Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်မြို့တွင် ယနေ့ တနေကုန်တိုက်ပွဲပြင်းထန်

သင်္ဃန်းညီနောင်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခမရ(၃၅၇)တပ်ရင်းအား ယနေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိပြီး မြို့အားသိမ်းပိုက်ရရှိသည့် အခြေအနေဖြစ်ကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းအရင်းမြစ်က ပြောသည်။

(ယနေ့နံနက် ကော့ကရိတ်မြို့၌ မီးလောင်နေသည်ကို အဝေးမှမြင်တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(ယနေ့နံနက် ကော့ကရိတ်မြို့၌ မီးလောင်နေသည်ကို အဝေးမှမြင်တွေ့ရစဥ်။ ဓာတ်ပုံ - PS)

ဒီးဒီ/People’s Spring

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ယနေ့ တနေကုန်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် ဒရုန်များ အသုံးပြုတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ကော့ကရိတ်မြို့ကို PDFပူးပေါင်းစစ်ကြောင်းများက တစ်မြို့လုံး ဝန်းရံပိတ်ဆို့မှုပြုလုပ်အပြီး နောက်တစ်ရက်တွင် စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးနှင့် ဒရုန်းတို့ အသုံးပြုတိုက်ခိုက်လာသည်ဟု ကော့ကရိတ်မြို့သိမ်းတိုက်ပွဲတိုက်ဆင်နွှဲနေသော PDFရဲဘော်များက ပြောသည်။

“တိုက်ပွဲက ပြင်းထန်တယ်။ ခုထိချနေတုန်းပဲ။ ထိခိုက်မှုလည်း အနည်းငယ်ရှိတယ်”ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ယနေ့ညနေပိုင်းတွင် ပြောသည်။

ယနေ့နံနက်ကစ၍ ကော့ကရိတ်မြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့လယ်ရှိ အမှတ်(၉၇) ခြေလျင်တပ်ရင်းဌာနချုပ် ဗျူဟာကုန်းနှင့် ရဲစခန်းတို့ကို တိုက်ခိုက်နေသည်ဟု PDFရဲဘော်များက ပြောသည်။

“လက်နက်ကြီးရော၊ လေယာဥ်ရော၊ ဒရုန်းရော သုံးခုလုံးသုံးပြီး ပစ်နေတာ”ဟု ကော့ကရိတ် ရှေ့တန်းစစ်မျက်နှာပြင်၌ မိုင်းဆရာကြီးဟု ခေါ်ဝေါ်သည့် Tiger Dragon Revolution Force(TDRF) တာဝန်ခံ၊ ရန်ကုန်တိုင်း (၅၁၀၁)ဗျူဟာ မိုင်းအဖွဲ့ တာဝန်ခံအသန်း(ခ) သန်းတင်ဌေးက ပြောသည်။

Public Service Announcement

Public Service Announcement

ကော့ကရိတ်စစ်မြေပြင်ရှိ PDF ရဲဘော်တစ်ဦးက “မြို့ပေါ်မှာရော ၊မြို့အနီးမှာရော လေယာဥ်တွေ ဝဲနေတယ်။ စစ်ကောင်စီက ၉၇ကုန်းကနေ စစ်ကြောင်းထိုးလာတယ်လို့ သိရတယ်”ဟု ပြောသည်။

ကော့ကရိတ်မြို့ရှိ စခန်းကုန်းတစ်ခုအတွင်းကျန်ရှိနေသော စစ်ကောင်စီတပ်အား ထွက်ပေါက်တစ်ခုပေးထားရာမှ အလံဖြူမထောင်၍ PDFစစ်ကြောင်းများက မြို့အားအလုံးစုံပိတ်ဆို့ထားသည်။

တောင်ပိုင်းတိုင်း အမှတ်(၃၁)ဗျူဟာမှူးဦးဆောင်မှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းစစ်ကြောင်းများ ဝန်းရံပိတ်ဆို့ထားသော ကရင်ပြည်နယ် ကော့ကရိတ်မြို့သိမ်းတိုက်ပွဲမှာ ဧပြီ ၁ရက်က လေးလပြည့်သည့် နေ့ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ရက်က မြို့သိမ်းတိုက်ပွဲအဖြစ် PDF ပူးပေါင်းစစ်ကြောင်းများစတင်ဖော်ဆောင်ခဲ့သော ကော့ကရိတ်မြို့တိုက်ပွဲမှာ မြို့၏ ၇၀ရာခိုင်နှုန်းအထိ PDFများက သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က မြို့လယ်ရှိ အမှတ်(၉၇)ခြေလျင်တပ်ရင်းဌာနချုပ် နေရာ၌သာ စုဝေးနေသည်။

သို့သော် ထွက်ပေါက်တစ်ခုအဖြစ် ဘားအံမြို့သို့သွားနိုင်သည့် လမ်းကြောင်းတစ်ခု ဖွင့်ထားပေးပြီး လေးလအတွင်း အလံဖြူထောင် အညံ့ခံခြင်းမရှိသည့်အတွက် ဧပြီ ၃ရက်တွင် အဆိုပါ ထွက်ပေါက်အား ပိတ်ဆို့လိုက်ပြီး တစ်မြို့လုံးပိတ်ဆို့ထားပြီဟု ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောထားသည်။

