Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်မြို့ကို စစ်ကောင်စီစစ်ကြောင်းရောက်လာပြီးနောက် တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ်မြို့သို့ စစ်ကူရောက်ရှိလာသော စစ်ကြောင်းမှာ မည်သည့်လမ်းကြောင်းမှ ရောက်ရှိလာသည်ကို မသိရဘဲ အင်အား ရာနှင့်ချီပါဝင်သည်ဟု ရဲဘော်တစ်ဦးက ပြောသည်။

(ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးနေစဉ်။ ဓာတ်ပုံ – People’s Spring)
(ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးနေစဉ်။ ဓာတ်ပုံ – People’s Spring)

▪️လေးလကျော်ကြာပိတ်ဆို့သိမ်းယူထားသောနေရာများမှ တော်လှန်ရေးရဲဘော်များ ဆုတ်ခွာပေးရ

▪️စစ်ကောင်စီစစ်ကြောင်းမှာ မြဝတီမြို့သို့ ဦးတည်နိုင်ဟု သုံးသပ်

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးရောက်ရှိလာ၍ ‌တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးနေရာယူထားသည့် နေရာအချို့မှ ဆုတ်ခွာပေးလိုက်ရကြောင်း သတင်းရရှိသည်။

ကော့ကရိတ်မြို့မြောက်ပိုင်းရှိ တော်လှန်ရေးရဲဘော်များနေရာယူစိုးမိုးထားသော ရပ်ကွက်အချို့နှင့် ရေကူးကန်နေရာများကို ဆုတ်ခွာခဲ့ရကြောင်း စစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်အချို့က ပြောသည်။ ထို့အပြင် အာရှလမ်းမကြီးကိုလည်း စစ်ကောင်စီတပ်က စိုးမိုးထားသည်ဟု ဆိုသည်။

ကော့ကရိတ်မြို့သိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ဦးဆောင်မှုဖြင့် PDF စစ်ကြောင်းများ လေးလကြာတိုက်ခိုက်ပိတ်ဆို့ သိမ်းယူထားသော နေရာအချို့ကို ယမန်နေ့ညပိုင်းတွင် ဆုတ်ခွာပေးခဲ့ရခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

(ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးနေစဉ်။ ဓာတ်ပုံ – People’s Spring)
(ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးနေစဉ်။ ဓာတ်ပုံ – People’s Spring)

ယမန်နေ့ညက မစ်ဇိုင်းဒုံးကျည်များဖြင့် မနားတမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှ ပစ်ခတ်ခြင်းနှင့် ‌မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ရဲဘော်များထိခိုက်မှုမရှိစေရန် ဆုတ်ခွာပေးရခြင်းဟု ၎င်းတို့က ဆိုသည်။

“မနေ့ကည မစ်ဇိုင်းနဲ့ အတွဲလိုက်တစ်ညလုံးပစ်တာ။ မိုးရွာသလိုပဲ။ ဒါပေမယ့် ရဲဘော်တွေ ထိခိုက်တာတော့ မရှိဘူးကြားတယ်”ဟု ကော့ကရိတ်စစ်မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သို့သော် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်အား ပြန်လည်တိုက်ခိုက်သွားမည်ဟု PDF စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။

“အခုက ဆုတ်ခွာပေးရပေမယ့် ပြန်တိုက်ဖို့ စုစည်းနေပါတယ်”ဟု ၎င်းက ပြောသည်။

ယနေ့တွင်လည်း ကော့ကရိတ်မြို့ပေါ်နှင့် နေရာအနီးတွင် စစ်ကောင်စီက Y-12 လေယာဥ်ဖြင့် ‌မနားတမ်းပျံသန်းနေသည်ဟု ဆိုသည်။

ထို့အပြင် ယမန်နေ့ကည စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့အနီးရှိ ရွာသစ်ကျေးရွာ ထိခိုက်ပျက်စီးမှုရှိပြီး ဒေသခံများလည်း ထိခိုက်သေဆုံးမှုရှိသည်ဟု ကြားသိရကြောင်း PDF စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့သို့ စစ်ကူရောက်ရှိလာသော စစ်ကြောင်းမှာ မည်သည့်လမ်းကြောင်းမှ ရောက်ရှိလာသည်ကို မသိရဘဲ အင်အား ရာနှင့်ချီပါဝင်သည်ဟု ရဲဘော်တစ်ဦးက ပြောသည်။

