ပြန်ထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းလောက်ကိုင်မြို့ရှိ ကျားဖြန့်ခေါင်းဆောင်ပိုင်းများကိုလည်း စစ်​ကောင်စီမှတစ်ဆင့်လွှဲ​ပြောင်းယူ၍ တရုတ်အစိုးရကဖမ်းဆီးထားသည်။ကျားဖြန့်လောင်းကစားနှင့်ပတ်သက်၍

တရုတ်က ဖမ်းဝရမ်းထုတ်ထားသော ​ခေတ်အဆက်ဆက် စစ်​ခေါင်း​ဆောင်များနှင့်ရင်းနှီး​ပြီးစစ်အုပ်စု၏မဟာမိတ်များဖြစ်​သော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်း၊ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင်ဦးပယ်ဆောက်ချိန်၊သားဖြစ်သူ ပယ်ရင်ချန်၊ ကိုးကန့်သူ‌ဌေး ဖူလီလိုက်လုပ်ငန်းစုဥက္ကဌဦးလျိုအားပေါက်နှင့်ကိုးကန့် အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေဆန်း၊ အပါအဝင် ဆယ်ဦးကို တရုတ်ရဲတပ်ဖွဲ့က အထူးလေယာဉ်ဖြင့် ဇန်နဝါရီလ ၃၀ရက် ညတွင် နေပြည်တော်လေဆိပ်၌ လာရောက်ခေါ်ဆောင်သွားခဲ့သည်။

တရုတ်ရဲတပ်ဖွဲ့က ဆက်လက်စစ်ဆေးစဉ် ဖမ်းဆီးခံထားရသူများ၏ထွက်ဆိုချက်၌ ကျားဖြန့်လုပ်ငန်းများတွင် ရှမ်းပြည်နယ်၌ ၂၀၁၈ ခုနှစ်နောက်ပိုင်း တာဝန်ကျခဲ့သော စစ်တပ်အရာရှိများ၊ ပြည်ထဲရေးနှင့် ရဲအရာရှိအများအပြားပါဝင်နေကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများကိုလည်း ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်း တရုတ်၏ ဖိအားပေးမှုဖြင့် စစ်ကောင်စီကဝင်ရောက်ဖမ်းဆီးခဲ့ဖူးသည်။ အဓိကတာဝန်ရှိသူများကို ဖမ်းမမိခဲ့ဘဲ တရုတ်နိုင်ငံသား ဝန်ထမ်း နှစ်ရာကျော်နှင့် မြန်မာနိုင်ငံသား ဝန်ထမ်းခြောက်ရာကျော်ကို ဖမ်းဆီးခဲ့သည်။ တရုတ်နိုင်ငံသားများကို တရုတ်ရဲတပ်ဖွဲ့သို့လွှဲအပ်လိုက်ပြီး မြန်မာနိုင်ငံသားများကို အာမခံဖြင့် ပြီးခဲ့သည့်အနည်းငယ်ကမှ ပြန်လွှတ်ပေးခဲ့သည်။