Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သင်္ဃန်းညီနောင်ဗျူဟာ ရန်သူ့လက်ဝယ်ပြန်မရောက်ရေး အတိတ်ကအရေးနိမ့်ခဲ့သည့် နယ်စပ်တိုက်ပွဲနှစ်ခုကို သင်ခန်းစာယူရန် KNLA တပ်မှူးသတိပေး

စစ်ကောင်စီအနေဖြင့် အဆိုပါတိုက်ပွဲတွင် စစ်ရေးအရ သော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း၊ ဂုဏ်သိက္ခာအရသော်လည်းကောင်း ကြီးမာစွာ ထိခိုက်လျက်ရှိနေကြောင်း ဗိုလ်မှူးချုပ်စောတာမလာသောက ပြောသည်။

(၂၀၂၄ ဧပြီ ၅ရက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင် ဗျူဟာသိမ်းပိုက်ပြီးနောက် ရရှိသောလက်နက်များနှင့် မတ်လ ၉ရက်တွင် သင်္ဃန်းညီနောင်ရဲစခန်းကို KNLA ပူးပေါင်းတပ်များ သိမ်းခဲ့စဉ်။ ဓာတ်ပုံ - KNU၊CJ)
(၂၀၂၄ ဧပြီ ၅ရက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင် ဗျူဟာသိမ်းပိုက်ပြီးနောက် ရရှိသောလက်နက်များနှင့် မတ်လ ၉ရက်တွင် သင်္ဃန်းညီနောင်ရဲစခန်းကို KNLA ပူးပေါင်းတပ်များ သိမ်းခဲ့စဉ်။ ဓာတ်ပုံ - KNU၊CJ)

▪️အာရှလမ်းမစစ်ပွဲမှာ ကရင့်တော်လှန်ရေး အောင်မြင်ရေးတစ်ခုအပါအဝင်ဖြစ်၍ အမှားမခံဘဲ ရန်သူ့၏ ထိုးစစ်ရိုက်ချိုးနိုင်ရေး ကျရာကဏ္ဍမှပါဝင်ရန် တိုက်တွန်း

” ရန်သူဖန်တီးသော သတင်းတွေအပေါ် စီးမျောမနေဘို့ အရေးကြီးပြီး မိမိရန်သူမတိုးပွားလာစေရန်လည်း သတိချပ်ဘို့လိုအပ်သည်” – ဗိုလ်မှူးချုပ်စောတာမလာသော

ဟန်နွေ/People’s Spring

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)ဦးဆောင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူထားသည့် မြ၀တီမြို့နယ် သင်္ဃန်းညီနောင်ဗျူဟာ စစ်ကောင်စီထံ မပြန်မရောက်ရေး အတွက် ၁၉၈၈ ကာလက နယ်စပ်တိုက်ပွဲ နှစ်ခုကို သင်ခန်းစာယူရန် KNLA စစ်ဦးစီးမှူး၊ ပထမတန်း ဗိုလ်မှူးချုပ်စောတာမလာသောက တိုက်တွန်းပြောကြားသည်။

အာရှလမ်းမကြီးတွင် စစ်ရေးလှုပ်ရှားမှု ဖြစ်ပေါ် လာခြင်း အပေါ် အကြောင်းပြု၍ လှုပ်ရှားမှုအား ပံ့ပိုးကူညီနိုင်ရေး ရံပုံငွေရှာဖွေပေးမည့် Campaign – တောနော် အစီအစဉ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်ဦးစီးမှူး၊ ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသောက ဂုဏ်ပြု နှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာ ယင်းပြောကြားချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ခဲ့သည်။

(၂၀၂၄ ဧပြီ ၅ရက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင် ဗျူဟာသိမ်းပိုက်ပြီးနောက် ရရှိသောလက်နက်များနှင့် မတ်လ ၉ရက်တွင် သင်္ဃန်းညီနောင်ရဲစခန်းကို KNLA ပူးပေါင်းတပ်များ သိမ်းခဲ့စဉ်။ ဓာတ်ပုံ - KNU၊CJ)
(၂၀၂၄ ဧပြီ ၅ရက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင် ဗျူဟာသိမ်းပိုက်ပြီးနောက် ရရှိသောလက်နက်များနှင့် မတ်လ ၉ရက်တွင် သင်္ဃန်းညီနောင်ရဲစခန်းကို KNLA ပူးပေါင်းတပ်များ သိမ်းခဲ့စဉ်။ ဓာတ်ပုံ – KNU၊CJ)

