close
Connect with us

Hi, what are you looking for?

သတင်း

ပအိုဝ်းတပ် PNLOဌာနချုပ်နယ်မြေကို စစ်ကောင်စီ လေကြောင်းမှ ဗုံးထပ်ကြဲ

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ဌာနချုပ်နယ်မြေကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၂၆ရက်)လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLO/PNLA တာဝန်ရှိသူများက ပြောသည်။

ပအိုဝ်းတပ် PNLOဌာနချုပ်နယ်မြေ တနေရာကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲအပြီးတွေ့ရစဉ်။ ဓာတ်ပုံ - PNLA

ဇူလိုင်-၂၆၊၂၀၂၅။ထားမြတ်/People’s Spring

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ဌာနချုပ်နယ်မြေကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၂၆ရက်)လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PNLO/PNLA တာဝန်ရှိသူများက ပြောသည်။

ဇူလိုင် ၂၆ရက် မွန်းလွဲ ၃နာရီခွဲကျော်တွင် တိုက်လေယာဉ် ၂စီးဖြင့် ဗုံးလာကြဲခြင်းဖြစ်သည်ဟု PNLO အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

“အထိအခိုက်တွေတော့မရှိဘူး။အဲဒီအချိန်မှာပဲ ဆီဆိုင်မြို့အရှေ့တောင်ဘက် စလောင်းထောင်ရွာ ပတ်ဝန်းကျင်လည်း လာကြဲတာရှိတယ်။ အဲဒီ မှာတော့ ထိခိုက်မှုရှိမရှိတော့ အသေးစိတ် မသိရသေးဘူး။ မြေပြင်က နေ ပို့တဲ့သတင်းကတော့ အဲဒီလိုမျိုးရပါတယ်”ဟု ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

Public Service Announcement

Public Service Announcement

PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကလည်း စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးလည်း ပါဝင်ကြောင်း ပြောသည်။

“ကွဲတဲ့အလုံးလည်းရှိတယ်။ မကွဲတဲ့အလုံးလည်းရှိတယ်။လူထိခိုက်မှုတော့ မရှိဘူး။ အဆောက်အဦးထိခိုက်မှုတော့ရှိပါတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ရေးလှုပ်ရှားမှုမရှိသည့် အခြေအနေနှင့် စစ်ရေးပစ်မှတ်မဟုတ်ဘဲ ကျေးရွာများကို စစ်ကောင်စီက တမင် လာရောက် ဗုံးကြဲခဲ့ဟု ၎င်းက ဆိုသည်။

“သူတို့ တမင်သပ်သပ်လေယာဉ်နဲ့ဗုံးကြဲတာ။ ဒါပထမ အခေါက်မဟုတ်ပါဘူး။ အရင်တုန်းကလည်း ကြဲဖူးတယ်။ ပြောရရင်တော့ တော်တော်ကို အောက်တန်းကျတဲ့လုပ်ရပ်လို့ပြောမယ်။ ပြည်သူလူထုတွေနေတဲ့နေရာတွေ ကျေးရွာဝန်းကျင်ကိုပါ ဗုံးကြဲတယ်ဆိုတော့လေ။ ပြောရရင် လူထုကို လေကြောင်းနဲ့ တိုက်ခိုက်တယ်လို့လည်း ပြောလို့ရပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီသည် ၂၀၂၅ ဧပြီ ၂၂ ရက်ကလည်း တိုက်ပွဲမရှိဘဲ PNLO ဌာနချုပ် ဧရိယာရှိ ကျေးရွာများနှင့် နောင်ထောင်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်​ကောင်စီက နောင်ချိုမြို့ကိုထိန်းချုပ်ပြီး ငါးရက်အကြာမှာ အာဏာသိမ်းဒုတိယ​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ​နောင်ချိုကို အရာတစ်ခုသယ်လာပါတယ်။ သူသယ်လာတာက ​အောင်​ဇေယျ စစ်ဆင်​ရေး ဆိုတဲ့အမည်ဖြစ်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့က ရွှေလိပ်ပြာဟိုတယ် လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မတ္တရာမြို့နယ် အ​ရှေ့ခြမ်းနဲ့ ပုသိမ်ကြီးမြို့နယ်အစပ်မှာတိုက်ပွဲ​တွေ ပြင်းထန်​နေချိန်မှာ စစ်​ကောင်စီတပ်က တရုတ်နိုင်ငံသားပိုင်တဲ့ Alpha ဘိလပ်​မြေ စက်ရုံကို ​လေ​ကြောင်းတိုက်ခိုက်မှု​တွေအပြင်းအထန်ပြုလုပ်​နေတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ် ။

သတင်း

စစ်စခန်းအနီးပြည်သူ​တွေ​ရှောင်ရှားကြဖို့ ၊ ပြည်​ထောင်စုလမ်းကိုမသုံးဖို့ ၊အိမ်အတွင်းပိတ်မိ​နေရင်ကျည်ကွယ်ရာ​နေဖို့

Facebook