Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အောင်ဇေယျစစ်ကြောင်း ဒေါနတောင်‌ စတက်၊ တော်လှန်ရေးပူးပေါင်းတပ်များ တားဆီးတိုက်ခိုက်နေ

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

(အောင်ဇေယျစစ်ကြောင်း မြဝတီမြို့သို့ လာရန် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေသည့် နေရာမြေပုံအား တွေ့ရစဥ်။)
(အောင်ဇေယျစစ်ကြောင်း မြဝတီမြို့သို့ လာရန် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေသည့် နေရာမြေပုံအား တွေ့ရစဥ်။)

ဒီးဒို/People’s Spring

မြဝတီမြို့သို့လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်‌ပေါ်သို့ စတင်တက်ရောက်နေပြီး တော်လှန်ရေးပူးပေါင်းတပ်များက တားဆီးတိုက်ခိုက်နေသည်ဟု Special Operation Group – SOG စစ်ကြောင်းမှူး ကိုဇော်အောင်က People’s Springသို့ ပြောသည်။

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ဧပြီ ၁၁ရက်ညပိုင်းတွင် ကော့ကရိတ်မြို့သို့ စစ်ကြောင်းဝင်ရောက်လာပြီး ဧပြီ ၁၂ရက်တွင် ကော့ကရိတ်မြို့အထွက်ရှိ ကော့နွဲ့ကျေးရွာတံတား၌ တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကို ထပ်မံကြုံတွေ့ရပြန်သည်။ အောင်ဇေယျစစ်ကြောင်းသည် ကော့နွဲ့ကျေးရွာအနီး၌ ရပ်တန့်နေခဲ့ရပြီးနောက် တတန်းကူးကျေးရွာအနီးအရောက်တွင် နှစ်ပတ်ခန့်အကြာရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေရာမှ ယခုအခါ ဒေါနတောင်ပေါ်သို့ စတင်တက်ရောက်ခြင်း ဖြစ်သည်။

“တောင်ပေါ်တော့ တက်နေပြီ။ တောင်ပေါ်လမ်းမှာပဲ တိုက်ပွဲဖြစ်နေတယ်။ မွေးမြူရေးဇုန်အနီးမှာရောက်နေတယ်။ “ဟု တောင်ပိုင်းတိုင်း အမှတ်(၃၁) ဗျူဟာအောက်ရှိ SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ လက်ရှိတွင် အင်အား ၅၀၀ကျော်ပါရှိနိုင်ဟု ယူဆရကြောင်း SOG စစ်ကြောင်းမှူးက သုံးသပ်သည်။

” ဒီမှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက အစွမ်းကုန်ပိတ်ဆို့တားဆီးနေတာပေါ့နော်။ ပြည်သူတွေ အရမ်းကြီးမစိုးရိမ်ကြဖို့လည်း ပြောချင်ပါတယ်”ဟု SOG စစ်ကြောင်းမှူးက ပြောသည်။

ထို့အပြင် အောင်ဇေယျစစ်ကြောင်းမှာ အင်အား အများအပြားအသုံးပြု စစ်ကြောင်းထိုးနေသည်ဟု တောင်ပိုင်းတိုင်း အမှတ်(၃၁) ဗျူဟာအောက်ရှိ ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

” အင်အားတွေ ဖြည့်တင်းတာ ရှိတယ်။ ကား ၁၀စီး တက်လာတယ်။ မူလ အင်အားက ၁၀၀၀လောက် ရှိတယ်။ သေဆုံးတာလည်း ရှိနေတယ်။ အခုသူတို့က နေ့တိုင်း အင်အား ဖြည့်နေတာ။ ကျွန်တော်တို့ကလည်း တားဆီးနေပါတယ်။ နေ့တိုင်းလည်း တိုက်ပွဲဖြစ်နေတယ်”ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) မှ ဦးဆောင်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာဧပြီ ၂၁ ရက်တိုက်ပွဲတွင် သံချပ်ကာယာဉ် တစ်စီး၊ စစ်သုံးကား နှစ်စီး အပါအဝင် စက်လက်တစ်လက်နှင့် လက်နက်ခဲယမ်း များ သိမ်းဆီးရမိပြီး ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦး အပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်းလည်း KNUက အသိ​ပေးထားသည်။

ကော့ကရိတ်မှ မြဝတီမြို့သို့ စစ်ကူအဖြင့် ထိုးစစ်ဆင်လာသော အာဏာသိမ်း စစ်ကောင်စီတပ်များအား ကြားဖြတ်တိုက်ခိုက် ချေမှုန်းရာ ဧပြီ ၂၁ရက်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဥ် တစ်စီး၊ စက်သေနပ်တပ်ဆင်ထားသော စစ်သုံးယာဥ် နှစ်စီး၊ ပွိုင့်ဖွိုက် တစ်လက်အပါအဝင် လက်နက်ငယ် (၁၁)လက်နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်းရခဲ့သည်ဟု အသိပေးသည်။

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားသည်။

“အခြားတစ်ဖက်မှာတော့ မြ၀တီမြို့ကို နိုင်ငံအဆင့် အောင်ဇေယျ စစ်ဆင်ရေးနဲ့ မရ ၊အရ ပြန်သိမ်းမယ်လို့ ကြုံးဝါးပြီး ဒရောသောပါး ထိုးစစ်ဆင်လာတဲ့ နယ်ချဲ့ စစ်မိစ္ဆာ စစ်ခွေးနဲ့ အပေါင်းအပါ အားလုံးကိုတော့ တွေ့ရာ သင်္ချိုင်းဓားမဆိုင်းဘဲကျွန်​တော်တို့ KNLA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေအားလုံးက​နေ ဒီ စစ်ကူတပ်တွေကို ပြတ်ပြတ်သားသား ရိုက်ချိုး ဖြတ်တောက်ပြီး တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်”ဟု ပဒို​စော​တောနီးက ​ပြောထားသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ”အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်၍ လူအင်အား၊ လက်နက်အင်အား အပြည့်အစုံဖြင့် ထိုးစစ်ဆင် ချီတက်လျှက်ရှိနေပြီး လက်နက်ကြီး ပစ်ကူဖြင့် သော်လည်းကောင်း၊ လေယာဥ်ပစ်ကူဖြင့် သော်လည်းကောင်း နေ့ညမပြတ် လိုက်လံဗုံးကြဲ ပစ်ခတ်လျှက်ရှိနေသည်ဟု အသိပေးထားသည်။

ထို့အပြင် ကေအဲယူန်ယူ – တပ်မဟာ (၆) ဒူးပလာယာခရိုင်အတွင်း ကျန်ရှိနေသေးသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများအား အပြီးသတ် တိုက်ခိုက်ချေမှုန်း သိမ်းပိုက်နိုင်ရန် နေရာအနံ့ နေ့စဥ်နှင့်အမျှ နှစ်ဖက် တိတွေ့ရင်ဆိုင်တိုက်ပွဲများရှိနေသလိုအာဏာသိမ်းစစ်ကောင်စီတပ်မှ အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ရပြီး မြောက်များစွာသော လက်နက်ခဲယမ်းများနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများစွာတို့အားလည်း ၎င်းတို့ထံမှ သိမ်းဆည်းရမိခဲ့သည်ဟု KNUက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။