Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်မြို့ပေါ်၌ ယနေ့ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေဟု ကျားဖြူစစ်ကြောင်းပြော

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

(ကျားဖြူစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - PS၊ ပေးပို့)
(ကျားဖြူစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - PS၊ ပေးပို့)

ဒီးဒီ/People’s Spring

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်၌ ယနေ့နံနက် ၁၁နာရီကစ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေကြောင်း စစ်ကောင်စီတပ်အား ရင်ဆိုင်တိုက်ခိုက်နေသော ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဧပြီ ၁၈ရက်) နံနက် ၁၁နာရီကစ၍ ညနေ ၄နာရီအထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ ၃၀ခန့် သေဆုံးမှုရှိကာ ၎င်းတို့ဘက်မှ ရဲဘော်တစ်ဦးကျဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရထားသည်ဟု ဗိုလ်မှူးကျော်ဟိန်းက အသိပေးသည်။

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

(ကျားဖြူစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - PS၊ ပေးပို့)
(ကျားဖြူစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – PS၊ ပေးပို့)

“ရဲဘော်တွေ မူးလဲတာတွေ၊ အော့အန်တာတွေရှိတယ်။ သူတို့ကို နောက်တန်းပို့ထားရတယ်”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

ကော့ကရိတ်မြို့ပေါ်နှင့် အနီးဝန်းကျင်များတွင် နေ့စဥ်တိုက်ပွဲဖြစ်နေကြောင်းလည်း ၎င်းက ဆက် ပြောသည်။ ထို့ကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

အာဏာသိမ်းစစ်​​ကောင်စီ ဒု​ခေါင်း​ဆောင် စိုးဝင်းကိုယ်တိုင်ကိုင်တွယ်ကွပ်ကဲသော ‘အောင်ဇေယျစစ်ဆင်ရေး’ဟု အမည်ပေးထားသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် ကရင်ပြည်နယ်ရှိ အာရှလမ်းမကြီးလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့တို့ကို ပြန်လည်သိမ်းယူရန် ဧပြီ ဒုတိယအပတ်က စတင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာယာဥ် ရှစ်စီးနှင့် ကားအစီးရေ ၂၂စီးဖြင့် ခန့်မှန်းအင်အား ၅၀၀ခန့်ပါရှိသော ယာဥ်တန်းသည် ကော့ကရိတ်မြို့သို့ ပြီးခဲ့သည့် ဧပြီ ၁၁ရက်က ရောက်ရှိလာသည်။ ဧပြီ ၁၂ရက်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးရောက်ရှိလာ၍ ‌တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးနေရာယူထားသည့် နေရာအချို့မှ ဆုတ်ခွာပေးလိုက်ရကြောင်း သတင်းရရှိသည်။

(ကျားဖြူစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - PS၊ ပေးပို့)
(ကျားဖြူစစ်ကြောင်းမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – PS၊ ပေးပို့)

ကော့ကရိတ်မြို့မြောက်ပိုင်းရှိ တော်လှန်ရေးရဲဘော်များနေရာယူစိုးမိုးထားသော ရပ်ကွက်အချို့နှင့် ရေကူးကန်နေရာများကို ဆုတ်ခွာခဲ့ရကြောင်း စစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်အချို့က ပြောသည်။ ထို့အပြင် အာရှလမ်းမကြီးကိုလည်း စစ်ကောင်စီတပ်က စိုးမိုးထားသည်ဟု ဆိုသည်။

ဧပြီ ၁၂ရက်တွင် ကော့ကရိတ်မြို့အထွက်ရှိ ကော့နွဲ့ကျေးရွာတံတား၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်းရှေ့ဆက်မတိုးနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါတံတားအား ဖျက်ဆီးခဲ့သည်။

ဧပြီ ၁၃ရက် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် စစ်ကြောင်း၏ သံချပ်ကာယာဥ်တစ်စီးကို ကော်ဘရာစစ်ကြောင်းက ဖျက်ဆီးနိုင်ခဲ့သည်။ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ထိုးစစ်ဆင်ရန်လာသည့် စစ်ကောင်စီ၏ တပ်မ(၅၅)မှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် ကာမီကာဇေဒရုန်း​ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ဒရုန်းစစ်ဆင်ရေးပြုလုပ်သည့် PDFတပ်ဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဧပြီ ၁၇ရက်)ကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တော်လှန်ရေးတပ်ဖွဲ့များက ကာမီကာဇေဒရုန်း​ဖြင့် တိုက်ခိုက်ခဲ့သည်။

မြဝတီမြို့သို့ ထိုးစစ်ဆင်ရန်လာသည့် စစ်ကောင်စီ၏ တပ်မ(၅၅)မှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် ကာမီကာဇေဒရုန်း​ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ ဒရုန်းစစ်ဆင်ရေးပြုလုပ်သည့် PDFတပ်ဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။