Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျန်းမာရေးနှင့် တော်လှန်ရေးလဲခဲ့သည့် KIA စစ်ဦးစီးချုပ်မှာ မြန်မာပြည်မြောက်ခြမ်းတစ်ခုလုံး၏ စစ်ရေးတာဝန်များထမ်းပိုးခဲ့ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသ၏ စစ်ဒေသမှူးလည်းဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းအကြောင်း ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို မေလ ၁၈ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

(KIAစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းနှင့် ဝန်ကြီးဦးရည်မွန်တို့ ရှေ့တန်းတနေရာ၌ အတူတွေ့ရစဉ်။ ဓာတ်ပုံ - MOD)
(KIAစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းနှင့် ဝန်ကြီးဦးရည်မွန်တို့ ရှေ့တန်းတနေရာ၌ အတူတွေ့ရစဉ်။ ဓာတ်ပုံ - MOD)

▪️KIA၏ မတ်လ ၇ရက် စစ်ဆင်ရေးတွင် ရှေ့တန်းကွပ်ကဲရေးစခန်း၌ KIA စစ်ဦးစီးချပ်နှင့်အတူ တစ်လနီးပါး နေခဲ့ရပြီး အနီးကပ်လေ့လာခွင့်ရဟု အသိပေး

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် မြန်မာပြည် မြောက်ခြမ်း တစ်ခုလုံး၏ စစ်ရေးတာဝန်များကို ထမ်းပိုးခဲ့သူ ဖြစ်ပြီး အညာဒေသမှ PDF တပ်ရင်းများစွာကို ပြုစုပျိုးထောင်ပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)​၏ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသ၏ စစ်ဒေသမှူးလည်းဖြစ်သည့် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းအကြောင်း ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို မေလ ၁၈ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

” အမှတ်(၁)စစ်ဒေသမှူးဆိုတော့ သူကမြန်မာပြည်မြောက်ခြမ်းတခုလုံးရဲ့ စစ်ရေးတာဝန်ကို ထမ်းပိုးခဲ့တဲ့ သူလို့ ဆိုရပါမယ်။။အမှတ်(၁)စစ်ဒေသမှာ အဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း မကွေးတိုင်းတို့ ပါဝင်ပါတယ်။ဒီကနေ့ အညာက စစ်ရေးအောင်မြင်မှုနဲ့ နယ်မြေစိုးမိုး ထိန်းချုပ်မှုတွေဟာ သူ့အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ပြည်သူလူထုရဲ့ပါဝင်မှုနဲ့အတူ သူ့ရဲ့အစီအမံ သူရဲ့အနီးကပ်ကွပ်ကဲမှု ပေါင်းစပ်ပြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ သူပြုစုပျိုးထောင်ပေးခဲ့တဲ့ အညာဒေသက ရာနဲ့ချီတဲ့ PDFတပ်ရင်းတွေဟာ ဒီကနေ့ တိုက်ရိုက်ခိုက်ရည် ကောင်းပြီး အားကိုးရတဲ့ တပ်ရင်းတွေ ဖြစ်နေပါပြီ”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးရန် အရေးကြီးသည့်အတွက် PDFများသာမက မြို့နယ်၊တိုက် နယ်၊ ကျေးရွာ ပကဖများ ဖွဲ့စည်းရန် အားပေးခဲ့သူ ဖြစ်သည်ဟု ပြောသည်။

“ဗိုလ်ချုပ်က သူ့ကျန်းမာရေးနဲ့ တော်လှန်ရေးကို လဲခဲ့တဲ့သူပါ။၂၀၂၁ နှစ်လယ်မှာ C3Cဗဟိုကွပ်ကဲရေးနဲ့ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီရဲ့ သဘောတူဆုံးဖြတ်ချက်အရ အမှတ် ၁စစ်ဒေသ ဖွဲ့စည်းတော့ ဗိုလ်ချုပ်က စစ်ဒေသမှူး တာဝန်ယူဖို့ ဖြစ်လာပါတယ်။အဲဒီအချိန် သူက ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ ဒုစစ်ဦးစီးချုပ် ဖြစ်ပါတယ်။ပြောမယ်ဆိုရင်သူက ဆေးကုဖို့ဆိုတာထက် စစ်မြေပြင်ဆင်းဖို့ ရွေးချယ်ခဲ့တာပါ” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ၂၀၂၂ ကတည်း က ဆေးကုသရန် အခွင့်အရေးရှိခဲ့သော်လည်း စစ်ရေးအရ အရေးကြီးနေချိန်ဖြစ်၍ စစ်တိုက်ရန်သာ ရွေးချယ်ခဲ့သူ ဖြစ်သည်ဟု ဆိုသည်။

“PDFတပ်ရင်း တပ်ဖွဲ့တွေ လေ့ကျင်စုဖွဲ့နိုင်ဖို့ နယ်မြေစိုးမိုးထိန်းချုပ်မှုရရေး တိုက်ပွဲဝင်ဖို့ နှစ်နှစ်နီးပါး အချိန်ပေးပြီး သူ အနီးကပ် ကြီးကြပ်ခဲ့ပါတယ်။၂၀၂၃ ခုနှစ် KIA စစ်ဦးစီးချုပ် တာဝန်ထမ်းရမှ လိုင်ဇာ သူပြန်တယ်။ တော်လှန်ရေးအတွက် သူ ပြုခဲ့တဲ့ကျေးဇူး တကယ်ကြီးမားပါတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

