Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာ့​ငွေ​ကြေးပြိုကျမှု၊ နိုင်ငံခြားအရန်​ငွေနည်းပါမှု၊ ကျပ်​ငွေ​ဖောင်းပွမှု​တွေဟာ နက်ရှိုင်းတဲ့ စီးပွား​ရေးအကြပ်အတည်းဆီဆွဲချ​နေ​ကြောင်း NUG ​ပြော

စစ်ကောင်စီကတော့ ဒေါ်လာစျေးတွေ၊ ရွှေစျေးတွေ မြင့်တက်အောင် နောက်ကွယ်က ကြိုးကိုင်နေသူတွေကို အရေးယူမယ်လို့ ကြေညာခဲ့ပြီး ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ရွှေဆိုင်လုပ်ငန်းရှင် တချို့ကို ဖမ်းဝရမ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

(ပြည်သူအများစုဟာ ​နေ့စဥ် စားဝတ်​နေ​ရေးအတွက်ပိုခက်ခဲကြပ်တည်း​နေချိန်မှာ စစ်​ကောင်စီက​တော့ နိုင်ငံစီးပွား​ရေးဟာပိုတိုးတက်လာတယ်လို့ဆို​နေပါတယ်။ ဓါတ်ပုံ-CJ)
(ပြည်သူအများစုဟာ ​နေ့စဥ် စားဝတ်​နေ​ရေးအတွက်ပိုခက်ခဲကြပ်တည်း​နေချိန်မှာ စစ်​ကောင်စီက​တော့ နိုင်ငံစီးပွား​ရေးဟာပိုတိုးတက်လာတယ်လို့ဆို​နေပါတယ်။ ဓါတ်ပုံ-CJ)

▪︎NUG ​ပြောကြားချက်​တွေကို ဗိုလ်ချုပ်​ဇော်မင်းထွန်းငြင်းဆိုပြီး စစ်​ကောင်စီထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်​တွေကိုပဲကိုးကားသင့်ဟုဆို

People’s Spring

မြန်မာ​ငွေ​ကြေးပြိုကျမှု၊ နိုင်ငံခြား​အရန်​ငွေ ဆိုးဆိုးရွားရွား ယုတ်လျော့လာမှုနဲ့ ငွေကြေးဖောင်းပွမှုတွေဟာ မြန်မာ့စီးပွားရေးကို ပိုမိုနက်ရှိုင်းတဲ့ အကြပ်အတည်းဆီ ဆွဲချနေတယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)က​ပြောပါတယ် ။

၂၀၂၁ ခုနှစ်နဲ့ယှဉ်ရင် လက်ရှိအခြေအမှာ မြန်မာကျပ်ငွေ တန်ဖိုးဟာ ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားသလို ဒေါ်လာ အရံ​ငွေဟာလည်း ၃.၈ ဘီလီယံဖိုးလောက်သာ ကျန်တော့တယ်လို့ NUG စီမံကိန်း၊ဘဏ္ဍာ​ရေးနဲ့ ရင်းနှီးမြှပ်နှံမှု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဆိုပါတယ်။

နိုင်ငံရဲ့ စိုးရိမ်စရာ အခြေအနေမျိုး စီးပွားရေး ကျဆင်းမှုတွေနဲ့ ပတ်သက်လို့ ဇွန်လ ၃ ရက် ညနေပိုင်းက NUGရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်အပြင် NUGအတွက် စီးပွားရေး မူဝါဒ အကြံပေးပုဂ္ဂိုလ်အဖြစ် ကူညီနေသူ ဩစတြေးလျ နိုင်ငံသား စီးပွားရေး ပညာရှင် ရှောင်တာနဲလ်ကပါ စစ်ကောင်စီလက်ထက် မြန်မာ့စီးပွားရေး ဆုတ်ယုတ်မှု အခြေအနေတွေနဲ့ နောက်ခံ အကြောင်းတရားတွေကို ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း မြန်မာ့ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်တွေကို စစ်ကောင်စီက ထုတ်ပြန်ကြေညာမှုတွေ ရပ်ဆိုင်းလိုက်တဲ့နောက် အဲဒီကဏ္ဍအတွက် နောက်ဆက်တွဲ ကိုးကားစရာ စာရင်းအင်း ကိန်းဂဏန်းတွေ မရှိတော့တာကြောင့်လည်း NUGရဲ့ သတင်းစာ ရှင်းလင်းပွဲကို နိုင်ငံတကာ သတင်းဌာနတွေနဲ့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက စိတ်ဝင်တစား တက်ရောက်ခဲ့ပါတယ်။

