Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရက္ခိုင်ပြည်နယ်အရေး မလိုလားအပ်သော လူမျိုးရေးအမုန်းတရားများ မပေါ်ပေါက်စေရေး ဝိုင်းဝန်းကြိုးစားကြရန် NUG ယာယီသမ္မတ တိုက်တွန်း

ယနေ့(မေလ ၂၈ရက်)ကျင်းပသော NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ပြောင်းလဲနေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အထက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

(NUG ယာယီသမ္မတ ဒူဝါလရှီးလ ။ဓါတ်ပုံ-NUG)
(NUG ယာယီသမ္မတ ဒူဝါလရှီးလ ။ဓါတ်ပုံ-NUG)

▪︎”နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထူးခံနေရတဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဟာ အတိတ်က ကြုံခဲ့ဖူးတဲ့ ချည်းကပ်မှု အမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်”- ဒူဝါလရှီးလ

▪︎အညာဒေသ ပ-သုံးလုံးအရေးတွင် လူထုထဲမှ အသံစစ်စစ်ကို သကာမအုပ်ပဲ ကြားနိုင်အောင် အစိုးရအဖွဲ့တရပ်လုံး သတိရှိရန် လမ်းညွှန်

သော်မွန်/People’s Spring

လူနှင့်မြေကို အကြောင်းပြု၍ မလိုလားအပ်သော လူမျိုးရေးအမုန်းတရားများ မပေါ်ပေါက်စေရေး ဝိုင်းဝန်းကြိုးစားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်သည်။

ယနေ့(မေလ ၂၈ရက်)ကျင်းပသော NUG အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ပြောင်းလဲနေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အထက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီအချိန်မှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်စစ်ကောင်စီက လူမျိုးရေးပဋိပက္ခဖြစ်အောင် တဖန်ကြံစည် တွန်းပို့နေတာကို တွေ့ရပါတယ်။ ဒီအခြေအနေကို အပြင်းအထန်ဆုံးအဆင့်ထိ ရောက်မသွားအောင် အာရက္ခတပ်တော်နဲ့ သက်ဆိုင်ရာ ရိုဟင်ဂျာ အသိုင်းအဝန်းက ဝိုင်းဝန်းအာရုံစိုက် ကြိုးစားနေတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း တည်ဆဲ အခင်းအကျင်းမှာ ဖြစ်ပျက်နေတဲ့ လူမျိုးရေး ကတောက်ကဆ ဖြစ်မှုတွေကို တတ်နိုင်သမျှ အပြီးသတ်ချုပ်ငြိမ်းနိုင်အောင် တစ်ဖက်တစ်လှမ်းကနေ ကူညီဆောင်ရွက်ကြဖို့ အထူးလိုအပ်ပါတယ်” ဟု NUG ယာယီသမ္မက ပြောသည်။

Public Service Announcement

Public Service Announcement

လူမျိုးရေးအရ အကဲဆတ်သည့် ကိစ္စရပ်များကို အလေးအနက်ထားပြီး ရှုမြင် ချည်းကပ်ကြရန် လိုအပ်ပြီး အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လူသားဝါဒနှင့် လူ့အခွင့်အရေးအပေါ်မှာ အခြေခံသော ရှုမြင်ချက်များနှင့် လက်ရှိတည်ဆဲ ဖြစ်ရပ်များကို ချည်းကပ်နိုင်ရန် လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းသည်။

“လက်ရှိ ရက္ခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အထူးခံနေရတဲ့ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ဟာ အတိတ်က ကြုံခဲ့ဖူးတဲ့ ချည်းကပ်မှု အမှားတွေကို သင်ခန်းစာယူနိုင်ဖို့ လိုတယ်လို့ ယူဆပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ အပေါ်မှာလည်း ရပ်ခံရှုမြင်ကြဖို့ လိုပါတယ်။ ဒီအတွက် ရခိုင်အမျိုးသား ခေါင်းဆောင်များအနေဖြင့် အထူးကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ကျွန်တေ့ာ်အနေနဲ့ အပြည့်အဝ ယုံကြည်ပါတယ်။ လူနဲ့ မြေကို အကြောင်းပြုပြီး မလိုလားအပ်တဲ့ လူမျိုးရေးအမုန်းတရားတွေ မပေါ်ပေါက်စေဖို့အတွက် ကျွန်တော်တို့အားလုံး တွန်းတွန်းတိုက်တိုက် ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်”ဟု ယာယီသမ္မတက တိုက်တွန်းသည်။

ထို့်အပြင် အညာဒေသ စစ်ကိုင်းဧရိယာထဲမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ အရေးကိစ္စများနှင့်ပတ်သက်၍လည်း ယာယီသမ္မတက သတိပေးပြောကြားသည်။

အထက်ပါ ပ-သုံးလုံးအရေး ဝေဖန်မှုများထဲတွင် လက်တွေ့အရှိတရားကို ထင်ဟပ်သည့် ထောက်ပြဝေဖန်မှုများ တွေ့ရသကဲ့သို့ နိုင်ငံရေးအပုတ်ချသည့်အနေဖြင့် ရည်ရွယ်ချက်ရှိရှိ ထိုးနှက်တိုက်ခိုက်သည့် ဝေဖန်ရေးအရေခြုံများကိုလည်း တွေ့မြင်ရကြောင်း အစိုးရအဖွဲ့မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။

“လက်ရှိ အခြေအနေဟာ ခုခံတော်လှန်စစ်အောင်ပွဲတွေမှာ ပယောဂမှိုင်းတွေ ပူးဝင်ကပ်ငြိမှု မရှိအောင် နိုင်ငံရေးအသိနဲ့ နိုင်ငံရေးသတိကို ထိန်းပြီး ကြိုးစားလျှောက်လှမ်းကြဖို့ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လူထုထဲက အသံစစ်စစ်ကို သကာမအုပ်ပဲ ကြားနိုင်အောင် ကျွန်တော်တို့ အစိုးရအဖွဲ့တစ်ရပ်လုံး သတိရှိထားရမှာ ဖြစ်ကြောင်း ပြောကြားအပ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသ၏ စစ်ဒေသမှူးလည်းဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းအကြောင်း ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို မေလ ၁၈ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းသည် မေလ ၁၃ရက်ညနေတွင် အသဲရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။

သတင်း

အရင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ စစ်တပ်ကို နိုင်ငံရေး လုပ်ပိုင်ခွင့်အာဏာ ကြီးကြီးမားမား ပေးအပ်ထားခဲ့သလို လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံကိုစစ်တပ်ကခန့်အပ်ရမယ်လို့ ပြဋ္ဌာန်းထားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြသည်။