Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်း၏ ဈာပန အခမ်းအနား ကျင်းပပြီးစီး

KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းသည် မေလ ၁၃ရက်ညနေတွင် အသဲရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။

KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း၏ နာ​ရေးအခမ်းအနားအတွက်ပြင်ဆင်ထားမှု

▪︎NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အပါအဝင် အဖွဲ့အစည်း ၊ ပုဂ္ဂိုလ် ၃၀ကျော် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့ / ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA)စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်း၏ ဈာပနအခမ်းအနားကိုယနေ့(မေလ ၁၆ရက်)တွင် ကျင်းပခဲ့ကြောင်း ကချင်သတင်းရင်းမြစ်က ပြောပြသည်။

အဆိုပါ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များများ၊ တော်လှန်ရေးအင်အားစုများက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ရာ ပေးပို့သည့် သဝဏ်လွှာ ၃၀ ကျော်ရရှိကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးဖော်ပြထားသည်။

KIAက ဖော်ပြခဲ့သည့် သဝဏ်လွှာလက်ခံရရှိမှု ဇယားအရ NUG၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ၀တပ်(UWSA)၊ မိုင်းလားတပ်(NDAA)၊ ရှမ်းတပ်(SSPP)၊ တအာင်း(TNLA)၊ ကိုးကန့် MNDAA နှင့် ရက္ခိုင် AA တပ်များ ပါဝင်သည့် ညီနောင်မဟာမိတ် ၃ဖွဲ့၊ ချင်းတပ်ဖွဲ့(CNF) ကရင်နီတပ် KNPP၊ ကျောင်းသားတပ် ABSDF၊ ရက္ခိုင်ပြည်အမျိုးသားကောင်စီ(ANC/AA) စသည့် အဖွဲ့များ သဝဏ်လွှာပေးပို့ထားသည်ကို တွေ့ရသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) တို့ ကလည်း သဝဏ်လွှာပေးပို့ခဲ့ကြပြီး သဝဏ်လွှာ ၃၁စောင့် လက်ခံရရှိထားကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။KNU/KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ​ဘော​ကျော်ဟဲကလည်း သဝဏ်လွှာ​ပေးပို့ထား​ကြောင်းသိရသည်။

KIAဖော်ပြသည့် ဇယား၌ ပါဝင်ခြင်းမရှိသော်လည်း မွန်တော်လှန်ရေးတပ် ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP-AD တပ်ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့သည်။ ဝါရင့်မွန်တော်လှရေးတပ်ဖွဲ့ဖြစ်သော NMSP တပ်က သဝဏ်လွှာပေးပို့မှုကို မတွေ့ရပေ။ NMSP-ADသည် NMSPမှ ခွဲထွက်လာသည့် တပ်ဖြစ်သည်။

KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းသည် မေလ ၁၃ရက်ညနေတွင် အသဲရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။

(KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွန်း၏ နာ​ရေးအခမ်းအနားအတွက်ပြင်ဆင်ထားမှုနှင့် သဝဏ်လွှာ​ပေးပို့​သော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များစာရင်း။ဓါတ်ပုံ-ဗိုလ်ချုပ်ဂွန်​​မော်FB ၊ The Kachin Net)

ဆက်စပ်သတင်းများ

သတင်း

အရင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ စစ်တပ်ကို နိုင်ငံရေး လုပ်ပိုင်ခွင့်အာဏာ ကြီးကြီးမားမား ပေးအပ်ထားခဲ့သလို လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံကိုစစ်တပ်ကခန့်အပ်ရမယ်လို့ ပြဋ္ဌာန်းထားခဲ့ပါတယ်။

သတင်း

တော်လှန်ရေးကာလတစ်ခု၌ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း နှင့် ဒေါကတာတေဇာဆန်းတို့ စခန်းတစ်ခုတည်း၊ တဲတစ်ခုတည်း၌ အတူနေခဲ့ကြကြောင်း ဓါတ်နှင့်အတူဖော်ပြသည်။

သတင်း

မိုးမောက်မြို့အနီးရှိ ခမရ(၄၃၇)တပ်ရင်းကို KIAက မေလ ၉ရက်ကတည်းက ထိုးစစ်ဆင်လျက်ရှိရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံနေသကဲ့သို့ မံစီ၌ ကျန်နေသည့် ခမရ(၆၀၁)တပ်ရင်းနှင့် ခမရ(၃၁၉) တပ်ရင်းတို့အား ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။

သတင်း

ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း “အသဲလို့ ပြောတယ်။ လွန်ခဲ့တဲ့အပတ်ကတော့ ဆုတောင်း ကူညီပေးကြဖို့ ဆိုပြီးမှ ဖိတ်ခေါ်တဲ့ဟာ နည်းနည်းကြားလိုက်မိတယ်။ သတိထားလိုက်မိတယ်” ဟု ပြောသည်။