Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်းဖမ်းဆီးထားသော ပြည်သူနှစ်ဦးအား PDF ကယ်ထုတ်

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

(ကယ်ထုတ်ခဲ့သော ပြည်သူနှစ်ဦးနှင့် MBTတပ်ဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-MBT)
(ကယ်ထုတ်ခဲ့သော ပြည်သူနှစ်ဦးနှင့် MBTတပ်ဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-MBT)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ပိုင်း၌ စစ်ကြောင်းထိုးသတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ဖမ်းဆီးထားသော ပြည်သူ နှစ်ဦးအား ကယ်တင်ပေးခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

ဧပြီ ၁၀ရက်က မြင်းခြံမြို့နယ် ကန်တောကျေးရွာနှင့် ရွာရှည်ကျေးရွာအကြား၌ စစ်ကြောင်းထိုးလာသော အင်အား ၃၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဆုတ်ခွာသွားကြောင်း MBTတပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ ဝင်ပစ်တဲ့အချိန်မှာ ထိဖို့များတယ်။ အုတ်တံတိုင်းပေါ်မှာ သွေးစတွေအများကြီးတွေ့တယ်။ တိုက်မိုင်းဘက်မှာလည်း အသားစတွေ သွေးတွေတွေ့ရတယ်။ ဒါပေမယ့်လက်နက်ဘာညာတော့ရရှိခဲ့ခြင်းမရှိဘူး”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် စစ်ကောင်စီတပ် ဖမ်းဆီးခေါ်ဆောင်လာသည့် တောပုကျေးရွာနေ ပြည်သူနှစ်ဦးအား ကယ်တင်နိုင်ခဲ့ကြောင်း MBT တပ်ဖွဲ့က ဆိုသည်။

“စကစနဲ့ပျူစောထီးတွေဖမ်းထားတဲ့ စာသင်ကျောင်းကို လက်နက်ကြီးနဲ့ထုပြီးတော့ဝင်ပစ်တဲ့အချိန် ဒီကောင်တွေကဝင်ပစ်တဲ့အချိန် ပြည်သူနှစ်ဦးကို တွေ့ရှိခဲ့တာပါ။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

မြင်းခြံမြို့နယ်မြောက်ပိုင်း၌ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးမီးရှို့နေ၍ ကျေးရွာ ၁၀ရွာထက်မနည်းမှ ပြည်သူတစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်။

အဆိုပါ စစ်ကြောင်းသည် ဧပြီ ၈ရက်က ရသာရွာမှ နေအိမ် ၂၅၀ကျော်နှင့် တောပုရွာမှ နေအိမ် ၆ဝဝမှ ၈၀၀ ကြား မီးရှို့ဖျက်ဆီးသွားခဲ့သည်။ ထို့အပြင် ဖက်ရင်းရွာမှ သားအဖနှစ်ဦး၊ ရသာရွာနှင့် တောပုရွာတို့မှ အမျိုးသားနှစ်ဦး စုစုပေါင်းလေးဦးကိုလည်း သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

သံကလောင်ကျောင်းထိုင်ဆရာတော်သည် ယမန်နေ့ နေ့လယ်ပိုင်း၌ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

AA အနေဖြင့် ယခင်ရပ်တည်ချက်အတိုင်းဖြစ်ပြီး ပြည်သူများကို အကာအကွယ်ပေးကာ အပြစ်ရှိသူများကို အရေးယူမည်ဟု ပြောသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကား (၃) စီး ပျက်စီးပြီး ယာဥ်တန်းပါ ဗိုလ်ကြီး (၁) ဦးအပါအဝင် သင်တန်းသား (၂၀) ခန့် သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။