KNLA ဦးဆောင်မှုဖြင့် ပူးပေါင်းတိုက်ပွဲဝင်ကြသော တော်လှန်ရေးရဲဘော်၊ရဲဘက် ခေါင်းဆောင်များမှ အောက်ခြေရဲဘော်အထိ မျက်နှာချင်းဆိုင်တိုက်ခိုက်ခြင်းအားဖြင့်သော်လည်းကောင်း၊ စစ်နည်းပရိရာယ်အားဖြင့်သော်လည်းကောင်း အခန်းကဏ္ဍအလိုက် အကောင်းဆုံး ကြိုးပမ်းအားထုတ် ခြင်းကြောင့် ရန်သူ၏ စစ်ဗျူဟာ အခြေချ (စဗခ -သင်္ဃန်းညီနောင်)အား သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ကရင့်တော်လှန်ရေးသမိုင်းတလျောက်လုံးတွင် (၁၂၂ မမ) အမြောက် ၂လက် ရရှိထားသည်အထိ ယခုကဲ့သို့ အောင်မြင်မှုမျိုး မရှိသေးသည့်အတွက် ကရင်လူမျိုးတို့အတွက် ဂုဏ်ယူစရာဖြစ်ကြောင်း KNLA တပ်မှူးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် အဆိုပါတိုက်ပွဲတွင် စစ်ရေးအရ သော်လည်းကောင်း၊ နိုင်ငံရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်းကောင်း၊ ဂုဏ်သိက္ခာအရသော်လည်းကောင်း ကြီးမာစွာ ထိခိုက်လျက်ရှိနေကြောင်း ဗိုလ်မှူးချုပ်စောတာမလာသောက ပြောသည်။

အာရှလမ်းပေါ်ရှိ ရန်သူ၏ မဟာဗျူဟာမြောက် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အတွက် စစ်ကောင်စီအတွက် သေရေးရှင်ရေး တမျှ အရေးကြီးသည် ဖြစ်၍ စစ်ကောင်စီ၏ ဒုတိယအမြင့်ဆုံးခေါင်းဆောင် မော်လမြိုင်တွင် လာရောက်ကွပ်ကဲကာ တပ်အင်အား ၊ စက်ယန္တရား၊ တိုက်လေယာဉ်၊ စစ်သင်္ဘော အစရှိသည်တို့ကို စုပုံ၍ နိုင်ငံတော်အဆင့် စစ်ဆင်ရေး အစီအမံ ဖြင့် ၎င်းတို့ ရည်မှန်းချက်ကို တည့်မတ်စွာဆောင်ရွက်နေကြောင်း KNLA တပ်မှူးက ပြောသည်။

ထို့ကြောင့် KNLA ဦးဆောင်တိုက်ခိုက်မှုဖြင့် ရရှိထားသော သင်္ဃန်းညီနောင်ဗျူဟာအား ရန်သူ့လက်ဝယ်သို့ ပြန်လည်မရောက်ရှိရေး တော်လှန်ရေးသမိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် ဘုရားသုံးဆူ တိုက်ပွဲနှင့် မယ်သဝေါနယ်စပ် တိုက်ပွဲ ၂ခု အပေါ် သက်ခန်းစာ ယူသင့်ကြောင်း ၎င်းက အကြံပြုသည်။

(၂၀၂၄ ဧပြီ ၅ရက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင် ဗျူဟာသိမ်းပိုက်ပြီးနောက် ရရှိသောလက်နက်များနှင့် မတ်လ ၉ရက်တွင် သင်္ဃန်းညီနောင်ရဲစခန်းကို KNLA ပူးပေါင်းတပ်များ သိမ်းခဲ့စဉ်။ ဓာတ်ပုံ - KNU၊CJ)
(၂၀၂၄ ဧပြီ ၅ရက်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ဃန်းညီနောင် ဗျူဟာသိမ်းပိုက်ပြီးနောက် ရရှိသောလက်နက်များနှင့် မတ်လ ၉ရက်တွင် သင်္ဃန်းညီနောင်ရဲစခန်းကို KNLA ပူးပေါင်းတပ်များ သိမ်းခဲ့စဉ်။ ဓာတ်ပုံ – KNU၊CJ)

၁၉၈၈ ဘုရားသုံးဆူတိုက်ပွဲတွင် စစ်အာဏာရှင်နှင့် တိုက်ရသည် စစ်ပွဲမဟုတ်ဘဲမဟာမိတ်အကြား နယ်မြေလုရာမှ တင်းမာမှုဖြစ်ကာ လက်နက်ကိုင်ပဋိပက္ခအဆင့်သို့ ရောက်ရှိသွားကာ နောက်ဆုံး ဘုရားသုံးဆူသည် ရန်သူစစ်အာဏာရှင် လက်ထဲသို့ ရောက်ရှိ သွားခြင်းဖြစ်သည်ဟု ပြောပြသည်။

