ဇူလိုင်-၂၆၊၂၀၂၅။မေ/People’s Spring
မန္တလေးမြို့အနီးက မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်မှာ သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီအထိုင်စခန်းတွေကိုပြန်ရဖို့ စစ်တပ်က အင်အားအများအပြားနဲ့ ပြန်ထိုးစစ်ဆင်နေပြီး ဝသုန္ဒရ ကျေးရွာအတွင်း မှာ ဇူလိုင် ၂၅ ရင်ကတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဒေသခံ အချို့ကပြောပါတယ်။
မန္တလေးမြို့ နန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကစစ်သားတွေနဲ့ ပျူခေါင်းဆောင်ပေါက်ကိုယ်တော်ရဲ့ လက်အောက်ခံပျူစောထီးတွေ ၊မြင်းခြံကပျူစောထီးတွေပူးပေါင်းပြီးပြန် ထိုးစစ်ပြန်ဆင်နေတာပါ ။ မန္တလေးမြို့နဲ့ မတ္တရာမြို့ကို အိမ်စီးကား တွေနဲ့ပါအသွားအပြန်လုပ်နေတာလို့ သိရပါတယ်။
“မနေ့က လေကြောင်းအကြိမ် ၅၀ လောက်ကြဲတယ်။မြကံသာ၊အယ်ဖာ၊သရက်ကုန်း ကျေးရွာတွေဘက်ကို ကြဲနေတာ။မြကံသာကို ပြန်ရတယ်လို့ စကစဘက်ကတင် တာက တော့သတင်း အမှားပါ”လို့ ဒေသခံတဦးက ပြောပါတယ်။ ဒါအပြင် စစ်တပ်ကလက်နက်ကြီးတွေနဲ့ နေရာစုံကနေ ပစ်ခတ်တိုက်ခိုက်နေတယ်လို့သိရပါတယ်။

Public Service Announcement

ဇူလိုင် ၂၅ ရင်မှာPDF တွေသိမ်းပိုက်ထားတဲ့ မြကံသာ ရွာနဲ့ နီးတဲ့ ဝသုန္ဒရရွာထဲမှာ စစ်သားတွေ အင်အား အများအပြားရောက်လာပြီးရွာက ဒေသခံ တွေက တော့ ရှောင်တိမ်းနေကြတယ်လို့ သိရပါတယ်။ အဲဒီနောက် တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတာပါ ။
စစ်တပ်က ဒဟတ္တောရွာအပါအဝင်အနီးဝန်းကျင်ကရွာတွေမှာ တပ်စွဲပြီး ပြည်သူတွေကို နှင်ထုတ်နေတယ်လို့ဒေသခံတွေကပြောပါတယ် ။
တိုက်ပွဲမှာ စစ်ကောင်စီဘက်ကသေဆုံး ဒဏ်ရာရသူများပြားပြီး သေဆုံးသူတွေကို ကြာနီကန်ဘက်ကို စည်ပင်ကားတွေနဲ့သယ်ပြီးတခါတည်း မီးရှို့သဂြိဟ်နေတယ်လို့ စုံစမ်းသိရပါတယ် ။ဒဏ်ရာရသူတွေကိုတော့မန္တလေးမြို့ဘက်ကိုပြန်သယ်တာပါ။
ဒါကြောင့် မန္တလေးနန်းတွင်း နဲ့ မတ္တရာမြို့နယ်ကားလမ်းတကြောကိုလည်း စစ်တပ်က ကား တွေ အသွားအပြန် ဆက်တိုက်လုပ် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF) နဲ့ မဟာမိတ်တပ်တွေက ဇူလိုင်၂၀ ရက်နေ့မှာမတ္တရာမြို့နယ် ထန်းပင်ကုန်းရွာနဲ့ ပုသိမ်ကြီးမြို့နယ်က သရက်ကိုင်းနဲ့ မြကန်သာကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့နောက်တန်းအထိုင်စခန်းတွေအားလုံးကို သိမ်းပိုက်ခဲ့ပါတယ် ။ အဲဒီရာတွေဟာ မန္တလေးကျုံးအတွင်းက လပခ နဲ့ ၁၅ မိုင်ဝန်းကျင်ပဲကွာဝေးပါတယ် ။
ဗိုလ်ကြီး၁ဦးအပါအဝင် စစ်သုံ့ပန်း၁၆ဦး ကိုအရှင်ဖမ်းမိခဲ့ပြီး စစ်သားအလောင်း ၁၅ ခုရရှိခဲ့ပြီး တရုတ်နိုင်ငံထုတ်လက်နက်ခဲယမ်းတွေ အပါအဝင်လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ပါတယ် ။ ဇူလိုင် ၂၁ ရက်ကနေ ဇူလိုင် ၂၄ ရက်အတွင်းတိုက်ပွဲတွေမှာလည်း စစ်တပ်က ဒုတိယဗျူဟာမှူးလို့ ယူဆရတဲ့ အရာရှိတစ်ဦး အပါအဝင် စစ်သားအလောင်း ၇ လောင်းနဲ့ လပ်နက်ခဲယမ်းတွေထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ မန္တလေးPDF ကထုတ်ပြန်ထားပါတယ်။
အဆိုပါ စစ်ဆင်ရေးကိုမန္တလေး PDF နဲ့အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပကဖ ၊SSTF တပ်ဖွဲ့တို့က ပူးတွဲဖော်ဆောင်ခဲ့တာလို့ အသိပေးထားပါတယ် ။
