Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်​တော်စစ်ရုံးချုပ်နှင့်လေတပ်ကို​တော်လှန်​ရေးအဖွဲ့များကဒရုန်းဖြင့်တိုက်ခိုက်

​တော်လှန်​ရေးအဖွဲ့များက ယခင်​နေပြည်​တော်ရှိ ​လေတပ်နှင့် စစ်​ရေးပစ်မှတ်များကို​ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့ဖူးသည်။ ဒရုန်းဖြင့် တိုက်ခိုက်မှုမှာ ပထမဆုံးဖြစ်သည်။

(စစ်တပ်အာဏာသိမ်းခဲ့သည့်​ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်က​နေပြည်​တော်မှ စစ်​ကောင်စီတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-The Vox)
(စစ်တပ်အာဏာသိမ်းခဲ့သည့်​ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်က​နေပြည်​တော်မှ စစ်​ကောင်စီတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-The Vox)

-​ဒီ​ရဲကျော်​​​​ဇော်/People’s Spring

နေပြည်တော်စစ်ရုံးချုပ် နှင့် စစ်​ကောင်စီ၏အေလာလေတပ်ကို​တော်လှန်​ရေူအဖွဲ့များက ဒရုန်းများဖြင့်ယ​နေ့တိုက်လိုက်​ကြောင်း စစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။

Public Service Announcement

Public Service Announcement

“(စစ်ရေးတိုက်ခိုက်မှု)Confirm ပါဗျ။ အ​သေးစိတ်က ကာကွယ်​ရေးက ထုတ်ပြန်ပါလိမ့်မယ်”ဟု PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်​ကောင်စီက လုံခြုံ​ရေး အမြင့်ဆုံး​​ဆောင်စွက်ထားသည့်နေပြည်တော် စစ်ရုံးချုပ် နှင့် ​အေလ ​လေတပ်တို့ကို ဒရုန်းများဖြင့် တိုက်ခိုက်ရန်မှာ မလွယ်ကူ​သော်လည်း စစ်ဆင်​ရေးကို စနစ်တကျပြင်ဆင်​ဆောင်ရွက်ပြီး ဒရုန်းအစင်း​ရေများစွာဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်​​ကြောင်း စစ်​ရေးသတင်းရင်းမြစ်အချို့က ​ပြောသည်။

တိုက်ခိုက်မှု​ကြောင့် ထိခိုက်မှု ရှိ၊မရှိ နှင့် ​နောက်ဆက်တွဲအ​ခြေအ​နေများကို လူထု​နွေဦးက စုံစမ်း​နေဆဲ ဖြစ်ပါသည်။

“စစ်ရုံးနေရာကိုပစ်ဖို့ဆိုတာခေတ်မီလက်နက်မျိုးမှရမှာပါ”ဟု စစ်​ရေး​လေ့လာသူတစ်ဦးကလည်း​ပြောသည်။

Public Service Announcement

Public Service Announcement

“မနက် ၉ နာရီလောက်က ပေါက်ကွဲသံတွေ တော်တော်ကျယ်ကျယ် ကြားလိုက်ရတယ်။ ဒီဘက်မှာက သိပ်ကြားလေ့ မရှိတော့ အားလုံးက ဘာဖြစ်တာလဲ ဆိုတာ တမနက်လုံး အချင်းချင်းလိုက်မေးနေကြတာ။ အခုသိရသလောက်တော့ စစ်ရုံးချုပ်နဲ့ အေလာလေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခံရတာလို့ သိရတယ်။ လယ်ဝေးဘက်က လူတွေပြောတာတော့ အေလာလေဆိပ်ဘက်ကို စစ်ကား၊ လူနာတင်ကားတွေ တောက်လျှောက်သွားနေတယ်တဲ့။ ထိခိုက်မှု ရှိမယ်လို့ ထင်ပါတယ်” ဟု နေပြည်တော်မြို့နေ ပြည်သူတစ်ဦးက ​ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။ကျန်ပြည်သူတစ်ဦးက ​နေပြည်​တော်ဧလာ​လေတပ်​ပြေးလမ်းတွင် မိုင်း​တွေ့သိရဟုသတင်းကြားရ​ကြောင်း​ပြောသည်။​

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က “Congratulations NPT” ဟုဆိုရှယ်မီဒီယာတွင် ယနေ့ နေ့လယ် ၁၂ နာရီခွဲခန့်က ရေးသားထားသည်။ဆက်သွယ်​ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်း​အောင်ကလည်း “ဒီ​နေ့ “​ဟု ၎င်း၏​ဖေစ်ဘွခ်တွင် ယ​နေ့​နံနက်ပိုင်းက​ရေးသားထားကြသည်ကို​တွေ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်​ကောင်စီ၏စစ်ရုံးချုပ်(ကက-ကြည်း)တည်ရှိရာ နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ်များကို ဒရုန်းများဖြင့် တပြိုင်နက် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း ကနဦး သတင်းရရှိသည်ဟု အတည်ပြုထုတ်ပြန်လိုက်သည်။

ဧပြီ ၄ရက်မနက်တွင် ပြုလုပ်ခဲ့သည့်အဆိုပါ စစ်ဆင်​ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့ တို့ပူးပေါင်းတိုက်လိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။

PDF အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုလည်းကောင်း၊ PDF အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Lethal Ptop တပ်ခွဲက အေလာလေတပ်ကို လည်းကောင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းထုတ်ပြန်သည်။

ဒရုန်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှု အသေးစိတ်အခြေအနေကို ဖော်ပြထားခြင်းမရှိသေးပေ။

နေပြည်တော်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး နေပြည်တော်လေဆိပ်(အေလာလေဆိပ်)ပျံသန်းလာသော ဒရုန်းလေးစင်းနှင့် ဇေယျာသီရိမြို့နယ်သို့ ဝင်ရောက်ပျံသန်းလာသော ဒရုန်း သုံးစင်း စုစုပေါင်း ဒရုန်းခုနစ်စင်းအား ပစ်ချနိုင်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ သို့သော် PDFများက နေပြည်တော်တိုက်ခိုက်မှုတွင် ဒရုန်းအစီးရေ ၃၀ကျော်ဖြင့် တိုက်ခိုက်ခဲခြင်းဟု ဆိုသည်။

​တော်လှန်​ရေးအဖွဲ့များက ယခင်​နေပြည်​တော်ရှိ ​လေတပ်နှင့် စစ်​ရေးပစ်မှတ်များကို​ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့ဖူးသည်။ ဒရုန်းဖြင့် တိုက်ခိုက်မှုမှာ ပထမဆုံးဖြစ်သည်။