Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြင်ဦးလွင်မြို့၌ တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်း​ခေါင်းဆောင်နှင့်အဖွဲ့ မရှိတော့၊ညတွင်းချင်းပြန်​ပြေးဟု​ ဒေသခံများသုံးသပ်

DSAကို ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများနေထိုင်သည့် အဆောင်အနီးသို့ လေးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေးထားသည်။

(ပြင်ဦးလွင်ဆေးရုံကြီး အရိုးခွဲစိတ်ဆောင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)
(ပြင်ဦးလွင်ဆေးရုံကြီး အရိုးခွဲစိတ်ဆောင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့)

▪️မြို့၌ တိတ်ဆိတ်နေပြီး လာရောက်လည်ပတ်ကြသူများလည်း ပြန်လည်ထွက်ခွာ၊ ပစ်ခတ်မှုများအတွင်း စစ်အုပ်စုထိခိုက်​သေဆုံးမှုမသိရ​သေးဘဲ အရပ်သားထိခိုက်သေဆုံးမှုအချို့ရှိ

ဒီးဒီ/People’s Spring

သင်္ကြန်ကာလအတွင်း ပြင်ဦးလွင်မြို့၌အနားယူနေသော အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်အဖွဲ့သည် တိုက်ခိုက်ခံရမှုကြောင့် ယမန်နေ့ညကပြန်လည်ထွက်ခွာသွားကြောင်း မြို့ခံများက ပြောသည်။

ယမန်နေ့(ဧပြီ ၁၄ရက်) ညတွင် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်အဖွဲ့ ရောက်ရှိနေသော ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်(DSA)၊ အုပ်ချုပ်မှုသင်တန်းကျောင်းနှင့် အိမ်တော်တို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခဲ့သည်။ ရှော့တိုက်ဒုံး အလုံးရေ ၂၀ကျော် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်အဖွဲ့မှ ရဟတ်ယာဥ်ဖြင့် ယမန်နေ့ညက ညတွင်းချင်းပြန်လည်ထွက်ခွာသွားသည်ဟု ဒေသခံများက သုံးသပ်သည်။

“ဒီမနက်မှာမြို့လုံခြုံရေးတွေ ဘာမှမရှိတော့ဘူး။ အရင်နေ့က လမ်းတွေမှာ စစ်သားတွေ ရှိတယ်။ အစစ်အဆေးတွေ ရှိတယ်။ ဒီမနက်မှ ဘာမှမရှိတော့ဘူး။ မနေ့ညကလည်း ရဟတ်ယာဥ်သံကြားတယ်ဆိုတော့ သူတို့ပြန်သွားလောက်ပြီ”ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်တွင် ပြင်ဦးလွင်မြို့၌ တိတ်ဆိတ်နေပြီး သင်္ကြန်ကာလအတွင်းမြို့သို့လာရောက် လည်ပတ်သော ခရီးသွားများမှာလည်း ယနေ့နံနက်တွင် မြို့မှ ပြန်လည်ထွက်ခွာနေကြသည်ဟု မြို့ခံများက ပြောသည်။

” ဟိုတယ်တွေမှာလည်း ဧည့်သည်တွေ ပြန်ကြဖို့ အထုပ်တွေနဲ့ ပြင်နေတာတွေ့တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ညက အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်အဖွဲ့ ရှိသည်ဟုယူဆရသော ရပ်ကွက်ကြီး (၁၉)ရှိ အုပ်ချုပ်မှုကျောင်း၊ DSAနှင့် အိမ်တော်တို့အား ပစ်ခတ်တိုက်ခိုက်ခံရမှုအနက် အိမ်တော်အား ပစ်ခတ်မှုတွင် ပြင်ဦးလွင်ဆေးရုံကြီး အရိုးခွဲစိတ်ဆောင်ပေါ် လက်နက်ကြီးကျ၍ ဆေးရုံတက်ရောက်နေသူ တစ်ဦးသေဆုံးပြီး ‌ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ရပ်ကွက်ကြီး(၅)ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျ‌ရောက်ပေါက်ကွဲ၍ သင်္ကြန်တွင်း သင်္ဃန်းဝတ်သူတစ်ဦးနှင့် ယင်းကျောင်းရှိကပ္ပီယတစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“၉ နာရီ ၅၀ လောက်မှာ DSA ဘက်ကနေ ပြန်ပစ်တယ်။ အဲ့အချိန်မှာ ပစ်ခတ်သံတွေက နှစ်ဘက်စလုံးကနေ ထွက်နေတာပါ။ ထိခိုက်မှုတွေက ဘယ်ဖက်က ပစ်တာလဲဆိုတာ ပြောရခက်ပါတယ်” ဟု မြို့ခံတစ်ဦးကပြောသည်။

အရပ်သားထိခိုက်မှုသတင်းများနှင့် ဓါတ်ပုံများကို စစ်​ကောင်စီဝါဒဖြန့်လူမှုကွန်ရက်စာမျက်နှာများ၌ အရင်ဆုံးထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

သို့သော် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်အဖွဲ့ ထိခိုက်မှုရှိ၊မရှိကို မသိရသေးပေ။ စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်များနှင့်စစ်​ကောင်စီမီဒီယာများမှ ပြင်ဦးလွင်တွင် အာဏာသိမ်း​ခေါင်း​ဆောင်တိုက်ခိုက်ခံရမှု​ကြောင့် စစ်အုပ်စုထိခိုက်​သေဆုံးမှုအ​ခြေအ​နေကိုမူ လုံးဝ​ရေးသား​ပြောဆိုခြင်းမရှိကြ​ပေ။

“ထိခိုက်မှုရှိလို့၊ မဟုတ်ရင် အရမ်းကြောက်လန့် ပြီးတော့ ပြန်ပြေးတာပေါ့”ဟု မြို့ခံတစ်ဦးက ပြောသည်။

ဧပြီ ၈ ရက် နံနက်အစောပိုင်းကလည်း ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီ၏ DSA ကို မန္တလေးတိုင်း(ပကဖ)က ၁၀၇ မမ ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

DSAကို ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများနေထိုင်သည့် အဆောင်အနီးသို့ လေးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်က တော်လှန်ရေး အစောင့်တပ်ရဲ့ အရာရှိတွေ သေဆုံးခဲ့တဲ့ ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုဟာ အစ္စရေး လက်ချက်လို့ တပ်အပ် စွပ်စွဲထားပေမယ့် အစ္စရေးကတော့ ငြင်းဆိုတာ၊ ဝန်ခံတာ ဘာမှမရှိဘဲ နှုတ်ဆိတ်နေဆဲပါ။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကား (၃) စီး ပျက်စီးပြီး ယာဥ်တန်းပါ ဗိုလ်ကြီး (၁) ဦးအပါအဝင် သင်တန်းသား (၂၀) ခန့် သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။

သတင်း

ရန်ကုန်မြို့ရှိ ကျောက်တံတား၊ စမ်းချောင်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း စသည့် မြို့နယ်တို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ တည်ဆောက်၍ ရေပက်ခံသူပြည်သူများဖြင့် စည်ကားနေကြောင်း ပြသရန် ကြိုးပမ်းလျက်ရှိသည်။

သတင်း

လောလောဆယ်အခြေအနေတွင် မြဝတီမြို့၌ တိုက်ပွဲဖြစ်လာနိုင်ဖွယ်မရှိိကြောင်း လုံခြုံရေးသတင်းရင်းမြစ်က ပြောသည်။