NUGရဲ့ သတင်းစာ ရှင်းလင်းပွဲနဲ့ ပတ်သက်ပြီးBloomberg သတင်းဌာနက စစ်ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းတဲ့ အခါမှာ သူက အဲဒီ အချက်အလက်တွေဟာ အခြေအမြစ် မရှိကြောင်း ငြင်းဆိုပြီး နိုင်ငံ စီးပွားရေး မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခဲ့တာလို့ စွပ်စွဲသွားပါတယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိန်းဂဏန်း အချက်

အလက်တွေကို စစ်​ကောင်စီရဲ့ အစိုးရ ဌာနတွေ၊ အဖွဲ့အစည်းတွေက တရားဝင် ထုတ်ပြန်တဲ့ဆီကပဲ ကိုးကားသင့်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုပါတယ်။

စစ်​ကောင်စီက မတ်လကုန်မှာ ပြီးဆုံးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ​ရေးနှစ်နဲ့ ပတ်သက်တဲ့ အချက်အလက်​တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ထုတ်ပြန်ခဲ့တာမှာ နိုင်ငံစီးပွား​ရေးဟာ ၃ ဒသမ ၄ ရာခိုင်နှုန်း​တောင် ဖွံ့ ဖြိုးခဲ့ပြီး​တော့ နိုင်ငံခြားအရန်​ငွေ ​ဒေါ်လာ ၁၂ ဘီလီယံရှိတယ်လို့ စစ်​ကောင်စီကဆိုပါတယ် ။ဒါ​ပေမယ့် ​ငွေ​ကြေး​ဖောင်းပွမှုဟာ ၂၄ ဒသမ ၄ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပြန်ပါတယ် ။

စစ်​ကောင်စီက နိုင်ငံ GDP ဟာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ​ရေးနှစ်မှာ ၃ ရာခိုင်နှုန်း​ကျော် တိုးတက်ခဲ့တယ်ဆိုတာကို စီးပွား​ရေးလုပ်ငန်းရှင်​တွေ​ရော ၊ပြည်သူ​တွေ​ရော မယုံကြည်ကြပါဘူး။ လျှပ်စစ်မီးပိုပျက်လာတာ ၊ ​ငွေ​ပိုဖောင်းပွပြီး ကုန်​ဈေးနှုန်း​တွေကြီးမြင့်လာ ပြီး စားဝတ်​နေ​ရေးအတွက်​တောင် ပိုခက်ခဲ ကြပ်တည်းလာတယ်လို့ပြည်သူ​တွေက​ပြော​နေကြတာပါ။

စစ်ကောင်စီဟာ စစ်ပွဲတွေ ဆက်လက် ဆင်နွှဲဖို့အတွက် လိုအပ်တဲ့ စစ်အသုံးစရိတ် ပြဿနာကို ရေတိုကုစား ဖြေရှင်းတဲ့ အနေနဲ့ ငွေစက္ကူတွေ လွန်လွန်ကျွံကျွံ ရိုက်နှိပ် ထုတ်ဝေနေခြင်းက ငွေကြေးဖောင်းပွမှုရဲ့ အဓိက အကြောင်းတရား တစ်ခုလို့လည်း NUGက ဝေဖန် ထောက်ပြခဲ့ပါတယ်။စစ်​ကောင်စီဟာ အာဏာသိမ်းပြီး​နောက်ပိုင်း ဘက်ဂျက်လို​ငွေ​တွေကို ​သွေစက္ကူအများအပြားရိုက်ထုတ်တဲ့နည်းနဲ့​ဖြေရှင်း​နေပြီး ၃ နှစ်နဲ့ ၃ လအတွင်းမှာ ကျပ်​ငွေ ဘီလီယံ​ပေါင်း ၃၀,၀၀၀ ခန့်ရိုက်ထုတ်ခဲ့တယ်လို့ ဦးတင်ထွန်းနိုင်က​ပြောပါတယ် ။

NUGက ထုတ်ပြန်သွားတဲ့ အချက်အလက်တွေထဲမှာ ပြည်ပရောက် မြန်မာတွေက ပြည်တွင်းကို ငွေပြန်လွှဲပေးတဲ့ ပမာဏဟာ လစဉ် ဒေါ်လာ သန်း ၁၀၀ လောက် ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့တယ် ဆိုတာမျိုးတွေလည်း ပါဝင်ပါတယ်။

