Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NLD နာယက ဦးတင်ဦးကွယ်လွန်

၁၉၈၈ စက်တင်ဘာ ၂၄ ရက်တွင် ဖွဲ့စည်းပြီး ၂၇ ရက်တွင် တရားဝင်ပါတီမှတ်ပုံတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၌ ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။

တပ်မ​တော် ကာကွယ်​ရေးဦးစီးချုပ်တာဝန်ထမ်း​ဆောင်ခဲ့စဥ်
တပ်မ​တော် ကာကွယ်​ရေးဦးစီးချုပ်တာဝန်ထမ်း​ဆောင်ခဲ့စဥ်

-သော်မွန် /People’s Spring

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက၊ဦးတင်ဦးသည် အသက်၉၈နှစ် အရွယ် တွင် ယနေ့ (ဇွန် ၁ ရက်) မနက် ၈ နာရီ ၄၅ မိနစ်၌ ကွယ်လွန်သွားသည်။

ရုပ်ကလပ်ကို ဗဟန်းမြို့နယ်၊ ဗောဓိရိပ်သာလမ်း ၊အမှတ်(၃၀) ရှိ​ နေအိမ်၌ထားရှိပြီး ဇွန် ၅ ရက် (ဗုဒ္ဓဟူးနေ့)တွင်ဂူသွင်း​ သဂြိုလ်မည်ဖြစ်ပြီး အချိန်ကို ထပ်မံအသိပေးပါမည်ဟု ၈၈ မျိုးဆက်​ခေါင်း​ဆောင်တစ်ဦးဖြစ်​​သော ဦးမြ​အေးက အသိ​ပေးထားသည်။

ဦးတင်ဦးသည် လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်၏ ယုံကြည်ရ​​သော ​ပါတီခေါင်း​ဆောင်တစ်ဦးဖြစ်ပြီးရှစ်​လေးလုံး လူထုအ​ရေး​တော်ပုံမှ စ၍ ဒီမိုက​ရေစီအ​ရေးအတွက် လူထုနှင့် အတူရပ်တည်ကာ ခက်ခဲ​​သောကာလများကို ရဲဝံ့စွာဖြတ်​ကျော်ခဲ့သူဖြစ်သည်။ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်တာဝန်ထမ်း​ဆောင်ခဲ့ဖူးပြီး လူထုနှင့်အတူရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို ​တော်လှန်ခဲ့သည့်မြန်မာ့နိုင်ငံ​ရေးတွင်ရှားပါး​ ကာကွယ်​ရေးဦးစီးချုပ်ဖြစ်သည်။

Public Service Announcement

Public Service Announcement

သူရဦးတင်ဦးသည်၁၉၂၇ မတ်လ ၁၂ ရက်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ ဖွားမြင်ခဲ့သည်။ အသက် ၁၆ နှစ်အရွယ်မှာပင် ၁၉၄၃ ၌ ဗမာ့ကာကွယ်ရေးတပ်မတော်(BDA)တပ်သားအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ဇွန် ၁ ရက်နံနက်တွင် ကွယ်လွန်သွား​သော ဦးတင်ဦး
Vice-Chairman of the National League for Democracy (NLD) U Tin Oo at the NLD office in Rangoon, joins Burma’s former political prisoners in demanding the release of all political prisoners currently incarcerated in Burma’s notorious prisons. U Tin Oo has spent more than 13 years in prison and under house arrest. He was released from his latest sentence in February 2010 and continues to work tirelessly to achive democracy and national reconciliation in Burma in spite of threats and oppression from the ruling

၁၉၄၇ တွင် ဗမာ့သေနတ်ကိုင်တပ်ရင်း-၁ ၌ ဒုဗိုလ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၄-၅၅ တွင် မြန်မာသို့ကျူးကျော်ဝင်ရောက်လာသည့် တရုတ်ဖြူ(ကူမင်တန်)တပ်များကို ရွပ်ရွပ်ချွံချွံတိုက်ထုတ်ခဲ့၊ သူရဘွဲ့ရရှိပင်ရရှိခဲ့သည်။