မြို့တွင်း၌ အရပ်သားပြည်သူများ မရှိတော့ပေ။၎င်းတို့မှာ နီးစပ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ကို တွေ့ရ​၏။နေအိမ်အများစုမှာလည်း မီးလောင်ပျက်စီးထားသည်ကို တွေ့ရသည်။ စစ်ကောင်စီက လေကြောင်း၊ မီးလောင်ဗုံး၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိုကဲ့သို့ ပျက်စီးရသည်ဟု စစ်မြေပြင် ပထမရှေ့တန်းလိုင်းတွင် နေရာယူထားသော PDF ရဲဘော်များက ပြောသည်။

စစ်ကောင်စီတပ်က ပစ်ကွင်းရှင်းရန်အတွက် မြို့ရှိ နေအိမ်အဆောက်အဦးများအား လေကြောင်း၊လက်နက်ကြီး၊ ဒရုန်း၊မီးလောင်ဗုံးများဖြင့် ပစ်ခတ်ဖျက်ဆီးထားခြင်းဟု ဆိုသည်။

ကော့ကရိတ်မြို့ကို PDFပူးပေါင်း စစ်ကြောင်းများက မြို့၏ ၇၀ရာခိုင်နှုန်းအထိ သိမ်းပိုက်ထိန်းချုပ်ထား၍ စစ်ကောင်စီတပ်က မြို့လယ်ရှိ အမှတ်(၉၇)ခြေလျင်တပ်ရင်း ဌာနချုပ်နေရာ၌သာ စုဝေးနေရသည်။

ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ကျားဖြူစစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ Special Operation Group – SOG၊SPECIAL OPERATION FORCE – SOF၊နဂါးဖြူ၊ရန်ကုန်(၅၁၀၁)၊Spring Phoenix Force၊ Federal Wings ဒရုန်းတပ်ဖွဲ့အပြင် အခြားဒရုန်းတပ်ဖွဲ့များဖြင့် ပူးပေါင်း ဆင်နွှဲနေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၁ရက်က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လေးလတာတိုက်ပွဲတိုက်ပွဲအတွင်း သေဆုံးသည့် စစ်ကောင်စီတပ်သား အနည်းဆုံး ၅၀ရှိသည်ဟုလည်း ရဲဘော်များက သုံးသပ်သည်။

ထို့အပြင် ကော်ဘရာစစ်ကြောင်းဦးဆောင်မှုဖြင့် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသော သင်္ဃန်းညီနောင်မြို့နှင့် မြဝတီမြို့တို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်နေသည်ဟု အဆိုပါ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသော PDF ရဲဘော်တစ်ဦးက ပြောသည်။

သင်္ဃန်းညီနောင်မြို့ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခမရ(၃၅၇)တပ်ရင်းအား ယနေ့ ညနေပိုင်းတွင် သိမ်းပိုက်ရရှိပြီး မြို့အားသိမ်းပိုက်ရရှိသည့် အခြေအနေဖြစ်ကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းအရင်းမြစ်က ပြောသည်။

ထို့အပြင် မြဝတီမြို့ရှိ စစ်ကောင်စီ၏ ခမရ (၂၇၅)တပ်ရင်းအား ဘော်ဘရာစစ်ကြောင်းဦးဆောင်မှုဖြင့် PDFစစ်ကြောင်းများက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အလောင်း ၁၅လောင်းရရှိသည်ဟု လူထုနွေဦးက ကရင်ပြည်နယ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဆီဆိုင်မြို့နယ်ယခင်အတိုင်း နှစ်ဖက်တပ်ဖွဲ့များ ရှိနေကြောင်း၊ မြေပြင်ပစ်ခတ်မှုများ ရှိနေသည့်အပြင် ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာအနီး၌လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်က ပစ်ကွင်းရှင်းရန်အတွက် မြို့ရှိ နေအိမ်အဆောက်အဦးများအား လေကြောင်း၊လက်နက်ကြီး၊ ဒရုန်း၊မီးလောင်ဗုံးများဖြင့် ပစ်ခတ်ဖျက်ဆီးထားခြင်းဟု ဆိုသည်။

ဘာသာပြန် ဆောင်းပါး

မနှစ်က အောက်တိုဘာလက စလို့ စစ်တပ်ဟာ ရုပ်ဝတ္ထုပိုင်း ဆုံးရှုံးမှုတွေ ကြီးကြီးမားမား ကြုံခဲ့ပေမယ့်လည်း ဒီအခြေအနေဟာ စစ်ပွဲကြီး တစ်ခုလုံးကို အဆုံးအဖြတ် ဖြစ်စေဖို့ အထိတော့ သက်ရောက်မှု မများနိုင်ပါဘူး။

ဘာသာပြန် ဆောင်းပါး

စစ်တပ်က ပြိုဆင်းသွားလိမ့်မယ်ဆိုတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ ဟောကိန်း ဘယ်လောက် မှန်မလဲ ဆိုတာကို စောင့်ကြည့်ဖို့တော့ အချိန်ယူရဦးမှာပါ။ ဒါပေမဲ့ အခြေအနေ အရပ်ရပ်ကို ဆန်းစစ်ကြည့်ရင် ဒီခန့်မှန်းချက်မျိုးဟာ မရေရာသေးဘူးဆိုတဲ့ အဆင့်ထက် ပိုမတွက်သင့်သေးတာ သေချာပါတယ်။