Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တနင်္သာရီအခြေစိုက် ခမရ (၅၆၁)ကို PDF ပူးပေါင်းအဖွဲ့ နှစ်ရက်ဆက်တိုက်ခိုက်

တိုက်ခိုက်မှုအတွင်း ခမရ (၅၆၁) တပ်ရင်းမှ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသေးစိပ်အခြေအနေကိုအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ် ကြောင်း ပူးပေါင်းစစ်ကြောင်းက အသိပေးသည်။

(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ADF)
(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ADF)

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ(၅၆၁)ကို နှစ်ရက် ဆက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းဆက်ကြောင်းက အသိပေးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဧပြီ ၄ ရက် ညနေပိုင်းနှင့် ညပိုင်းတို့တွင် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၆၁) တပ်ရင်းကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ မှ ADF ဒရုန်းအဖွဲ့မှ ဗုံးသီးများဖြင့် ငါးကြိမ်ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ADF)
(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ADF)

တိုက်ခိုက်မှုအတွင်း ခမရ (၅၆၁) တပ်ရင်းမှ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသေးစိပ်အခြေအနေကိုအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ် ကြောင်း ပူးပေါင်းစစ်ကြောင်းက အသိပေးသည်။

အလားတူ ဧပြီ ၂ ရက်ကလည်း ခမရ (၅၆၁) တပ်ရင်းနှင့် ညောင်ပင်ကွင်းတံတားရှိ စစ်ကောင်စီတပ်သားများကို မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း – ၁ မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးသည်ကို မျက် မြင်အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ADF)
(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ADF)

“ပထမရက်မှာ သုံးယောက်(သေဆုံးစစ်ကောင်စီတပ်သား)က အတည်ပြုနိုင်ပါတယ် ။ ဒုတိယရက် လေးယောက်ကတော့ စုံစမ်းဆဲပါ”ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်းတွင် ပါဝင်သည့် မြိတ်ခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ(၁)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုနှင့်အတ်သက်ပြီး လူထုနွေဦးက သီခြားအတည်မပြုနိုင်ပေ။

(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ADF)
(မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ADF)

အထက်ပါတိုက်ခိုက်မှုတွင်ပါဝင်သော မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ် ကြောင်း – ၁ တွင် မြိတ်ခရိုင်တပ်ရင်း(၂) တပ် ခွဲ(၁)၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ်(ပ.က.ဖ)နှင့် ADF ဒရုန်းအဖွဲ့တို့ပူး ပေါင်းပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း

မုပ္ပလင်ဂိတ်စခန်းကို မဖျက်သိမ်းဘဲ အင်အားဆက် လက်တိုးချဲ့ပါက ယခုထက် ပိုပြင်းထန်သည့် တိုက် ခိုက်မှုများ ပြုလုပ်ဆသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သတင်း

စစ်ရုံးချုပ်၊ ​အေလာ​လေတပ် နှင့် အာဏာသိမ်း​ခေါင်း​ဆောင်၏ ​အိမ်တို့အား Kamikaze ဒရုန်း အစင်း ၃၀ ​ကျော်ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ​စစ်​ရေးသတင်းရင်းမြစ်က​ပြောသည်။