၁၉၅၉ နိုဝင်ဘာ ၁၅ ရက်တွင် ဒေါက်တာတင်မိုးဝေနှင့် အိမ်​ထောင်ပြုခဲ့သည်။

၁၉၆၂ မတ်လ ၂ ရက် ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းသည့်နေ့တွင် ဗိုလ်မှူးကြီးသူရတင်ဦးမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးအဖြစ် မော်လမြိုင်မြို့၌ တာဝန်ထမ်းဆောင်နေသည်။၁၉၇၄ မတ်လ ၁ ရက်မှ ၁၉၇၆ မတ်လ ၆ ရက်အထိ ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၄ မတ်လ ၈ ရက်တွင် ပြည်ထောင်စုသမ္မတဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော် ပထမအကြိမ်အစည်းအဝေးက သူရဦးတင်ဦးကို ဗိုလ်ချုပ်ကြီးရာထူးဖြင့် ကာကွယ်ရေးဦးစီးချုပ်ရာထူးပေးအပ်ခဲ့သည်။ ထိုစဥ်က၎င်းသည် အသက် ၄၇ နှစ်အရွယ်သာ ရှိ​သေးသည်။

ဇွန် ၁ ရက်နံနက်တွင် ကွယ်လွန်သွား​သော ဦးတင်ဦးနှင့် NLD ​ခေါင်း​ဆောင်တစ်ဦးအဖြစ် ​ဒေါ်​အောင်​ဆန်းစုကြည် အနီးတွင်​တွေ့ခဲ့ရစဥ်
ဇွန် ၁ ရက်နံနက်တွင် ကွယ်လွန်သွား​သော ဦးတင်ဦးနှင့် NLD ​ခေါင်း​ဆောင်တစ်ဦးအဖြစ် ​ဒေါ်​အောင်​ဆန်းစုကြည် အနီးတွင်​တွေ့ခဲ့ရစဥ်

၁၉၇၆ မတ်လတွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီး ၁၉၇၇ တွင် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရသည်။၁၉၈၈ သြဂုတ် ၈ ရက် ရှစ်​လေးလုံးလူထုအရေးတော်ပုံတွင် တပ်မှူးဟောင်းများပါဝင်သည့် မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့၌ ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၈ သြဂုတ် ၂၇ ရက် ရန်ကုန်မြို့ ဆေးရုံကြီးရှေ့ လူထုဟောပြောပွဲ၌ စည်းရုံးမိန့်ခွန်းပြောကြားခဲ့သည်။

၁၉၈၈ သြဂုတ် ၂၉ ရက်တွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့(ယာယီ)တွင် အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့ပြီး စက်တင်ဘာ ၁၀ ရက်တွင် ထိုအဖွဲ့မှ နုတ်ထွက်ခဲ့သည်။

၁၉၈၈ စက်တင်ဘာ ၂၄ ရက်တွင် ဖွဲ့စည်းပြီး ၂၇ ရက်တွင် တရားဝင်ပါတီမှတ်ပုံတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၌ ဒုတိယဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၈ ဒီဇင်ဘာ ၁၀ ရက်တွင် ဥက္ကဌဦးအောင်ကြီး နုတ်ထွက်သွားသဖြင့် သူရဦးတင်ဦးမှာ ဥက္ကဌဖြစ်တာဝန်ထမ်း​ဆောင်ခဲ့သည်။

၁၉၈၉ ဇူလိုင် ၂၀ ရက်တွင် နေအိမ်အကျယ်ချုပ် ဖမ်းဆီးခံရ၊ ဒီဇင်ဘာ ၂၄ ရက်တွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရခဲ့ရပြီး ပြစ်ဒဏ်ပြည့်ခါနီးတွင် နောက်ထပ် ၇ နှစ် ချမှတ်ခံရကာ၁၉၉၅ တွင် အင်းစိန်အကျဥ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