မယ်သဝေါတိုက်ပွဲသည်လည်း ၁၉၈၈တွင် ဖြစ်ပွားခဲ့ရာ ရန်သူက တန်ပြန်ထိုးစစ်ဆင်ရာ၌ ဒေသရှိ စစ်တိုင်းမှ ကွပ်ကဲသော စစ်ဆင်ရေး မဟုတ်ဘဲ စစ်ရုံးချုပ်မှ ဗိုလ်ချုပ်မောင်လှက နိုင်ငံတော်အဆင့် အနေဖြင့် ကွပ်ကဲစေကာ လက်နက်ကြီးမြောက်များစွာ ပို့ဆောင်ပစ်ခတ် ချေမှုန်းခြင်းကြောင့် KNLA တပ်ဖွဲ့များ အချိန်တိုအတွင်း စခန်းအား လက်လွှတ်ဆုံးရှုံးလိုက်ရသည်ဟု ရှင်းပြသည်။

အဆိုပါ နယ်စပ်တပ်စခန်း တိုက်ပွဲ ၂ခုအပေါ် သင်္ခန်းစာ ယူကာ ရန်သူ၏ မဟာဗျူဟာ ပစ်မှတ်သို့ တည့်မိတ်စွာ ချီတက်တိုက်ခိုက်ရန် လိုအပ်ကြောင်း ဗိုလ်မှူးချုပ်စောတာမလာသောက ပြောသည်။

“ ရန်သူဖန်တီးသော သတင်းတွေအပေါ် စီးမျောမနေဘို့ အရေးကြီးပြီး မိမိရန်သူ မတိုးပွားလာစေရန် လည်း သတိချပ်ဘို့လိုအပ်သည်။ ရန်သူ စစ်အာဏာရှင် အမြန်ဆုံးကျဆုံးရေးအတွက် မိမိတို့မှ မဟာဗျူဟာနှင့် နည်းဗျူဟာ ရှိရန်လိုအပ်သည်။” ဟုလည်း ဗိုလ်မှူးချုပ်စောတာမလာသောက ပြောကြားခဲ့သည်။

စစ်ကောင်စီက သင်္ဃန်းညီနောင်ပြန်ရရေး ထိုးစစ်ဆောင်ရွက်ရာ၌ စစ်ကောင်စီ ဘက်တော်သားလော်ဘီများက တော်လှန်ရေးဘက်တော်သားအဖြစ် သရုပ်ဆောင်ပြီး သတင်းမှန်အချို့ နှင့် မွှေနှောက်လုပ်ကြံ သတင်းကို ဖန်တီးကာ စိတ်ဓာတ် စစ်ဆင်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်ဖြန့်ဝေလျက်ရှိကြောင်း၊ ယင်းသို့လုပ်ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များဘက်သို့ ထောက်ခံသည့် အင်အားစုများက ရန်သူဘက်တော်သားများ၏ သတင်းအပေါ် လိုက်ပါပြီး စိတ်ပျက်လက်ပျက် ဖြစ်နေချိန် ရန်သူက ၎င်းတို့ မဟာဗျူဟာကို အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်စောတာမလာသောက ရှင်းပြ သတိပေးသည်။

ထို့ပြင် ရန်သူ စစ်သားများစိတ်ဓာတ်ရေးရာမှာ ကျဆင်းသော်လည်း လက်နက်နှင့်အရင်းအမြစ် ရှိနေသဖြင့် ရေရှည်စစ်ကို ဆင်နွှဲကာ မိမိတို့ ကျည်ခဲယမ်းအား ဦးစွာပြုန်းတီးစေပြီးမှ တိုက်ခိုက်ချေမှုန်းရန် ယုံမှား သံသယမရှိဟု KNLA တပ်မှူးက ပြောသည်။

