Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆီဆိုင်မြို့နယ် ဝိန်းကောင်ရွာအနီးရှိတံတားတစ်စင်းကို စစ်ကောင်စီ မိုင်းခွဲဖျက်ဆီး

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

(၊ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းတံတားကို စစ်ကောင်စီတပ်က ဧပြီ ၂၇ ရက် ညတွင် မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးထားစဥ်။ဓါတ်ပုံ-PNLA News & Info)
(၊ဆီဆိုင်မြို့နယ်၊ ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းတံတားကို စစ်ကောင်စီတပ်က ဧပြီ ၂၇ ရက် ညတွင် မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးထားစဥ်။ဓါတ်ပုံ-PNLA News & Info)

▪︎ဆီဆိုင်မြို့နယ် နေရာ ၃နေရာ၌ တိုက်ပွဲဖြစ် စစ်​ကောင်စီတပ် ၁၃ ဦးထက်မနည်း​သေဆုံး ဟုဆို

ထားမြတ်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ် ဝိန်းကောင်ကျေးရွာအနီးရှိ သဘက်ချောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့က ယမန့်နေ့(ဧပြီ ၂၇ ည) တွင် မိုင်းဖြင့်ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်သည်။

ဧပြီ ၂၇ရက် ည ၆နာရီခန့်တွင် ဝိန်းကောင်ဒေသမှ ဆီဆိုင်သို့ ဆက်သွယ်သွားလာနိုင်သည့် သဘက်ချောင်းတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“စစ်ကောင်စီက တိုက်ပွဲလည်းမဖြစ် အကြောင်းအရင်းလည်း မသိရဘဲ အဲဒီတံတားကို မိုင်းခွဲသွားတယ်။ ဒီတံတားကသဘက်ချောင်းကို ဖြတ်ကူးတဲ့တံတားဖြစ်တယ်။ အဲဒီ ကျေးလက်ဒေသကသူတွေ ဆီဆိုင်မြို့ကို သွားရင် အဲဒီတံတားကို မဖြစ်မနေ ဖြတ်သွားရတာဖြစ်ပါတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ဖျက်ဆီးခြင်းမှာ စစ်ရေးအရ ဖြစ်နိုင်သကဲ့သို့ ပြည်သူများကို အခက်အခဲ ဖြစ်စေရန် လုပ်ဆောင်သည့် သဘောဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်​ပြောကြားသည်။

“အခု တလော ဆီဆိုင်မြို့နယ်မှာ ဆိုရင် အဲဒီ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ရမ်းသန်း ပစ်ခတ်တာတွေ တအားလုပ်နေတော့လေ။ အဲဒီလမ်းကြောင်းက ဆီဆိုင်မြို့ကို ပေါက်တဲ့ လမ်းကြောင်းဆိုတော့ သူတို့ကို လာတိုက်မှာစိုးလို့ တံတားဖျက်ဆီးလိုက်တာမျိုးလည်းဖြစ်နိုင်တယ်”ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီ လုပ်ရပ်ကြောင့် ပြည်သူများသာ အဓိက အခက်အခဲဖြစ်ရကြောင်း ၎င်းကဆက်ပြောသည်။စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်ခြင်းကြောင့် ယင်းတံတားသည် ကားများသွားလာ၍မရတော့ဟု သိရသည်။

ထိုအပြင်ဧပြီ ၂၇ ရက်တွင်ဆီဆိုင်မြို့နယ် နေရာသုံးခုတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရကြောင်း ထုတ်ပြန်ထားပြီး တိုက်ပွဲဖြစ်ပွားရာဒေသ အပါအဝင်တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး အသေးစိတ် ဖော်ပြမထားပေ။

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။