“ဘယ်လို လမ်းကြောင်းကနေ ရောက်လာတာလဲ မသိဘူး။ အင်အားများတယ်။ မစ်ဇိုင်းတွေ တင့်ကားတွေပါ ပါတယ်ကြားတယ်”ဟု ၎င်းက ပြောသည်။

(ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးနေစဉ်။ ဓာတ်ပုံ – People’s Spring)
(ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးနေစဉ်။ ဓာတ်ပုံ – People’s Spring)

စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာကား ရှစ်စီးနှင့် ကားအစီးရေ ၂၂စီးဖြင့် ခန့်မှန်းအင်အား ၃၀၀ခန့်ပါရှိသော ယာဥ်တန်းသည် ကော့ကရိတ်မြို့သို့ ပြီးခဲ့သည့် သုံးရက်ကတည်းက ထွက်ခွာလာသော ယာဥ်တန်းဖြစ်ပြီး အဆိုပါ ယာဥ်တန်းအား တော်လှန်ရေးရဲဘော်များက လမ်းပိုင်းအချို့၌ တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ကော့ကရိတ်မြို့သို့ ရောက်ရှိလာသော စစ်ကူများမှာ အဆိုပါ ယာဥ်တန်းမှ စစ်ကောင်စီတပ်သားများဖြစ်သည်ကို အတည်မပြုနိုင်သေးပေ။

အဆိုပါ ယာဥ်တန်းသည် ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်များက စိုးမိုးထိန်းချုပ်ထားသော ကော့ကရိတ်မြို့နှင့် ကုန်သွယ်ရေးဇုန်မြို့တော်ဖြစ်သော မြဝတီမြို့အား ပြန်လည်ရယူရန် စစ်အင်အားဖြည့်တင်းခြင်းဖြစ်သည်ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက သုံးသပ်သည်။

စစ်ကောင်စီစစ်ကြောင်းသည် ကော့ကရိတ်မြို့မှတဆင့် တော်လှန်ရေးအဖွဲ့များတိုက်ခိုက်သိမ်းပိုက်ထားသော မြဝတီမြို့သို့ ချီတက်ပါက ၂၆မိုင်သာကွာဝေးပြီး ကားဖြင့်သွားမည်ဆိုလျှင် တစ်နာရီကျော်မျှသာ သွားရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ကော့ကရိတ်မှတဆင့် မြဝတီမြို့သို့ ဆက်လက်ချီတက်ပါက လမ်းတလျှောက်၌ သင်္ဃန်းညီနောင်နှင့် မြဝတီမြို့အဝင် ခလရ(၂၇၅)တပ်ရင်းအား သိမ်းယူထားသော ကော်ဘရာပူးပေါင်းစစ်ကြောင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လောလောဆယ်အခြေအနေတွင် မြဝတီမြို့၌ တိုက်ပွဲဖြစ်လာနိုင်ဖွယ်မရှိိကြောင်း လုံခြုံရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

လွယ်ဂျယ်က ရရှိခဲ့သည့် ငွေများနှင့်ပတ်သက်ပြီး မည်သို့ စီမံသည်ဆိုသည်ကို ဗိုလ်ချုပ်ကြီး ဂွန်မော်က KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ်(၆၄)၌ ပြဌာန်းထားသည့် အချက်များကို ၎င်း၏ Facebookမှ တဆင့် ရှင်းပြခဲ့သည်။

သတင်း

ထိုင်းအစိုးရအနေဖြင့် နှစ်နိုင်ငံနယ်စပ်အရေးကိစ္စကိို ပြတ်ပြတ်သားသား ဆုံးဖြတ်လုပ်ကိုင်ရန် အထက်ပါအတိုက်အခံလွှတ်တော်အမတ်က တိုက််တွန်းထားသည်။

ဆောင်းပါး

မြဝတီမြို့ပြင်တိုက်ပွဲများကြောင့် မြို့ခံအချို့မှာ လုံခြုံရေးအခြေအနေစိုးရိမ်၍ ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ၊​ မဲဆောက်မြို့သို့ ပြောင်းရွှေ့နေထိုင်မှုများလည်း ရှိနေသည်။