“၎င်းတို့၏ စစ်ရေး မဟာဗျူဟာနှင့် စစ်နည်းဗျူဟာအား အထင်သေး၍ မရပါ။ အာရှလမ်းမပေါ်ရှိ စစ်ပွဲသည် ကရင့်တော်လှန်ရေးအောင်မြင်ရေးအတွက် အမှတ်သင်္ကေတ လက္ခဏာများ အထဲတစ်ခု အပါအဝင် ဖြစ်သဖြင့် အထက်မှာ ရည်ညွှန်းထားတဲ့နယ်စပ်တိုက်ပွဲအဖြစ်သို့ အရောက်မခံဘဲ သင်္ခန်းစာယူကာ နောက်တစ်ဖန်အမှားမခံဘို့ အရေးကြီးသည်။ အသံဗလံ အမျိုးမျိုးရှိနေသော်လည်း မိမိတို့သည် ရန်သူ၏ မဟာဗျူဟာအား တည့်တည့်မတ်မတ် ရှုမြင်ကာ ၎င်း၏ ထိုးစစ်ကို ရိုက်ချိုးနိုင်ရန် မိမိတို့ ကျရာ အခန်းကဏ္ဍတွင် လက်တွဲကာ စုပေါင်းပါဝင်ကြပါစို့လို့ အသိပေးရင်းနိဂုံးချုပ်အပ်ပါသည်” ဟု ဗိုလ်မှူးချုပ်စောတာမလာသောက ပြောကြားသည်။

KNLA ပူးပေါင်းတပ်များသည် သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်ရင်းများကို မတ်လ ၇ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ စစ်ဆင်ရေးအစနေ့၌ပင် ခမရ(၃၅၅) တပ်ရင်းကို သိမ်းနိုင်ခဲ့သည်။ ထို့နောက် မတ်လလယ်တွင် ခမရ(၃၅၆)၊ ဧပြီလဆန်းတွင် ခမရ(၃၅၇) တပ်ရင်းအပါအဝင် သင်္ဃန်းညီနောင် တစ်ခုလုံးကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ဗျူဟာမှူး အပါအဝင် အရာရှိ စစ်သည် နှင့် တပ်မိသားစုဝင် ၆၀၀ ကျော် လက်နက်ချ အညံ့ခံခဲ့သည်။ အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ကြီးငယ်မျိုးစုံ အများအပြား သိမ်းပိုက်ရရှိခဲ့သည်။

ဧပြီ ဒုတိယ အပတ်တွင် မြ၀တီမြို့အနီး ခလရ(၂၇၅) ကိုပါ KNLAပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက မြ၀တီမြို့၌ လေကြောင်း၊ လက်နက်ကြီး ပစ်ကူများ အသုံးပြုတိုက်ခိုက်ခဲ့သည့်အပြင် စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်းဦးဆောင်သည့် အောင်ဇေယျအမည်ရှိ ထိုးစစ်ဖြင့် သင်္ဃန်းညီနောင်နှင့် မြ၀တီကို ဦးတည်သည့် ထိုးစစ်ဆင်နွှဲခဲ့သည်။

ထို့ကြောင့် ခလရ(၂၇၅)ကို လက်လွှတ်ကာ အာရှလမ်းတလျောက်တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေးမှ စစ်ကူစစ်ကြောင်းများကို KNLA ပူးပေါင်းတပ်က ဖြတ်တောက် တိုက်ခိုက်လျက်ရှိကာ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ KNLA ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ အောင်ဇေယိစစ်ကြောင်းမှာ ဒေါနတောင်ပေါ် တောနောရေတံခွန်အကျော် ဘုရားကုန်း၌ အထိနာကာတစ်လခွဲကျော်ကြာသည်အထိ ရှေ့မတိုးနိုင်ဘဲ စစ်ကောင်စီတပ်သေဆုံးထိခိုက်များပြားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် ပြည်သူ များအနေနှင့် ပဲခူးရိုးမအတွင်း သွားလာမှုများ မပြုကြရန် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ က အသိပေးထားသည်။

သတင်း

အကျဉ်းထောင်မှ လွတ်မြောက်လာသူများသည် ၎င်းတို့နေထိုင်ရာ ကျေးရွာများတွင် သွားရောက် နေထိုင်နေကြပြီဖြစ်သည့်အပြင် AAက ဆက်လက်ကူညီ ထောက်ပံ့လျက်ရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီက ဒေါနတောင်ပေါ်၌ ရောက်ရှိနေသော အောင်ဇေယျစစ်ကြောင်းနှင့် မြဝတီမြို့သို့ရောက်ရှိနေသော စစ်ကြောင်းတို့က တော်လှန်ရေးတပ်ဖွဲ့များအား နှစ်ဘက်ညှပ်တိုက်ခိုက်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီက ဒေါနတောင်ပေါ်၌ ရောက်ရှိနေသော အောင်ဇေယျစစ်ကြောင်းနှင့် မြဝတီမြို့သို့ရောက်ရှိနေသော စစ်ကြောင်းတို့က တော်လှန်ရေးတပ်ဖွဲ့များအား နှစ်ဘက်ညှပ်တိုက်ခိုက်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။