close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းစစ်ဌာနချုပ်အောက်ရှိတပ်များအတွက် ကျည်ကာများပံ့ပိုးနိုင်ရေး ထောက်ပံ့ပေးရန် NUG ကာကွယ်ရေး နှိုးဆော်

မန္တလေးတိုင်းစစ်ဌာနချုပ်အောက်ရှိကာကွယ်ရေးတပ်ရင်းတပ်ဖွဲများအတွက်လိုအပ်သည့်ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ရန် ရည်ရွယ်ထားသည့် Road to Mandalay ထိုးစစ်ထောက်ပိုမန်းတိုင်းသို့ ကမ်ပိန်းတွင် ပါဝင်ပူးပေါင်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနကယနေ့ နှိုးဆော်သည်။

ဇူလိုင်-၃၁၊၂၀၂၅။​နေ့သစ်/People’s Spring

မန္တလေးတိုင်းစစ်ဌာနချုပ်အောက်ရှိကာကွယ်ရေးတပ်ရင်းတပ်ဖွဲများအတွက်လိုအပ်သည့်ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ရန် ရည်ရွယ်ထားသည့် Road to Mandalay ထိုးစစ်ထောက်ပိုမန်းတိုင်းသို့ ကမ်ပိန်းတွင် ပါဝင်ပူးပေါင်းပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနကယနေ့ နှိုးဆော်သည်။

“ထိုးစစ်ပြင်ဖို့ ကျည်ကာဆင် တို့မန်းတိုင်းတခွင်” ဟူသောရည်ရွယ်ချက်ဖြင့်မန္တလေးတိုင်းစစ်ဌာနချုပ်အောက်ရှိ ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များအတွက် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ရန် ရည်ရွယ်ထားတာဖြစ်ပါတယ်။” ဟု ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးထားသည်။

တော်လှန်ရေးကို အစဉ်တစိုက်ပါဝင်သူများနှင့် လေ့လာသူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများကို မိမိရင်သွေးကဲ့သို မှတ်ယူပြီးလိုအပ်သည့်ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းဖြင့် တော်လှန်ရေးအောင်မြင်ရေးအတွက် Forward Myanmar ၏ Road to Mandalay ကမ်ပိန်းမှတဆင့် တဖက်တလမ်းမှ ပူးပေါင်းပါဝင်ပေးကြရန် နှိုးဆော်ထားသည်။

Public Service Announcement

Public Service Announcement

RoadToMandalay ကမ်ပိန်းကို ဇူလိုင် နောက်ဆုံးပတ်တွင် စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီးကာကွယ်ရေးရဲဘော်များကိုကျည်ကာဦးထုပ်နှင့်ကျည်ကာဝတ်စုံများ တပ်ဆင်ပေးသွားမည်ဟု အသိပေးထားသည်။

ကျည်ကာဦးထုပ် တစ်လုံး ၅ သိန်း၊ ကျည်ကာဝတ်စုံ တစ်စုံ၁၀ သိန်း ဖြစ်၍တစုံ ၁၅သိန်းကျပ်ကျသင့်မည်ဖြစ်ပြီး တဦးချင်းဖြစ်စေ စုပေါင်း၍ ဖြစ်စေ နည်းများမဆို နိုင်သလောက်ကူနိုင်ကြောင်း Forward Myanmarက ကြေညာထားသည်။

“အဝေးက ပစ်မယ့်ပွဲ မဟုတ်တဲ့ အနီးကပ်ပစ်မယ့်ပွဲတွေ ၊ပြောက်ကျားစနစ်နဲ့ ကြိတ်မယ့်ပွဲမဟုတ်တဲ့ သူတင်ကိုယ်တင်ကြိတ်မယ့်ပွဲတွေ၊ပြည်သူ့တော်လှန်စစ်ရဲ့ဗျူဟာအခင်းအကျင်းနဲ့ ဗျင်းမယ့်ပွဲတွေ ဖော်ဆောင်နိုင်အောင် ကျည်ကာဦးထုပ်နဲ့ ကျည်ကာဝတ်စုံတွေ လိုအပ်ပါတယ်။” ဟု Forward Myanmar ကဆိုသည်။

Forward Myanmar အဖွဲ့၏ပထမဆုံးခြေလှမ်းဖြစ်သည့် မကွေးဆီသို့ကမ်ပိန်းမှ ကျပ်သိန်းပေါင်း တစ်သောင်းခန့် ထောက်ပို့ပေးနိုင်ခဲ့ပြီး မကွေးတိင်း စစ်ဌာန လက်အောက်ရှိ တပ်ရင်းများအတွက် အသက်ကယ်ဝတ်စုံ ၆၈၀ ခန့် ရရှိမည်ဟု လည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်​ရေးအစိုးရ ယာယီသမ္မတနှင့် ပြည်​ထောင်စုဝန်ကြီးများ ​မြေပြင်သို့ကွင်းဆင်းပြီး​ပြည်သူများ ၊ ​တော်လှန်​ရေးရဲ​ဘော်များနှင့်​တွေ့ဆုံခဲ့သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတိုင်းပြည်အနာဂတ်သည်တအာင်းတပ်မတော်(TNLA) အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်အပါအဝင် ခေါင်းဆောင်များ၏ ပုခုံးပေါ်ရောက်ရှိနေကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း အတူတူ ပူးပေါင်းလုပ်ဆောင်ကြစို့ဟု တုန့်ပြန်ပြောကြားခဲ့သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရမည်ကို အစိုးရအဖွဲ့ဝင်အားလုံးနားလည်ပြီး စွမ်းဆောင်ရည်တိုးတက်​​စေရန် နှင့် ကိုယ်စားပြုပါဝင်မှုမြင့်တက်​စေရန် ပြုပြင်ပြောင်းလဲမှုများလုပ်နေပြီဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့်မဟာဓာတ်အားလိုင်းထိမှန်ပျက်စီးပြီး တစ်မြို့လုံးလျှပ်စစ်မီးသုံး ပတ်နီးပါး ပြတ်တောက်နေကာ ဒေသခံတွေ အခက်​တွေ့နေကြပါတယ်။