Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းတပ်ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခဲ့သည့်စစ်ကောင်စီ၏လုပ်ရပ် CNF ရှုတ်ချ

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

မင်းတပ်မြို့နယ် ၀မ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်
မင်းတပ်မြို့နယ် ၀မ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်

▪︎စစ်​ကောင်စီတပ်က အာဏာသိမ်းပြီး​နောက်ပိုင်း​ဆေးရုံများကိုအကြိမ်​ပေါင်း ၃၄၃ ကြိမ်တိုက်ခိုက်ခဲ့ ၊ကျန်းမည​ရေးဝန်ထမ်း ၁၀၄ ဦး​သေဆုံးပြီး ၁၃၁ဦး ဒဏ်ရာရ​စေခဲ့

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့နယ် ၀မ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့ပြီး စစ်ကောင်စီ၏လုပ်ရပ်အား ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA)က ထုတ်ပြန်သည်။

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဆေးရုံတွင်လာရောက်ကုသနေသည့် အပြစ်မဲ့ပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက်ဗုံးကြဲ သတ်ဖြတ်သည့် စစ်ကောင်စီ၏ စက်ဆုပ်ဖွယ်လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင် တင်းတင်း ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ကြောင်း ၊ ရည်ရွယ်ချက်ရှိစွာဖြင့် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဖြစ်၍ အပြင်းအထန် ရှုတ်ချကြောင်း CNFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့နယ် ၀မ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်
မင်းတပ်မြို့နယ် ၀မ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်

“ဒါက စစ်ပွဲဖြစ်နေတာမဟုတ်ဘူး။ ကျနော်တို့ တပ်စခန်းမဟုတ်ဘူး။ ဒါက ကျန်းမာရေးစောင့် ရှောက်မှုပေးနေတဲ့ ပြည်သူတွေနဲ့ ဆိုင်တဲ့အရာ။ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ နေရာကြီးကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ။ ဒါ စစ်ရာဇဝတ်မှု ကျူးလွန်တာ။ ဒါ လူမဆန်တဲ့လုပ်ရပ် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်တာ။ ဒီလိုပဲ ဘုန်းကြီးကျောင်းတွေ ဘုရားကျောင်းတွေ စာသင်ကျောင်းဆောင်တွေကို ဒါမျိုးလုပ်နေတာကြာပြီ။ ဒါတွေကို ကမ္ဘာက သိအောင် ဒီလို လုပ်ရပ်တွေလုပ်နေတယ်ဆိုတာကို ဒီစစ်ရာဇဝတ်မှု ကျူးလွန်တဲ့ စကစ စစ်တပ်ကို နိုင်ငံတကာကလည်း သိဖို့လိုမယ်။ ဒါက ကျနော်တို့တင်ခံစားနေရတာ မဟုတ်ဘူး။ ဒါက တစ်နိုင်ငံလုံး”ဟု ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောကြားထားသည်။

ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်သည်လုပ်ရပ်များ ပိုလုပ်လေ နာကျည်းဝမ်းနည်းမှုများကို အားအဖြစ်ယူပြီး စစ်အာဏာရှင်ပြုတ်ကျရေး ပိုမိုအားစိုက်လုပ်ဆောင်သွားမည်ဟုလည်း ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ်မြို့နယ် ၀မ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်
မင်းတပ်မြို့နယ် ၀မ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်

စစ်ကောင်စီ၏ ယခု လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဆေးရုံ ပြန်လည်ရပ်တည်ရေးအတွက် လူသားချင်း စာနာထောက်ထားမှု အစီအစဉ်များအမြန်ဆုံး အကောင်အထည်ဖော်ပေးရန် CNFက တောင်းဆိုထားသည်။

CNF/CNA အနေဖြင့် နိုင်ငံရေးခံယူချက် ရပ်တည်ချက် တူညီသော တိုင်းရင်းသား ညီနောင်မဟာမိတ်များ၊ NUG အစိုးရ၊ နွေဦးတော်လှန်ရေး လက်နက်ကိုင်အင်အားစုများနှင့် အတူ စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်သည်။

၀မ္မသူးဆေးရုံ အကြမ်းဖက်မှုအတွင်း အသက်ဆုံးပါးခဲ့ရသည့် ပြည်သူများ၏ မိသားစုများ၊ ရပ်ဆွေရပ်မျိုးများနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း ဖော်ပြကာ ဒဏ်ရာရ လူနာများ ကိုယ်စိတ် ကျန်းမာ၊ ချမ်းသာခြင်း အမြန်ဆုံးရရှိခံစားစေရန်လည်း CNFက ဆုတောင်း မေတ္တာပို့သခဲ့သည်။

ထိုအပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကျန်းမာရေးဝန်ကြီးဌာန ကလည်း ဝမ္မသူးဆေးရုံအား ဂျက်ဖိုက်တာလေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ သည့်စစ်ကောင်စီ၏ လုပ်ရပ် သည် စစ်ရာဇဝတ်ခြင်း ဖြစ်ပြီးလူမဆန်သော အကြမ်းဖက်မှုများကို တသမတ်တည်း ကျူးလွန်နေခြင်းဖြစ်ဟု ထုတ်ပြန်သည်။

မင်းတပ်မြို့နယ် ၀မ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်
မင်းတပ်မြို့နယ် ၀မ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်

စစ်ကောင်စီသည်၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ယနေ့အထိ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း (၁,၂၉၃) ကြိမ် ကျူးလွန်ခဲ့ ပြီး ဆေးရုံဆေးခန်း (၃၄၃) ခုကို ဖျက်ဆီးခဲ့သည့် အပြင် ကျန်းမာရေးဝန်ထမ်း (၁၀၄) ဦးကို သတ်ဖြတ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်း (၁၃၁) ဦးကိုလည်း ထိခိုက်ဒဏ်ရာ ရရှိစေခဲ့ကြောင်းထုတ်ပြန်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်လှသည့် အစွန်းရောက်၊ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ဝန်ကြီးဌာနအနေဖြင့် ချင်းပြည်နယ်၏ ပြည်သူလူထု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသော အဖွဲ့အစည်းများနှင့်အတူ ခိုင်မာစည်းလုံးစွာ လက်တွဲရပ်တည်လျက်ရှိသည်ဟု ဖော်ပြသည်။

ဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ အသေအချာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ကတိပြုသည်။

စစ်ကောင်စီ၏ လုပ်ရပ်များ အပေါ် နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြု၍ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေးရန် အထူးလိုအပ်နေကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

(မင်းတပ်မြို့နယ် ၀မ္မသူးဆေးရုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – CDFMindat/ Salai Naing Hung)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။