၁၉၉၅ အောက်တိုဘာ ၉ ရက်တွင် ပြန်လည်ဖွဲ့စည်းသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၌ ဒုတိယဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ စစ်အစိုးက ​နေအိမ်အကျယ်ချုပ်ချထားရာမှ ၂၀၁၀ ဖေဖော်ဝါရီတွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက် ခဲ့သည်။

ဇွန် ၁ ရက်နံနက်တွင် ကွယ်လွန်သွား​သော ဦးတင်ဦးနှင့် NLD ​ခေါင်း​ဆောင်တစ်ဦးအဖြစ် ​ဒေါ်​အောင်​ဆန်းစုကြည် အနီးတွင်​တွေ့ခဲ့ရစဥ်
ဇွန် ၁ ရက်နံနက်တွင် ကွယ်လွန်သွား​သော ဦးတင်ဦးနှင့် NLD ​ခေါင်း​ဆောင်တစ်ဦးအဖြစ် ​ဒေါ်​အောင်​ဆန်းစုကြည် အနီးတွင်​တွေ့ခဲ့ရစဥ်

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲများတွင် NLD ပါတီအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးဟောပြောခဲ့သည်။

၂၀၁၇ မေလ ၁၈ ရက်တွင် ရေချိုးခန်းအတွင်း ချော်လဲကာ ဦးနှောက်သွေးကြောပိတ် လေဖြတ်ရောဂါဝေဒနာခံစားခဲ့ရသည်။

ဘဝသက်တမ်းတ​လျှောက် ​ပြောင်​မြောက်သည့်စွမ်း​ဆောင်ချက်များနှင့် ဂုဏ်သတင်း​ကျော်​ဇောမှု​ကြောင့် ကျန်းမာ​ရေးမ​ကောင်း၍ အိမ်၌ အနားယူ​နေ​​သော ဦးတင်ဦးကို ၂၀၂၁ အာဏာသိမ်းစစ်အုပ်စု နှင့် စစ်တပ်​ထောက်ခံ​​သောပုဂ္ဂိုလ်တို့ က မကြာခဏ နိုင်ငံ​ရေးအရ အသုံးချရန် ကြိုးစားခဲ့​သေးသည်။ ထို​ကြောင့်​နောက်ဆုံးတွင် ဦးတင်ဦး၏ ​နေအိမ်​ရှေ့တွင် ဧည်သည်လက်မခံ​တော့​ကြောင်းပင် ​ရေးသားအသိ​ပေးခဲ့သည်။

( ဇွန် ၁ ရက်နံနက်တွင် ကွယ်လွန်သွား​သော ဦးတင်ဦးနှင့် NLD ​ခေါင်း​ဆောင်တစ်ဦးအဖြစ် ​ဒေါ်​အောင်​ဆန်းစုကြည် အနီးတွင်​တွေ့ခဲ့ရစဥ် / တပ်မ​တော် ကာကွယ်​ရေးဦးစီးချုပ်တာဝန်ထမ်း​ဆောင်ခဲ့စဥ်။ဓါတ်ပုံ-World Press ၊​အေဂျင်စီများ )

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် မီဒီယာတွေကလည်း ရိုင်ဆီ သေဆုံးသွားပြီလို့ ဖော်ပြကြပေမယ့် အစိုးရဆီက တရားဝင် ကြေညာချက်တော့ ထွက်ပေါ်မလာသေးပါဘူး။

သတင်း

ကချင်သတင်းရင်းမြစ်တစ်ဦးကလည်း “အသဲလို့ ပြောတယ်။ လွန်ခဲ့တဲ့အပတ်ကတော့ ဆုတောင်း ကူညီပေးကြဖို့ ဆိုပြီးမှ ဖိတ်ခေါ်တဲ့ဟာ နည်းနည်းကြားလိုက်မိတယ်။ သတိထားလိုက်မိတယ်” ဟု ပြောသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။