လိုင်ဇာမြို့သို့ ဝန်ကြီးဦးရည်မွန် ရောက်ရှိချိန် တွင်လည်း ဒုဗိုလ်ချုပ်ကြီးခေါင်လွမ်းနှင့် တိုင်ပင်ပြီး အမှတ်( ၁)စစ်ဒေသ၏ စစ်ရေးအရှိန် မြှင့်တင်ရေး ၊ တစ်နိုင်ငံလုံးဟန်ချက်ညီတိုက်ပွဲဝင်ရေး ဆွေးနွေးခဲ့ကြောင်း ရှင်းပြသည်။

“ဝန်ကြီးက မဟာမိတ်ရှာတဲ့အလုပ် ရန်ပုံငွေရှာတဲ့အလုပ် လက်နက်ခဲယမ်းရှာတဲ့အလုပ် ပိုအားစိုက်ဗျာ၊ ကျွန်တော်က စစ်ရေးကို ပိုအားစိုက်မယ်လို့ သူပြောခဲ့တဲ့စကားကတော့ ခုအချိန် မှတ်မှတ်ရရပါပဲ။ ကချင်ဒေသ စစ်ဆင်ရေးစတဲ့ မတ်လ ၇ရက်ကတည်းက သူ့ရဲ့ ရှေ့တန်းကွပ်ကဲရေးစခန်းမှာ ကျွန်တော်ကို သူနဲ့အတူ လာနေဖို့ခေါ်တယ်။ အမြောက်သံ ဗုံးသံ လေယာဥ်သံအောက်မှာ ကျွန်တော်တို့ တစ်လနီးပါးလောက် အတူနေခဲ့ကြတယ်။သူရဲ့ စစ်ဆင်ရေးကွပ်ကဲနေပုံကို ကျွန်တော် အနီးကပ် လေ့လာခွင့် သင်ယူခွင့်ရခဲ့တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

KIA ၏ မတ်လ ၇ရက် စစ်ဆင်ရေးနောက်ပိုင်း အချိန်တိုအတွင်း အရေးကြီးသည့် အောင်ပွဲများ ရရှိခဲ့သည်ဟုဆိုသည်။

” ပြီးခဲ့တဲ့ ဧပြီ ၆ရက်နေ့ကတော့ သူလည်း ဆေးကုဖို့ ခရီးသွားမယ်ကျွန်တော်လည်း မြေပြင်ခရီးတချို့ သွားဖို့ ရှိမယ်။ ပြီးရင် ပြန်ဆုံပြီး စစ်မြေပြင် နှစ်ယောက်အတူ ဆင်းကြမယ် စစ်ဆင်ရေးတွေ အတူကွပ်ကဲကြမယ်ဆိုပြီး တိုင်ပင်ထားတာပါ။သူကွယ်လွန်သွားပေမယ် သူရေးဆွဲတဲ့ ပြင်ဆင်ခဲ့ စစ်ရေးရည်မှန်းချက်တွေ စစ်ဆင်ရေး စီမံချက်တွေ လက်ဆုတ်လက်ကိုင် ကျန်ခဲ့တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

အမှတ် (၁)စစ်ဒေသ၏ ရည်မှန်းချက်များ ပြည့်မြောက်သည်အထိကျန်ခဲ့သည့် KIA၊ PDF ရဲဘော်များ လက်တွဲပြီးကြိုးပမ်းသွားမည်ဟုလည်း ဝန်ကြီးဦးရည်မွန်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်၌ ကျန်နေသည့် စစ်ကောင်စီတပ်စခန်းများကို KIAက မေလ ၁၈ရက်တွင် တပြိုင်တည်း ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယနေ့(မေလ ၂၀ရက်)နံ နက်အချိန်ထိ စစ်ကောင်စီတပ်စခန်း ၁၂ခုထက်မနည်း ရရှိထားသည်။

သတင်း

​ခလရ ၃၂၁ အပါအဝင် ဝိုင်းမော်ရှိ စစ်ကောင်စီတပ်စခန်းများအား KIAက ​မေ ၁၈ နံနက် စတင်ထိုးစစ်ဆင်ခြင်းဖ့စ်​ကြောင်း အခြားကချင်စစ်ရေးသတင်းရင်းမြစ်ကလည်း အတည်ပြုပေးသည်။

သတင်း

KIA စစ်ဦးစီးချုပ်ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းသည် မေလ ၁၃ရက်ညနေတွင် အသဲရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။

သတင်း

အရင် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ စစ်တပ်ကို နိုင်ငံရေး လုပ်ပိုင်ခွင့်အာဏာ ကြီးကြီးမားမား ပေးအပ်ထားခဲ့သလို လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံကိုစစ်တပ်ကခန့်အပ်ရမယ်လို့ ပြဋ္ဌာန်းထားခဲ့ပါတယ်။