close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့လယ်က အထင်ကရနေရာနှစ်ခုမှာ “တရားတဲ့သူသာ နိုင်ကြေးဟေ့”စာကပ်ပြီးလူထုလှုပ်ရှားမှုပြုလုပ်

စစ်ကောင်စီရဲ့လုံခြုံရေးတင်းကြပ်ထားတဲ့မန္တလေးမြို့လယ်ရှိ အထင်ကရနေရာနှစ်ခုမှာ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ပြောခဲ့တဲ့ “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာသား​တွေကို ကပ်ပြီး မြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှုပြုလုပ်ခဲ့တယ်ကိုတေဇာဆန်းကအသိပေးပါတယ် ။

ဓာတ်ပုံ-GSCB

ဇူလိုင်-၂၈၊၂၀၂၅။​​နေ့သစ်/People’s Spring

စစ်ကောင်စီရဲ့လုံခြုံရေးတင်းကြပ်ထားတဲ့မန္တလေးမြို့လယ်ရှိ အထင်ကရနေရာနှစ်ခုမှာ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ပြောခဲ့တဲ့ “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာသား​တွေကို ကပ်ပြီး မြို့ပေါ်လူထုတိုက်ပွဲလှုပ်ရှားမှုပြုလုပ်ခဲ့တယ်ကိုတေဇာဆန်းကအသိပေးပါတယ် ။

ဇူလိုင် ၂၈ ရက်နေ့မှာ မန္တလေးမြို့လယ်အထင်ကရနေရာများဖြစ်တဲ့ ကွန်ဗန်းရှင်းစင်တာ (Mandalay Convention Center) နဲ့ မန္တလေးတက္ကသိုလ်တို့မှာ “တရားတဲ့သူသာ နိုင်ကြေးဟေ့”၊ “ငုံ့မခံနဲ့ တုံ့ပြန်ကြ”၊ “ကျဆုံးသွားတဲ့ အာဇာနည်များကို မမေ့ကြနဲ့”စတဲ့ စာသားပါ စာရွက်တွေကို ကပ်ခဲ့ကြတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုက ဓာ​တ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။

“ပြည်သူ့တော်လှန်ရေးကြီးမှာ ပြည်သူသာလျှင် အဓိကပါ။ ပြည်သူလူထု ထောက်ခံပါဝင်နေသရွေ့ ဒီတော်လှန်ရေးက ရှေ့ကို ဦးတည်ရှေးရှုနေမှာပါပဲ။ ပြည်သူအားလုံးအနေနဲ့လည်း အာဏာရူးစစ်အုပ်စုကို “ငုံ့မခံဘဲ” ရရာနည်းနာနည်းလမ်းအစုံနဲ့ “တုံ့ပြန်” နေကြဖို့ လိုအပ်ပါတယ်။”လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အာဏာရှင်ကို ဆက်လက် တွန်းလှန်ကြရင်း ပြည်သူမှ ပြည်သူသို့ အပြန်အလှန် ဖေးကူကြရင်း တော်လှန်ခရီးကြမ်းကို အတူဆက်လက် ချီတက်ကြဖို့ကိုလည်း သပိတ်အင်အားစုက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စစ်ကိုင်းငလျင်ကြီး ၄ လပြည့်ချိန် အင်အားအသင့်တင့်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မန်းမြို့စျေးအနီးရှိ ရွှေနန်းသုခရွှေဆိုင်ဓားမြတိုက်ရာမှာ အသုံးပြုခဲ့တဲ့ ကားကို လမ်းဘေးမှာစွန့်ပစ်သွားတယ်လို့ သိရပါတယ်။

သတင်း

မန္တလေးမြို့အနီးက မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်မှာ သိမ်းပိုက်ခံလိုက်ရတဲ့ စစ်ကောင်စီအထိုင်စခန်းတွေကိုပြန်ရဖို့ စစ်တပ်က အင်အားအများအပြားနဲ့ ပြန်ထိုးစစ်ဆင်နေပြီး ဝသုန္ဒရ ကျေးရွာအတွင်း မှာ ဇူလိုင် ၂၅ ရင်ကတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဒေသခံ အချို့က​ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့မှာ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်တာ လေးလပြည့်ခါနီးချိန်၊ နောက်ဆက်တွဲအင်အားအသင့်အတင့်ရှိတဲ့ ငလျင်ငယ်နှစ်ခုတစ်ရက်ခြားလှုပ်ခတ်သွားလို့ ငလျင်သောက ပြန်ရောက်နေချိန်မှာပဲ မန္တလေးမြို့ အရှေ့မြောက်ဘက်ကနေ တအုန်းအုန်းအသံတွေ ကြားလိုက်​ရပါတယ်။

Facebook