Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ စစ်သားစုဆောင်းမှု လုပ်ရပ်အပေါ် တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ယူနိုင်သည့် ဝန်ဆောင်မှု စတင်ကြောင်း NUG ကြေညာ

(စစ်​ကောင်စီ၏ အဓမ္မ စစ်သားစု​သစ်ဆောင်းမှု​ကြောင့် စစ်သန်တန်း​ကျောင်းသို့ ​ရောက်ရှိသွား​သောလူငယ်အချို့။ ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ၏ အဓမ္မ စစ်သားစု​သစ်ဆောင်းမှု​ကြောင့် စစ်သန်တန်း​ကျောင်းသို့ ​ရောက်ရှိသွား​သောလူငယ်အချို့။ ဓါတ်ပုံ-CJ)

စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့်ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှုစတင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုလုပ်ရပ်ကြောင့် ထိခိုက်ခံစားကြရသော ပြည်သူလူထု၏ စိတ်သောကများအား သက်သာရာရစေရန် နှင့် လိုအပ်သော အကူအညီနှင့် အထောက်အပံ့များကို တတ်နိုင်သမျှ ချိတ်ဆက်ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ ပြည်သူ့ရေးရာဝန်ဆောင်မှု တစ်ခုအဖြစ် – https://t.me/nugpublicaffairsbot ကို ယနေ့ တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ရေးရာဝန်ဆောင်မှု Channel အသုံးပြုနည်းလမ်းညွှန်ကို ပူးတွဲထုတ်ပြန်ခဲ့ရာ တယ်လီဂရမ် အကောင့်သစ်ဖွင့်နည်း၊ တယ်လီဂရမ်တင် စာပို့နည်း၊ ဖုန်းခေါ်နည်း၊ အသံဖိုင်ပို့နည်း စသည့် တယ်လီဂရမ် အသုံးပြုပုံနှင့် ဝန်ဆောင်မှု အသုံးပြုပုံတို့အား ရှင်းပြ အသိပေးထားသည်။

NUGက ကြေညာအသိပေးသည့် Telegram Channel အား လူထုနွေဦးက ဆက်သွယ်ရာအမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ရေးရာ ဝန်ဆောင်မှု Hotline မှ ကြိုဆိုကြောင်း ဦးစွာ အသိပေးပြီး စစ်​ကောင်စီတပ်၏ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နှင့် ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်ရန် လမ်းညွှန်မှုများ ပြုလုပ်လာ၍ လိုက်ပါ လုပ်ဆောင်ရာ မိနစ် အနည်းငယ်အကြာတွင် တာဝန်ယူဖြေကြားမည့်သူက ပြန်လည် ဖြေကြားရန် ဆက်သွယ်လာသည်ကို တွေ့ရသည်။

တိုင်ကြားထားလိုပါက ဆက်သွယ်နိုင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဝန်ကြီးဌာနသို့ တိုင်ကြားနိုင်သည့် Link ကိုလည်း တာဝန်ရှိသူက ပေးပို့ပေးသည်။

ပြည်သူလူထု တိုင်ကြားချက်များ ရမရ မေးမြန်းရာ အဆိုပါတာဝန်ရှိသူက “အမေးအဖြေတွေတော့ ဆက်တိုက်ရှိနေပါတယ်ဗျ” ဟု ဖြေကြားသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ရေးရာ ဝန်ဆောင်မှုကို နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး၊ အဆိုပါအချိန်ပြင်ပ ရောက်ရှိလာသော message များကိုမူ သတ်မှတ်ထားသောအချိန်ပြန်လည်ရောက်ရှိမှသာ ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုများ ပိုမိုထိရောက်အားကောင်းလာစေရန် ပြည်သူ့ရေးရာဝန်ဆောင်မှုတာဝန်ရှိသူများက အစွမ်းကုန်ကြိုးစား ဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်းလည်း စာပို့ အသိပေးခဲ့သည်။

အကြမ်းဖက်စစ်အုပ်စုလုပ်ဆောင်နေသော အတင်းအဓမ္မစစ်သားစုဆောင်းမှု၏ ဆိုးကျိုးသက်ရောက်မှုကို ခံစားနေကြရသည့် ပြည်သူလူထုတရပ်လုံးအနေဖြင့် အထက်ပါ Channel မှတဆင့် သိရှိလိုသည်များကို မေးမြန်းခြင်း၊ အကြံဉာဏ်များတောင်းခံခြင်း၊ အကူအညီများတောင်းခံခြင်း၊ တိုင်ကြားခြင်း၊ သတင်းပေးခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း NUGက ထုတ်ပြန်သည်။

Channel တာဝန်ခံအဖွဲ့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ရုံးဌာနများနှင့် ချိတ်ဆက်ကာ မေးခွန်းများပြန်လည်ဖြေကြားခြင်း၊ အကြံဉာဏ်များပေးခြင်း၊ သက်ဆိုင်ရာဌာနများသို့ လမ်းညွှန်ပေးခြင်း၊ အကူအညီပေးအပ်နိုင်မည့် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း၊ တိုင်ကြားမှု သတင်းပေးမှုများကို မှတ်တမ်းတင်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

ပြည်သူများ အနေဖြင့်လည်းစစ်အုပ်စုအား သက်ဆိုးရှည်စေရန် လုပ်ကိုင်ဆောင်ရွက်မှု မှန်သမျှတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ NUG အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ကာ နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်တော်လှန်ကြရန်လည်း တိုက်တွန်းထားသည်။