close
Connect with us

Hi, what are you looking for?

သတင်း

တပတ်အတွင်း စစ်မှုထမ်းတပ်သားသစ် ၃၅ဦး အလင်းဝင်လာ

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေမှ တပ်သားသစ် ၃၅ဦးဟာ အခု ဇူလိုင်တတိယပတ်အတွင်း အလင်းဝင်လာတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီကနေ့(ဇူလိုင် ၂၈ ရက်)မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၃ ရက်က မုံရွာနမခမှ စစ်မှုထမ်းတပ်သားသစ် ၃ဦး မုံရွာပကဖထံ အလင်းဝင်လာစဥ်။ ဓာတ်ပုံ-မုံရွာ ပကဖ

ဇူလိုင်-၂၈၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေမှ တပ်သားသစ် ၃၅ဦးဟာ အခု ဇူလိုင်တတိယပတ်အတွင်း အလင်းဝင်လာတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီကနေ့(ဇူလိုင် ၂၈ ရက်)မှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ဇူလိုင်တတိယပတ်အတွင်း အလင်းဝင်လာသူ စုစုပေါင်း ၄၃ ဦးရှိတဲ့အနက် စစ်သား ၄၂ ဦးပါဝင်ကာ ကရင်ပြည်နယ်က ၃ ဦး၊ပဲခူးတိုင်းက ၇ ဦး၊ တနင်္သာရီတိုင်းက ၇ ဦး၊ မကွေးတိုင်းက ၁၁ ဦး၊ စစ်ကိုင်းတိုင်း ၅ ဦး၊ ရှမ်းပြည်နယ်နဲ့ မန္တလေး တိုင်းက ၂ ဦးစီ၊ ရန်ကုန်တိုင်း၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်တို့က ၁ ဦးစီရှိခဲ့ကာ ကချင်ပြည်နယ်က ရဲ ၁ ဦးလည်း အလင်းဝင်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် အလင်းဝင်သူစစ်သား ၄၂ ဦးအနက် ၃၅ ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီတစ်ပတ် အလင်းဝင်တွေထဲမှာ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား ပါဝင်လာတယ်လို့ ဆိုပါတယ်။

စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၂၅ ဦးရှိပြီး ၄ ဦးမှာ စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်ကြောင်း၊၎င်းတို့ဟာတနင်္သာရီတိုင်း၊ ချင်းပြည် နယ် ၊ ပဲခူးတိုင်း၊ မွန််ပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ ဖမ်းဆီးခံရတာဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က အသိပေးပါတယ်။

တော်လှန်ရေးတပ်ပေါင်းစုတွေဟာ အလင်းဝင်လာမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အသက်ကို အာမခံပေးနိုင်ကြောင်းနဲ့ ဆက်သွယ်မှုလမ်းကြောင်းတွေ ဖွင့်ပေးထားကြောင်း ပြည်သူ့ပန်းတိုင်က ထပ်မံ အသိပေးပါတယ်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ဇန်နဝါရီမှ ဇူလိုင် တတိယပတ်အထိ အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်းစုစု ပေါင်း ၁,၇၁၁ ဦးအထိရှိခဲ့ကြောင်း သိရပါတယ်။

စစ်ကောင်စီကလည်း စစ်မှုထမ်းအပတ်စဥ်(၁၆)ကို စတင်ဖို့ ကြိုးစားနေပြီး မန္တလေးမြို့၊ ဝမ်းတွင်းမြို့၊ မုံရွာမြို့နဲ့ စစ်ကိုင်းမြို့တွေမှာ အဓမ္မဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ တပ်သားသစ်တွေအနေနဲ့အခွင့်သာတဲ့ အချိန်တိုင်း တော်လှန်ရေးအင်အားစုတွေဆီ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးကူးပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရက(NUG)က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မအူပင်မြို့တွင် စစ်ကောင်စီထောက်ခံသူများဦးဆောင်ကျင်းပနေသည့် ဇတ်မင်းသားဖိုးချစ်၏ ဇာတ်ပွဲကိုကြည့်ပြီး ပြန်သည့်လူငယ်များကို ရဲတပ်ဖွဲ့ကက ဖမ်းဆီးကာ စစ်မှုထမ်းဥပဒေဖြင့် လူသစ်စုဆောင်းခဲ့သည်။

Facebook