​ရှောင် တာနဲလ်ကတော့ နိုင်ငံရေး မတည်ငြိမ်မှုဟာ ငွေကြေးဖောင်းပွမှုတွေကို ဖြစ်ပေါ်စေတဲ့ ငွေလဲနှုန်း ကျဆင်းမှုတွေကို အတိုင်းအတာ တစ်ခုထိ တွန်းအားပေးနေကြောင်း မှတ်ချက်ပြုခဲ့ပြီး မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ တခြားနိုင်ငံ အများစုထက် သိသိသာသာ မြင့်မားနေတယ်လို့ သတိပေးသွားပါတယ်။ စစ်ကောင်စီဟာ ဘတ်ဂျတ်လိုငွေ ပြမှုတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ငွေစက္ကူအသစ်တွေ ရိုက်ထုတ်တဲ့ နည်းနဲ့ ဖြေရှင်းခဲ့တဲ့အတွက် ကျပ်ငွေတန်ဖိုးအပေါ် အကြီးအကျယ် အထိနာသွားစေခဲ့တယ်လို့လည်း တာနဲလ်က ထောက်ပြခဲ့ပါတယ်။ နောက်ပြီး စစ်ကောင်စီက ကွဲပြားတဲ့ နေရာတွေနဲ့ ကဏ္ဍတွေအလိုက် ငွေလဲနှုန်းတွေ မတူညီဘဲ သတ်မှတ်တာမျိုးကလည်း အခြေအနေတွေကို ပိုဆိုးစေခဲ့တယ်လို့ တာနဲလ်က ​ထောက်ပြပါတယ်။

မြန်မာကျပ်​ငွေဟာ​ဖောင်းပွ​နေတာတစ်ခုတင်းတင်မကပဲ ကျပ်​ငွေနဲ့ဝယ်ယူလို့မရတဲ့ ကုန်ပစ္စည်း​​တွေပိုများလာပြီး ​မြန်မာ့​ကျပ်​ငွေဟာ ယုံကြည် အသိအမှတ်ပြုခံရမှုနည်းပါးပြီး ပြိုကျတာကိုလည်းပါ​မောက္ခ​ရှောင်က​​ပြောပါတယ်။ စစ်​ကောင်စီ​တောင် သူ့ဝယ်ချင်နဲ့လက်နက်ခဲယမ်း​တွေကိုကျပ်​ငွေနဲ့ ဝယ်မရ​တော့ဘူး လို့​နမူနာ​ပေး​ပြောပါတယ်။

ပြည်တွင်းမှာ ဒေါ်လာ အရောင်းအဝယ် စျေးကွက်က ပြိုလဲသွားမှာ မဟုတ်ပေမယ့် မဖြစ်မနေ မှောင်ခိုလုပ်ထုံးလုပ်နည်းတွေဆီ ကူးပြောင်းသွားလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

စစ်ကောင်စီကတော့ ဒေါ်လာစျေးတွေ၊ ရွှေစျေးတွေ မြင့်တက်အောင် နောက်ကွယ်က ကြိုးကိုင်နေသူတွေကို အရေးယူမယ်လို့ ကြေညာခဲ့ပြီး ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ရွှေဆိုင်လုပ်ငန်းရှင် တချို့ကို ဖမ်းဝရမ်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

ကိုးကား-Bloomberg

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အတွက် အရင်းအမြစ်တွေ အတတ်နိုင်ဆုံး ရှာဖွေပေးဖို့ ဆိုတာကပဲ စစ်ကောင်စီရဲ့ အဓိက အကျဆုံး ပင်မရည်မှန်းချက်၊ တွန်းအားတွေ ဖြစ်နေပါတယ်။ ဒီတော့ အရင်လို အတွေးအခေါ်ဟောင်းတွေက လက်ရှိမှာလည်း အလုပ်မဖြစ်တော့ပါဘူးလို့သူ့ကဆက်​ပြောပါတယ် ။

သတင်း

မောင်တောမြို့ (၄)မိုင် သီဟိုလ်ခြံနှင့် ငွေတောင်ကျေးအနီးတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၀ဦးသေဆုံးပြီး ၂၈ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Young Force UG အဖွဲ့က ဆိုသည်။

သတင်း

ဇွန်လ ၄ ရက် နံနက် ၁၀ နာရီခန့်က ဝိုင်းရွာရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားငါးဦးကို စခန်းမှအထွက် လမ်းကျဥ်းတစ်ခု၌ TNT အမျိုးအစားပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။